cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ငါးရှဉ့်မွေးမြူရာတွင် သတိပြုရမည့်အချက်များ

. Fish Articles
ငါးရှဉ့်များအစာကြွေးရာတွင် ပုတ်သိုးနေသောအစာများ မကြွေးမိစေရန်သတိပြုပါ။ မိုးရာသီတွင် လယ်ကွင်းများတွင် ဖျက်စီးနေသော ရွှေခရုကို အစာအဖြစ်ကြွေးနိုင်ပါသည်။
  •          ဧရာဝတီတိုင်း ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းများတွင် မိုးတွင်းကာလတွင် ငါးရှဉ့်သားပေါက်များ ပေါများစွာရရှိကြပါသည်။ ခဲတန်လုံးအရွယ်ငါးရှဉ့်များသည် ဈေးကွက်တွင် ဈေးမရခြင်း နှင့် အရွယ်မရောက်သေးသဖြင့် ဖမ်းဆီးရောင်းချနေခြင်းသည် ရေရှည်တွင် ငါးရှဉ့် သယံဇာတ လျော့နည်းသွားနိုင်ပါသည်။ အဆိုပါ ငါးရှဉ့်သားပေါက်များကို တနိုင်တပိုင် ပြန်လည်မွေးမြူပါက ( ၄-၅)လ အတွင်း ရောင်းတမ်းဝင် ငါးရှဉ့်များ ရရှိလာပါမည်။ ငါးရှဉ့်မွေးမြူနည်းကို ယခင်အပတ်များတွင် တင်ပြခဲ့ပါသည်။ သို့သော် သတိပြုရမည့်အချက်များကို ဆက်လက်တင်ပြအပ်ပါမည်။

             ငါးရှဉ့်သည် တွင်းဖောက်နိုင်သဖြင့် မြေကန်ဖြင့် မမွေးမြူသင့်ပါ။ အုတ်ကန်၊ တာပေါ်လင်ကန်များဖြင့်သာ မွေးမြူရန် တင်ပြခဲ့ပါသည်။ အုတ်ကန်တည်ဆောက်ပါက ကုန်ကျစရိတ်များပြားနိုင်သဖြင့် တာပေါ် လင်ကန်ပြုလုပ် မွေးမြူနိုင်ပါသည်။ တာပေါ်လင်သုံးရာတွင် မြေတူးပြီး တာပေါ်လင်းခင်းခြင်းနှင့် တာပေါ်လင် ကို ခြင်ထောင်ပုံစံချုပ်ပြီး တည်ကန်အဖြစ်ဆောင်ရွက်နိုင်ပါသည်။

             ကန်၏ အောက်ခြေတွင် ရေထုတ်ပေါက်ထားရှိရမည်ဟု ပါရှိသဖြင့် တာပေါလင်ဖြင့် ကန်တည် ဆောက်ပါက မြေလွှာပုံ၏တခြားတဖက်တွင် PVC ပိုက်အတွင်းအရစ်ပါပိုက်ဆက်တခုအား ပုံပါသည့် အတိုင်း တာပေါ်လင်အောက်ခြေတွင် အပေါက်ဖောက်ပြီးတပ်ဆင်ပေးရပါမည်။

             ငါးရှဉ့်သားပေါက်များ စုဆောင်းထည့်သွင်းရာတွင် ငါးရှဉ့်ဖမ်းသူများထံမှ မေးမြန်းစစ်ဆေးပြီးမှ ငါးရှဉ့်သားပေါက်များကို စုဆောင်းဝယ်ယူပါ။ မဆာလာ နှင့်ပရုပ်တို့ကို အစာတွင်ထည့်သွင်းပြီး ငါးရှဉ့်အစာလုပ်ပြီး ဖမ်းယူထားသော ငါးရှဉ့်များကို မစုဆောင်းရပါ။ အဆိုပါငါးရှဉ့်များ ထည့်သွင်းမွေးမြူပါက ကန်အတွင်းတွင် သေဆုံးနိုင်ပါသည်။ အထူးသတိပြုရမည့် အချက်မှာ ငါးရှဉ့် ၏ ကိုယ်ပေါ်တွင် အကျိအချွဲ မရှိပါကလည်း အဆိုပါငါးရှဉ့်သည် ကန်အတွင်းတွင် သေဆုံးနိုင်ပါသည်။ ငါးရှဉ့်၏ အရေပြားပေါ်တွင် အနာအဆာပါခြင်းနှင့် ဒဏ်ရာများတွေ့ရှိပါကလည်း အဆိုပါ ငါးရှဉ့်ကို ထည့်သွင်းမွေးမြူခြင်း မပြုလုပ်သင့်ပါ။

             မြေပေါ်ကန်တည်ဆောက်ပါက ရေထုတ်ခြင်းလွယ်ကူပါသည်။ သို့သော် ဘေးဘက်နံရံများသည် ရေတွန်းအားဖြင့် တာပေါ်လင်ကွဲတတ်ပါသဖြင့် သဲအိပ် (သို့မဟုတ်)ဝါးကပ်ဖြင့် ကာရန်ပေးထားရပါမည်။

             ငါးရှဉ့်များအစာကြွေးရာတွင် ပုတ်သိုးနေသောအစာများ မကြွေးမိစေရန်သတိပြုပါ။ မိုးရာသီတွင် လယ်ကွင်းများတွင် ဖျက်စီးနေသော ရွှေခရုကို အစာအဖြစ်ကြွေးနိုင်ပါသည်။ အစိမ်းအတိုင်းကြွေးပါက အစာကျန်လျှင် ဖယ်ရှားပေးပါ။ ရွှေခရုကိုပြုတ်ပြီး ကြွေးပါက အသားစများကို နှုတ်နှုတ်စင်းကြွေးပေးပါ။

    ထွက်တိုး

    ဦးဆန်းအောင်


  • article
  • article
  • article
likes9comments4
views2197