cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ငရုတ်စိုက်ပျိုးနည်း

. Cultivation Methods
မြေအမျိုးအစားမရွေးစိုက်ပျိုးနိုင်ပြီးသဲနုန်းမြေသည်အကောင်းဆုံးဖြစ်သည်။အသင့်တော်ဆုံးမြေချဉ်ငံဓါတ်သည်(၅.၅-၇) အတွင်းဖြစ်သည်။
  • မြန်မာအမည်    -  ငရုတ် 

    အင်္ဂလိပ်အမည် - Chilli / Pepper 

    ရုက္ခဗေဒအမည်- Capsicum spp 

    မျိုးရင်းအမည်   -Solanaceae 

    ငရုတ်အမျိုးအစားများ 

    ငရုတ်ကိုသာမာန်အားဖြင့်(၂)မျိုးခွဲနိုင်သည်။ငရုတ်အစပ်မျိုးနှင့်ငရုတ်အချိုမျိုးဖြစ်သည်။ငရုတ်သီးစပ်ရခြင်းမှာ(Capsaicin)ဓါတ်ပါဝင်မှုကြောင့်ဖြစ်သည်။မျိုးအလိုက်အချို့ငရုတ်သည်မိုးပေါ်သို့ထောင်သီးပြီး၊အချို့မှာအောက်သို့စိုက်၍သီးပါသည်။ငရုတ်သီးပုံသဏ္ဌာန်မှာလည်းအရှည်၊အပု၊လုံးဝိုင်းပုံအမျိုးမျိုးရှိကြသည်။ 

    မြေအမျိုးအစား 

    မြေအမျိုးအစားမရွေးစိုက်ပျိုးနိုင်ပြီးသဲနုန်းမြေသည်အကောင်းဆုံးဖြစ်သည်။အသင့်တော်ဆုံးမြေချဉ်ငံဓါတ်သည်(၅.၅-၇) အတွင်းဖြစ်သည်။ 

    ရာသီဥတု 

    ပူနွေးသောရာသီဥတုကိုကြိုက်နှစ်သက်၍မိုးရေချိန်(၂၅‒၅၀)လက်မအထိရွာသွန်းသောဒေသတွင်စိုက်ပျိုးရန်သင့်တော်သည်။ငရုတ်သည်ပူပြင်းသောဒဏ်ကိုခံနိုင်သော်လည်းအသီးဖြစ်ထွန်းမှုနည်းသည်။မြန်မာနိုင်ငံအထက်ပိုင်းတွင်ရာသီမရွေးစိုက်ပျိုးကြသည်။မြန်မာနိုင်ငံအောက်ပိုင်းဒေသတွင်ဆောင်းရာသီ၌စိုက်ပျိုးနိုင်သည်။အပူချိန်(၂၀-၃၀)ºCတွင်အကောင်းဆုံးဖြစ်ထွန်းပြီး(၁၅)ºCအောက်နိမ့်၍၊(၃၂)ºCထက်မြင့်လျှင်အပင်ကြီးထွားမှုနှေးကွေးပြီးသီးထွက်လျော့နိုင်ပါသည်။ 

    မျိုးစေ့နှုန်း 

    စိုက်ပျိုးသည့်စနစ်ကိုမူတည်၍တစ်ဧကလျှင်မျိုးစေ့(၅၀-၁၀၀)ဂရမ်လိုအပ်ပါသည်။ 

    မြေသြဇာကျွေးခြင်း 

    တစ်ဧကနှုန်း 

    နွားချေး (၁)တင်းခွဲအိတ်    (၅၀၀)အိတ် 

    ယူရီးယား (၅၀)ကီလို           (၂)      အိတ် 

    တီစူပါ (၅၀)ကီလို           (၁)      အိတ် 

    ပိုတက်ရှ် (၅၀)ကီလို           (၁)      အိတ် 

    စိုက်ပျိုးချိန် 

    အမျိုးအမည်     ပျိုးထောင်ချိန်                         စိုက်ချိန်                                        ခူးဆွတ်ချိန် 

    မိုးကြိုငရုတ်        ဖေ-မတ်                 ဧပြီ-မေ                                  ဇူလိုင်-သြဂုတ် 

    မိုးငရုတ်                ဧပြီ-မေ                 ဇွန်                                             စက်တင်ဘာ 

    ဆောင်းငရုတ်        အောက်တိုဘာ                 နိုဝင်ဘာ                                        ဖေ-မတ် 

