cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ရွက်ဖျန်းအားဆေးရည်ထုတ် စက်ရုံစီမံကိန်းအတွက် ရုရှားနှင့် သဘောတူ လက်မှတ်ထိုး

. All News
သဘာဝမြေသြဇာ ရွက်ဖျန်းအားဆေးရည် ထုတ်လုပ်မယ့် စက်ရုံကို နေပြည်တော်ကောင်စီနယ်မြေမှာ တည်ဆောက်သွားဖို့ အစီအစဉ်ရှိကြောင်း သိရပါတယ်။
  • မြန်မာနိုင်ငံမှာ ရွက်ဖျန်းအားဆေးရည် ထုတ်လုပ်တဲ့ စက်ရုံတည်ဆောက်ဖို့ ရုရှား-မြန်မာနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာ (MoC) လက်မှတ် ရေးထိုးလိုက်ကြောင်း သိရပါတယ်။

    ရုရှားနိုင်ငံမှာ ကျင်းပတဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ်ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ဦးဆောင်တဲ့ မြန်မာကိုယ်စားအဖွဲ့ တက်ရောက်ရင်း ရုရှားရော့စ်ကွန်ဂရက်အဖွဲ့နဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးတို့အကြား သဘောတူလက်မှတ် ရေးထိုးခဲ့တာပါ။

    MoC သဘောတူညီမှုအရ မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့နဲ့ Fund RC-Investment တို့အကြား ပထမအဆင့်အနေနဲ့ ရွက်ဖျန်းအားဆေးရည် ထုတ်လုပ်ခြင်းလုပ်ငန်းကို လျာထားတဲ့အတိုင်း ဆောင်ရွက်သွားမှာပါ။ 

    ဒုတိယအဆင့်အနေနဲ့ သဘာဝဓာတ်မြေသြဇာစက်ရုံ တည်ဆောက်ရေးကို ဆက်လက်ဆောင်ရွက်သွားဖို့ ရုရှား-မြန်မာ နှစ်နိုင်ငံအစိုးရအကြား သဘောတူညီမှု ရယူထားပါတယ်။

    သဘာဝမြေသြဇာ ရွက်ဖျန်းအားဆေးရည် ထုတ်လုပ်မယ့် စက်ရုံကို နေပြည်တော်ကောင်စီနယ်မြေမှာ တည်ဆောက်သွားဖို့ အစီအစဉ်ရှိကြောင်း သိရပါတယ်။ 

    စက်ရုံအကောင်အထည်ပေါ်လာမယ်ဆိုရင် မြန်မာ့လယ်ယာကဏ္ဍအတွက် ကောင်းမွန်တဲ့ ရလဒ်တွေ ရှိလာနိုင်ကြောင်း ဆန်စပါးလုပ်ငန်းရှင်အသိုင်းအဝိုင်းကနေ ပြောကြားထားပါတယ်။

    လက်ရှိမှာ နိုင်ငံရဲ့ ဓာတ်မြေသြဇာလိုအပ်ချက်ကြောင့် ပြည်ပကနေ ယခုဘဏ္ဍာနှစ်အတွင်း တန်ချိန် ၁.၆ သန်း တင်သွင်းနိုင်ရေး လျာထားသတ်မှတ်ထားကြောင်း ယူရီးယားမြေသြဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ အဖွဲ့ကနေ သိရပါတယ်။

    သတင်း - BETV Business


  • article
likes
10
comments
0
views
2112