ကျန်းမာသန်စွမ်းသော ဗမာနွားမွေးမြူနည်း
- ➤မွေးမြူရေးလုပ်ငန်းအောင်မြင်ရန် - -မျိုးကောင်းမျိုးသန့်များရွေးချယ်မွေးမြူပါ။ - -အာဟာရညီညွတ်မျှတစွာ ပါဝင်သော အစားအစာကို လုံလောက်စွာကျွေးမွေးပါ။ - -စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ပါ။ - -ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ပါ။ - -ခိုင်မာသော ဈေးကွက်ရှိပါစေ။ - ➤မွေးမြူနည်းစနစ်များ - (၁) လွှတ်ကျောင်းစနစ် - (၂) ခြံလှောင်စနစ် - (၃) လွှတ်ကျောင်းနှင့် ခြံလှောင်ပူးတွဲစနစ် - ➤မြေနေရာရွေးချယ်ခြင်း - -ရေဝပ်ရေကြီးခြင်းမရှိသောနေရာ။ - -မိုးရေနှင့် အညစ်အကြေးစီးဆင်းမှုလွယ်ကူစေရန် ကုန်းမြင့်သောနေရာ။ - -လူနေအိမ်နှင့် သီးခြားဖြစ်သောနေရာ။ - ➤အဆောက်အဦးလိုအပ်ချက် - -မည်သည့်စနစ်ကိုကျင့်သုံး၍ မွေးသည်ဖြစ်စေ၊ ခြံအဆောက်အဦးကို ဆောက်လုပ်ပေးပါ။ - -နွားတစ်ကောင်အတွက် အလျား(၇)ပေ၊ အနံ(၄)ပေ၊ အမြင့်(၈)ပေ အကျယ်အဝန်း ထားရှိပါ။ - -နွားကောင်ရေများပါက မျက်နှာချင်းဆိုင် (သို့) ဖင်ချင်းဆိုင်၍ အလယ်မှလူသွားရန်အတွက် ၃ပေခန့်အကျယ် လမ်းထားရှိပါ။ - -နံနက်ခင်း နေရောင်ရရှိနိုင်ရန်နှင့် မွန်းလွဲနေမကျစေရန် ဆောင်ရွက်ပါ။ - -အပူဒဏ်ခံနိုင်ရန် အမိုးကို ဓနိ/သက်ကယ်မိုးပါ။ - -နွားတင်းကုပ် လေဝင်လေထွက် ကောင်းပါစေ။ - -ကြမ်းပြင်သည်ချောမနေရ၊ သန့်ရှင်းမှုပြုလုပ်ရန် လွယ်ကူသော ကြမ်းခင်းဖြစ်ပါစေ။ - ➤နွားထီးကျွေးမွေးစောင့်ရှောက်ခြင်း - နှမ်းဖတ်- ၂၅ကျပ်သား - မြက်ခြောက်၊ ကောက်ရိုး၊ ပဲမှော်- ၄ပိဿာ - ဆား- ၁ကျပ်သား - ရောနှောကျွေးမွေးရန်။ - ➤ခိုင်းနွားအထီးတစ်ကောင်အတွက် တစ်နေ့အစာ - ဆန်ဖွဲနု၅၅ ကျပ်သား - နှမ်းဖတ်(ဝါ) ပဲဖတ်၅၅ကျပ်သား - ဆား၃ ၁/၂ ကျပ်သား - -အလုပ်များသောရာသီတွင် အစာကြမ်းအခြောက်(၅)ပိဿာ အထိကျွေးမွေးရန်။ - -နွားစာအစိမ်းနှင့် နွားစာအစိုဖြစ်ပါက (၄)ဆမျှကျွေးရမည်ဖြစ်သဖြင့် [(၅)ပိဿာအစား (၂၀) ပိဿာကျွေးရန်။] - -အစာကို တစ်နေ့လျှင် (၂)ကြိမ်ခွဲကျွေးရန်၊ - -အလုပ်ခိုင်းပြီး တစ်နေ့ ဖွဲနုတစ်ပြည်စီကျွေးပေးပါက ကိုယ်အလေးချိန်လျော့နည်းခြင်းမရှိပါ။ - -အလုပ်နည်းသောရာသီတွင် လွှတ်ကျောင်းချိန်ရသဖြင့် မြေပဲဖတ်(ဝါ) နှမ်းဖတ် (၂၇.၅)ကျပ်သား၊ ကောက်ရိုး၊ ပြောင်းရိုးနှင့် နွားစာခြောက်(၃.၃)ပိဿာတို့ကို အစာလျှော့ကျွေးပါ၊ ဖွဲနုကျွေးရန်မလိုပါ။ - ➤နွားမကြီးစာ - နှမ်းဖတ်၂၅% - တစ်နေ့နို့(၄)ပိဿာပေးနွားမအတွက် အစာ(၃)ပိဿာနှုန်းကျွေးရန်။ - ဖွဲနု၂၅% - ဆန်ကွဲ၂၃% - စပ်စာတွင် ဆား ဝ.