cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

အခြေခံဝါးရုံပြုပြင်ခြင်းနည်းစနစ်များ အပိုင်း ၁

. Cultivation Methods
ဝါးပင်အဖြစ်ပြောင်းလဲသွားနိုင်မည့် ဝါးနု (မျှစ်) ထွက်ရှိမှုများပြားလာစေရန် ၃-၂ ဝါးရုံ၏ ပင်စည်များ ရေရှည်ကျန်းမာသန်စွမ်းရေးကို ထိန်းသိမ်းနိုင်ရန်။
  • ဝါးပိုးအုပ်စုဝင်များအတွက်သာ အဓိကထားဖော်ပြပါသည်။

    ဝါးရုံများကို စနစ်တကျပြုပြင်ခြင်းဖြင့် ရရှိလာနိုင်သောအကျိုးကျေးဇူးများ (Benefits of Clump Management)

    ၁။ လူမှုရေး၊ စီးပွားရေး နှင့် သဘာဝဂေဟစနစ်တို့ကို အချိုးညီစွာ ထိန်းသိမ်းနိုင်ရန်။

    ၂။ ဝါးစိုက်ပျိုးထုတ်လုပ်မှုစွမ်းအားမြင့်မားလာစေရန်။

    ၃။ ဝါးနု (မျှစ်)ထွက်ရှိမှုများပြားလာစေရန်။

    ၃-၁ ဝါးပင်အဖြစ်ပြောင်းလဲသွားနိုင်မည့် ဝါးနု (မျှစ်) ထွက်ရှိမှုများပြားလာစေရန်

    ၃-၂ ဝါးရုံ၏ ပင်စည်များ ရေရှည်ကျန်းမာသန်စွမ်းရေးကို ထိန်းသိမ်းနိုင်ရန်။

    ဆောက်လုပ်ရေးလုပ်ငန်းအတွက် အသုံးပြုနိုင်သော အရည်အသွေးရှိ ဝါးပင်များ တိုးပွားလာစေရန်။

    ဝါးရုံများကို ကနဦး ပြုပြင်ခြင်း (Initial adjustment of clump structure)

    ၁။ ဝါးရုံကျန်းမာသန်စွမ်းမှုအတွက် အနှောက်အယှက်ပေးနေသော ဝါးလုံးများကို ဖယ်ရှားပစ်ရမည်။ ဥပမာ ရောဂါဝင်နေသောဝါးလုံးများ၊ သက်တမ်းရင့်သောဝါးလုံးများ ( ၅ နှစ် နှင့်အထက်)၊ ကောက်ကွေးနေသော ဝါးလုံးများ၊ အရွယ်အစားမမှန်သော သေးလွန်းသော ဝါးလုံးများ၊ ကျိုးပဲ့ပျက်စီးနေသော ဝါးလုံးများ) အစရှိသည်တို့ဖြစ်သည်။

    ၂။ လေဝင်လေထွက်ကောင်းမွန်စေရန် ဝါးရုံအတွင် သိပ်သည်းမှုကိုလည်း ပြုပြင်ပေးရမည်။

    ဝါးပင်၏ သက်တမ်းစက်ဝိုင်း (Bamboo Life Cycle)

    ကျိုးပဲ့ပျက်စီးနေသော ဝါးလုံးများကို အဘယ်ကြောင့် ဖယ်ရှားသင့်ပါနည်း (Broken culmps)

    ၁။ ဝါးရုံအတွင်း နေရာယူမှုဖြစ်စေတယ်။

    ၂။ မျှစ်များကြီးထွားမှုအတွက် နေရောင်ခြည်ရရှိမှုကို ဟန့်တားထား ။

    ၃။ တစ်ခြားကျန်းမာသော ဝါးလုံးများကို ရောဂါ၊ ပိုးမွှားကူးစက်စေတယ်။

    ၄။ မှိုရောဂါနှင့်သက်ဆိုင်သော အရာများ ပွားများစေသည်။

    ကောက်ကွေးနေသော ဝါးလုံးများကို အဘယ်ကြောင့်ဖယ်ရှားသင့်ပါနည်း ။ (Too bent)

    ၁။ ဝါလုံးအသစ်များ နှင့် မျှစ်များ၏ ပုံမှန်ကြီးထွားမှု၊ ဖြောင့်တန်းမှုကို အနှောက်အယှက်ဖြစ်စေသည်။

    ၂။ ကောက်ကွေးနေသော ဝါးများကို ဝါးနု (မျှစ်စို့များ) များလုံလောက်သော ကြီးထွားမှုရရှိပြီး ခြောက်သွေ့သော ဝါးလုံးခုတ်သော ရာသီတွင်သာ ခုတ်ထွင်ရှင်းလင်းသင့်သည် ။

    သက်တမ်းရင်သော ဝါးများကို အဘယ်ကြောင့်ဖယ်ရှားသင့်ပါသနည်း (Too old)

    ၁။ ဝါးအမျိုးအစားပေါ်မူတည်ပြီး ၅နှစ် (သို့) ၇နှစ်နှင့်အထက် ဝါးလုံးများကို ဝါးရုံတွင်မထားသင့်ပါ။

    ၂။ သက်ကြီးဝါးများသည် ကြံ့ခိုင်မှုအားနည်းသည့်အတွက်ကြောင့် အသုံးဝင်မှုနည်းသွားသည် အဓိကအားဖြင့် ဝါးဆောက်လုပ်ရေးလုပ်ငန်းနှင့် ဝါးလက်မှုလုပ်ငန်းများတွင် သုံးရန်မသင့်။ထို့အပြင် မျှစ်စို့များ ထွက်ရန်မတတ်နိုင်သည့်အပြင် ဝါးရုံအတွင်းနေရာယူမှုများကြောင့် ဖယ်ရှားရမည်။

    အရွယ်အစားမမှန်သော၊ သေးလွန်းသော ဝါးလုံးများကို အဘယ်ကြောင့်ဖယ်ရှားသင့်ပါသနည်း ( Too Samll)

    ၁။ ဝါးရုံအတွင် အပင်သိပ်သည်းမှုကိုဖြစ်စေတဲ့အတွက် အခြားဝါးလုံးများ၏ကြီးထွားမှုအတွက် အဟန့်အတား ဖြစ်စေသည်။

    ၂။ ဝါးရုံကို ပြုပြင်ထိန်းသိမ်းရာတွင်လည်း အလွယ်တကူပျက်စီးကျိုးပဲ့လွယ်တယ် ။

    ၃။မျှစ်စို့ထွက်လာရင်လည်း အရည်အသွေးညံ့သော မျှစ်စို့များသာထုတ်နိုင်သည်။ ( ဝါးလုံးဖြစ်လာရန်မသေချာ သောဝါး)

    ရောဂါပိုးကျနေသောဝါးလုံးများကို အဘယ်ကြောင့်ဖယ်ရှားသင့်ပါသနည်း (Disease culmp/ too sick)

    ၁။ မှိုရောဂါများပွားများရန် အခြေအနေပေးခြင်း ။

    ၂။ ပိုးမွှားများဝင်ရောက်ရန်လွယ်ကူခြင်း ။

    ၃။ ဝါးလုံးများကို အရည်အသွေးကျစေသော ကပ်ပါးကောင်များကို ကျရောက်စေခြင်း ။

    Source-BIF

    ✦✦✦✦✦


  • article
likes8comments0
views1711