    ပျိုးထောင်ခြင်း 

    ပျိုးဘောင်ကိုသေချာစွာပြုပြင်ပြီး(၆)လက်မကွာအတန်းလိုက်အစေ့ချပျိုးထောင်ပါ။ပူပြင်းသောရာသီတွင်ပျိုးဘောင်ကိုအမိုးပြုလုပ်ပေးရန်လိုပါသည်။မြေတွင်းအောင်းပိုးနှင့်ပုရွက်ဆိတ်ကာကွယ်ရန်ပျိုးဘောင်တွင်မြေအောင်းပိုးသတ်ဆေးအားဆေးညွှန်းပါအတိုင်းထည့်ပေးပါ။အစိုဓါတ်မပြတ်စေရန်ရေမှန်မှန်လောင်းပေးပါ။ 

    စိုက်ပျိုးခြင်း 

    ပျိုးသက်(၃၀‒၄၅)ရက်သားအရွယ်(အရွက်စစ်၅‒၇ရွက်)တွင်စိုက်ပါ။မိုးရာသီတွင်ပျိုးသက်ကို(၂)လအထိထားနိုင်ပါသည်။မျိုးအလိုက်အပင်အကွာအဝေးကွာခြားပါသည်။တန်းကြားပင်ကြား(၃'‒၁.၅')ဖြင့်စိုက်ပျိုးပါကတစ်ဧကအပင်ဦးရေ(၉၆၈၀)ဝင်ဆံ့ပါသည်။ညနေတွင်ရွေ့ပြောင်းစိုက်ပါ။အပင်စိုက်စဉ်တွင်အမြစ်ကိုမြေထဲသို့ဖြောင့်တန်းစွာရှိနေစေရမည်။ 

    အပင်ပြုစုခြင်း 

    ရွှေ့စိုက်ပြီး(၂၀)ရက်သားတွင်ပေါင်းလိုက်ပါ။စိုက်ပြီးတစ်လသားတွင်ယူရီးယားအိတ်ဝက်ထည့်၍မြေတောင်မြှောက်ပေးပါ။ရက်(၆၀)သားတွင်ယူရီးယားအိတ်ဝက်ထပ်မံထည့်၍မြေတောင်မြှောက်ပါ။အသီးတင်အားကောင်းရန်ပထမဆုံးပွင့်သည့်ပန်းပွင့်အားခြွေပေးသင့်ပါသည်။ 

    ရေသွင်းခြင်း 

    မြေတွင်းအစိုဓါတ်နည်းသွားပါကအပွင့်အသီးများကြွေကျတတ်၍ရေသွင်းပေးပါ။(မှတ်ချက်-ရေများပြီးရေဝပ်လျှင်အပင်သေနိုင်သည်။) 

    ပိုးမွှားရောဂါကာကွယ်ခြင်း 

    ငရုတ်တွင်အဓိကကျရောက်သောရောဂါများမှာကိုင်းဖျားခြောက်ရောဂါ၊အသီးမှဲ့ပြောက်စွန်းရောဂါနှင့်ဘတ်တီးရီးယားပင်ညှိုးရောဂါများဖြစ်ပါသည်။ကိုင်းဖျားခြောက်နှင့်မှဲ့ပြောက်စွန်းဖြစ်စေသောမှိုသည်မျိုးစေ့ဆောင်ရောဂါဖြစ်၍မျိုးစေ့ကိုမျိုးစေ့လူးနယ်ဆေးနှင့်ဆေးညွှန်းပါအတိုင်းအသုံးပြုစိုက်ပျိုးပါ။ပင်ညှိုးရောဂါကာကွယ်ရန်ငရုတ်ပျိုးပင်များကိုမှိုသတ်ဆေးအားဆေးညွှန်းပါအတိုင်းဖျော်၍ဖျန်းပါ။စိုက်ခင်းတွင်သီးထိုးယင်၊သရစ်ပိုးနှင့်သီးလုံးဖေါက်ပိုးတို့ကျရောက်တတ်သဖြင့်ပိုးစတွေ့လျှင်တွေ့ချင်းသင့်တော်သည့်ပိုးသတ်ဆေးကိုအညွှန်းပါအတိုင်းပက်ဖျန်းပါ။ 

    ခူးဆွတ်ခြင်း 

    အစိမ်းအဖြစ်ခူးမည်ဆိုပါကအစိမ်းရင့်ချိန်(သို့)အရောင်ပြောင်းစအချိန်တွင်ခူးပါ။အခြောက်အဖြစ်ခူးမည်ဆိုပါကအနီရောင်ကောင်းမွန်စွာပြောင်းပြီးမှခူးဆွတ်ပါ။အသီးများကို(၅)ရက်တစ်ကြိမ်ခူးရန်လိုအပ်ပါသည်။ 

