cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ညောင်ရွှေနှင့်ဟဲဟိုးမြို့နယ်တို့အတွက် မိုးလေဝသ ခန့်မှန်းချက်နှင့် စိုက်ပျိုးရေးအကြံပြုချက်

. Weather News
၉-စက်တင်ဘာ-၂၀၂၄ မှ ၁၇-စက်တင်ဘာ-၂၀၂၄ ထိ
  • တနင်္လာ-မိုးရွာရန် ၉၀ ရာခိုင်နှုန်း 

    အင်္ဂါ     - မိုးရွာရန် ၈၆ ရာခိုင်နှုန်း 

    ဗုဒ္ဓဟူး  - မိုးရွာရန် ၉၁ ရာခိုင်နှုန်း 

    ကြာသပတေး-မိုးရွာရန် ၉၅ ရာခိုင်နှုန်း 

    သောကြာ-မိုးရွာရန် ၄၆ ရာခိုင်နှုန်း 

    စနေ    -   မိုးရွာရန် ၆၅ ရာခိုင်နှုန်း 

    တနင်္ဂနွေ-မိုးရွာရန် ၈၀ ရာခိုင်နှုန်း အသီးသီးရှိနိုင်ပါတယ်။ 

    အာလူး 

    အာလူးဘက်တီးရီးယားပင်ညှိုးရောဂါကို သတိပြုပါ။ မိုးရွာပြီး နေပြင်းရင် ရောဂါကျတတ်ပါတယ်။ အရွက်များ အစိမ်းရောင်မပျက်ညှိုးသွားခြင်း၊ ပင်စည်နှင့်အမြစ်များ အညိုရောင်ပြောင်းသွားခြင်း၊ပင်စည်အားဖြတ်ကြည့်ပါက ပင်စည်ပုံစံပျက်နေတာကိုတွေ့ရပါမယ်။ အသုံးပြုပြီးသော လယ်ယာသုံးပစ္စည်းများကို သန့်ရှင်းရေးပြုလုပ်ပါ။ ရောဂါရအပင်သို့မဟုတ် ပေါင်းမြက်ပင် ကို စတွေ့တာနဲ့နှုတ်ယူဖယ်ရှားပါ။မှိုသတ်ဆေးအသုံးပြုလို့မရပါ။ ဒိုလိုမိုက်(ထုံး) ထည့်သွင်းပေးပါ။ ဘစ်စမာသီယာဇိုး ၊ ကာဆူဂါမိုင်စင်ဆေးများ အလှည့်ကျ ကြိုတင်ပက်ဖျန်းပါ။ 

    ခရမ်းချဉ် 

    အခုလိုမိုးများနေစဉ်မှာ ပုလဲ မြေဩဇာအလွန်အကျွံမကျွေးပါနှင့်။ ပန်းပွင့်စချိန်မှာ ပုလဲကျွေးမိရင်အသီးမတင်ဖြစ်တတ်ပါတယ်။ အသီးတင်မှသာ ပိုတက်နှင့်ပုလဲရောကျွေးပေးပါ။ အသီးတင်ပြီး ဖင်ပုပ်မဖြစ်အောင် လည်း ထုံးသို့မဟုတ်ဂျစ်ပ်ဆမ်ကျောက်မှုန့်များ ကြိုတင်ထည့်သွင်းပါ။ ဖျန်းဆေးရည် အနေနဲ့ ကယ်လ်ဆီယမ် ဓါတ်ပါဝင်သောရွက်ဖျန်းမြေဩဇာများပက်ဖျန်းပေးပါ။ 

    ပြောင်း 

    ပင်စည်ပုပ်၊အမြစ်ပုပ်တို့ အခုလိုကာလမှ ဖြစ်ပွားတတ်ပါတယ်။ ထိရောက်တဲ့မှိုသတ်ဆေးများ အသုံးပြုပါ။ အဇီုဇီစထရိုဘင်ဆေးအဆိပ်ကို အကြံပြုလိုပါတယ်။ 

    စပါး 

    ရိတ်သိမ်းချိန်မလွန်စေချင်ပါ။  

    -အချိန်မီ ရိတ်ပါ ၊ 

    -စပါးနှံရှိ စပါးစေ့ ၈၀-၈၅% ခန့် ကောက်ရိုးအရောင်ပြောင်းလာချိန်တွင် ရိတ်ပါ။  

    -မိုးလွတ်ချိန်ရိတ်ပါ။ 


  • article
likes3comments0
views2621