cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ငါးတွင် ကျရောက်သောမှိုရောဂါများအကြောင်း

. Fish Articles
ဒီတစ်ပတ်မှာတော့ ငါးမှိုရောဂါအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ အခုလို မိုးဆက်တိုက်ရွာ သွန်းတဲ့ ကာလတွေမှာ ငါးမှိုရောဂါတွေ ကျတက်လို့ ရောဂါလက္ခဏာ ဖြစ်ရတဲ့အကြောင်းအရင်းနဲ့ ကုသ နည်းတွေကို ဖတ်ရှူနိုင်ပါတယ်။
  • ၁။ ကိုယ်ပေါ်မှာ ဖြစ်တဲ့ မှိုရောဂါ (Body Fungus) 

    ရောဂါလက္ခဏာ ဦးခေါင်း၊ ကိုယ်နဲ့ ဆူးတောင်မှာ ဝါဂွမ်းပုံ အဖြူဖက်များကပ်နေခြင်း တစ်ခါတစ်ရံ အညိုရောင် သို့မဟုတ် အစိမ်းရောင်ရှိတက်ခြင်း ငါးအရောင်ပျက်ခြင်း လှုပ်ရှားမှု လေးလံလာခြင်း ကူးခက်တာ နှေးလာခြင်း သို့မဟုတ် တသမတ်တည်း ကူခက်မှုမရှိခြင်း အကြောင်းအရင်း Saprolegnia spp မှိုကြောင့်ဖြစ်ပါတယ်။ ငါးမှာ ထိခိုက်ဒဏ်ရာတစ်ခုခုရှိနေရင် ယင်းအပေါ်မှာ မှိုစွဲတာတွေလည်း ဖြစ်တက်ပါတယ်။ အပူချိန် ရုတ်တရက်ပြောင်းသွားခြင်း၊ ရေအပူချိန်ပြောင်းလဲ ခြင်းက မှိုရောဂါဖြစ်တာကို ပိုအားပေးပါတယ်။ 

    ကုသနည်း 

    ရေအရည်အသွေးထိန်းသိမ်းခြင်း၊ ကန်ကို သန့်ရှင်းအောင်ထားခြင်းဖြင့် မှိုပြန့်ပွားမှုကို တားဆီးပေးပါ တယ်။ ငါးကျန်းမာနေရင် ကိုယ်ပေါ်မှာရှိတဲ့ အကျိအချွဲတွေက မှိုလာကပ်တာကို ကာကွယ်ပေး ပါတယ်။ Ich-X၊ API primafix (ရေချို/ရေငန် မှိုသတ်ဆေး) ဆေးတွေကို သုံးပေးလို့ရပါတယ်။ ဒါပေမယ့် ကိုယ့်မှာမွေး ထားတဲ့ ငါးအမျိုးအစားနဲ့ အဆိုပါဆေးတွေရဲ့ အာနိသင် ကိုက်ညီမှုရှိဖို့တော့ လိုအပ်ပါတယ် ခင်ဗျာ။ 

    ၂။ ဆူးတောင် သို့မဟုတ် ရေယက်မှာ ဖြစ်တဲ့ မှိုရောဂါ (Cotton Fin Fungus) 

    ရောဂါလက္ခဏာ 

    ဆူးတောင်မှာ ဝါဂွမ်းပုံ အဖြူဖက်များကပ်နေခြင်း အခြားအရောင်မပြောင်းလဲဘဲ အဖြူရောင်တစ်မျိုးတည်းသာ တွေ့ရတက်ခြင်း၊ မှိုကပ်တဲ့နေရာမှာ အသားစများ ပုပ်နေသလို နာနေခြင်း၊ ကူးခက်တာ နှေးလာခြင်း သို့မဟုတ် တသမတ်တည်း ကူခက်မှုမရှိခြင်း အကြောင်းအရင်း Saprolegnia spp မှိုကြောင့်ဖြစ်ပါတယ်။ အဆိုပါမှိုဟာ ပါးစပ်မှာ ဖြစ်လာရင်တော့ ဘက်တီးရီးယား ကြောင့်ဖြစ်တဲ့ coloumnaris နဲ့ ခွဲရခက်ပါတယ်။ ဒါပေမယ့် coloumnaris ရောဂါဟာ အစပိုင်းမှာ ဖြူပြီး နောက်ပိုင်းမှာ မီးခိုးရောင်ပြောင်းတက်ပါတယ်။ ဆူးတောင်မှိုရောဂါကတော့ အရောင် မပြောင်းလဲဘဲ အဖြူရောင်ဘဲ ဖြစ်နေတက်ပါတယ်။ ကန်ထဲမှာ အစာအကြွင်းအကျန် များနေရင် သို့မဟုတ် ပိုသိုးဆွေးမြေ့စေတဲ့အရာတွေများနေရင် အဖြစ်များပါတယ်။ အသက်ကြီး ငါးနဲ့ ကိုယ်ခံ အားနည်းတဲ့ ငါးတွေမှာ ပိုဖြစ်တက်ပါတယ်။ 

    ကုသနည်း 

    Ich-X၊ API primafix (ရေချို/ရေငန် မှိုသတ်ဆေး) ဆေးတွေကို သုံးပေးလို့ရပါတယ်။ ဒါပေမယ့် ကြေးနီပါတဲ့ ဆေးရည်မှာ ၁ မိနစ်စိမ်ပြီး သုံးရင်တော့ ပိုပြီးထိရောက်ပါတယ်။ ပုံမှန်ရေလှယ်ပေးခြင်း၊ ရေစစ် ပေးခြင်း၊ လုပ်ပေးလို့ရပါတယ်။ 

    Source: https://simplyaquarium.com/fish-diseases/ 

    --------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes3comments0
views2347