    အထွက်နှုန်း 

    ငရုတ်တစ်ဧကလျှင်ငရုတ်ခြောက်(၇၀၀‒၁၀၀၀)ပိဿာ၊ငရုတ်အစိုသည်အခြောက်ထက်(၃‒၄)ဆခန့်အထွက်ပိုပါသည်။ငရုတ်သီးအစိုများကိုအပူချိန်(၅၀)°Cရှိရေနွေးတွင်(၃)မိနစ်မှ(၅)မိနစ်ခန့်ထိစိမ်ပေးပြီးနေရောင်ဖြင့်အခြောက်ခံနိုင်ပါသည်။အခွံပွ၍အတောင့်ကြီးသောမျိုးကိုရေနွေးဖျောပြီးမှသာအခြောက်ခံကြသည်။ 

    မျိုးစေ့ထုတ်ယူနည်း 

    မျိုးစေ့ခံမည့်အပင်အားရွေးချယ်ပြီးနောက်အသီးများကောင်းစွာရင့်မှည့်ချိန်တွင်ခူးဆွတ်ပြီးမျိုးစေ့ထုတ်ယူပါ။မျိုးစေ့ကိုအခန်းတွင်းအရိပ်အောက်၌အခြောက်ခံပါ။ 

    ငရုတ်အထွက်နှုန်းတိုးစေရန် ဆောင်ရွက်ရမည့်အချက်များ 

    ၁။ရေမြေဒေသနှင့်ကိုက်ညီသောမျိုးများမှဖလံဖြူကင်းပြီးအရောင်လှပသည့်အသီးမှမျိုးစေ့ကိုရွေးချယ်၍စိုက်ပျိုးပါ။ 

    ၂။မြေကိုထယ်ရေးနက်နက်၊ညက်ညက်ထွန်ပြီးရေသွင်းရေထုတ်မြောင်းများစနစ်တကျဖော်၍ဆောင်ရွက်ပါ။ 

    ၃။တစ်ဧကလျှင်အပင်ပေါက်နှုန်းကောင်းမွန်သည့်မျိုးစေ့(၅၀‒၁၀၀)ဂရမ်နှုန်းအသုံးပြု၍ပျိုး ထောင်စိုက်ပျိုးပါ။ 

    ၄။ပင်ကြား၊တန်ကြား(၂'x၂')(သို့မဟုတ်)(၃'x၁.၅')အကွာအဝေးဖြင့်အပင်(၈၀၀၀မှ၁၀၀၀၀)ဝင်ဆံ့အောင်လေးကွက်ကြားစနစ်ဖြင့်စိုက်ပျိုးပါ။ 

    ၅။တစ်ဧကလျှင်နွားချေးတစ်တင်းခွဲအိတ်(၅၀၀)အိတ်၊ယူးရီးယား(၅၀)ကီလိုအိတ်(၂)အိတ်၊တီစူပါ(၁)အိတ်၊ပိုတက်ရှ်(၁)အိတ်နှုန်းထည့်သွင်းပေးပါ။ 

    ၆။ပျိုးသက်(၃၀‒၄၅)ရက်သားတွင်စိုက်ခင်းသို့ရွှေ့ပြောင်းစိုက်ပျိုးပါ။ရွှေ့ပြောင်းစိုက်ပြီးတစ်လအတွင်းကြားပေါင်းလိုက်ခြင်း၊ဘောင်တင်ခြင်းနှင့်အပင်ပြုပြင်ခြင်းကိုဆောင်ရွက်ပါ။ 

    ၇။ရွှေ့ပြောင်းစိုက်ပျိုးချိန်တွင်စိုက်ခင်း၌အစိုဓါတ်မပြတ်စေရန်အထူးဂရုပြုရပါမည်။အပင်လှန်ချိန်အထိအစိုဓါတ်မပြတ်စေရန်ပန်းစတင်ပွင့်ချိန်တွင်ရေသွင်းပေးခြင်းလုပ်ငန်းကိုအထူး ဆောင်ရွက်ပါ။ 

    ၈။ပိုးမွှားရောဂါတွေ့လျှင်တွေ့ချင်းသင့်တော်သည့်ပိုးသတ်ဆေး၊မှိုသတ်ဆေးများကိုအညွှန်းပါအတိုင်းပက်ဖျန်းပါ။ 

    ၉။ငရုတ်ခြောက်အရည်အသွေးကောင်းရရှိစေရန်အတွက်ပန်းပွင့်ပြီး(၆‒၈)ပါတ်အကြာတွင် ကောင်းစွာရင့်မှည့်၍အနီရောင်သန်းသောငရုတ်သီးများကိုသာဆွတ်ခူးပါ။ 

    စိုက်ပျိုးရေးဦးစီးဌာန 


  • article
likes
12
comments
0
views
2858