၅ - ၁% ထိထည့်ကျွေးရန်။ - ပဲခွံ၁၇% - ပဲဖွဲ (ပဲမှုန့်)၁၀% - အစာကြမ်းကို တစ်နေ့ ၁၁-၁၆ ပိဿာခန့် ကျွေးပေးရန်၊ ရေအလုံအလောက်ထားပေးရန်။ - စုစုပေါင်း၁၀၀% - ➤မျိုးစပ်ခြင်း - သဘာဝသားစပ်နည်းဖြင့်လည်းကောင်း၊ မေထုန်မဲ့သားစပ်နည်းဖြင့်လည်းကောင်း သားစပ်နိုင်ပါသည်။ - -နွားမဒန်းသားစပ်ရန် အကောင်းဆုံးအချိန်- ၁၅ - ၁၈ လ - -နွားငယ်လေးများနို့ခွဲခြင်း- အသက်(၆)လမှ (၈)လ - -နွားထီးသင်းကွပ်ခြင်း- အသက်(၄)ပတ်မှ (၁၂)ပတ် - -နွားမတစ်ကောင်၏ မြိုင်ကြားကာလ- ၂၁ ရက် - -နွားမတစ်ကောင်၏ မြိုင်ပေါ်ကာလ- ၃ ရက် - -နွားမတစ်ကောင်၏ ဇီးကာလ- ၂၈၀ - ၂၈၅ ရက် - -နွားလေးမွေးပြီး နွားမကြီးအား သားစပ်ရန် - အကောင်းဆုံးအချိန်- မွေးပြီးရက် (၆၀)ခန့် - -သားပေါက်ခါနီးရက်(၆၀) အလိုသို့ ရောက်ပါက နွားမအား နို့မညှစ်သင့်ပါ။ - ➤သားမွေးစဉ်စောင့်ရှောက်ခြင်း - -သားမွေးရန် တစ်ပတ်အလိုခန့်မှစ၍ သန့်ရှင်းခြောက်သွေ့သော အခန်းတွင် သီးခြားထားပါ။ - အစာနု လျှော့ကျွေးပါ။ - ➤မွေးဖွားကာနီး နွားမတွင်တွေ့ရသောလက္ခဏာများ - -အစာစားလိုစိတ်နည်းသွားခြင်း။ - -လှဲလိုက် ထလိုက် ဂဏှာမငြိမ်ဖြစ်ခြင်း။ - -အမတန်ဆာ ကြီးလာခြင်း/ အချွဲများကျခြင်း။ - -နို့အုံတွင် နို့များပြည့်လာခြင်း/ တင်းလာခြင်း။ - -မကြာခဏအော်ခြင်း / ညှစ်ခြင်း။ - ➤မွေးဖွားလာသည့် နွားငယ်ကလေးပြုစုခြင်း - -နွားငယ်လေး၏ ပါးစပ်၊ နှာခေါင်းတို့တွင်ရှိသော အချွဲများ ဖယ်ရှားပေးပါ။ - -အသက်မရှုနိုင်ပါက ပါးစပ်အတွင်းသို့ လေမှုတ်သွင်းပေးပါ။ - -ချက်ကြိုးအလွန်ရှည်ပါက အရက်ပျံစိမ်ထားသော ကြိုးဖြင့် ချက်ကြိုးအရင်းမှ (၃)လက်မခန့်ခွာ၍ချည်ပြီး ဖြတ်ပေးပါ။ တင်ချာအိုင်အိုဒင်း သုတ်ပေးပါ။ - -ရေမွှာပေါက်ပြီး သားမမွေး နိုင်လျှင်လည်းကောင်း၊ သားမွေးပြီး (၂၄)နာရီကျော်သည်အထိ အချင်းမကျသေးလျှင်လည်းကောင်း တိရစ္ဆာန်ဆေးကုဆရာဝန်ထံ အကူအညီတောင်းခံပါ။ - ➤နွားငယ်မွေးမြူစောင့်ရှောက်ခြင်း - -နွားလေးမွေးပြီး (၇၂)နာရီအတွင်း နို့ဦးရည်ကို သောက်စို့စေရန်။ - -နွားကလေး၏ ကိုယ်အလေးချိန်(၁၀)ပိဿာလျှင် နို့တစ်ပိဿာ နှုန်းနှင့်မှန်း၍ တိုက်ကျွေးရန်။ - -အသက်(၂)လကျော်ပါက ဖွဲနု ၃၄%၊ နှမ်းဖတ် ပဲဖတ်မှုန့် ၃၀%၊ ဆန်ကွဲ(သို့) ပြောင်းမှုန့် ၃၀%၊ ဆား ၁%၊ ခရုမှုန့် ၅% အစာနု စပ်၍နံနက်(၂၅)ကျပ်သား၊ ည (၂၅)ကျပ်သား ကျွေးမွေးပေးရန်။ - -နို့တစ်ဝက်လျှော့တိုက်ရန်။ - -မြက်စိမ်းကို တစ်နေ့လျှင် (၂၅)ကျပ်သားခန့်ကျွေးရန်။ - Ref: စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန - ထွက်တိုး - ------ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
