cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ခရမ်းချဉ်သီး စျေးမရသည့်အတွက် အရှုံးဖြင့် ရင်ဆိုင်နေရ

. Market News
လက်ရှိ မိုးကြီး၍ ရေကြီးကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ကုန်သွယ်ရေးများ၊ အဆက်သွယ်များ ပြတ်တောက်လျက်ရှိ၍ ရပ်နားထားရကြောင်းလည်း သိရသည် ။
  • လက်ရှိ ခရမ်းချဉ်သီးစျေးမရသည့်အတွက် အရှုံးဖြင့် ရင်ဆိုင်နေရကြောင်း တောင်သူများနှင့် ကုန်သည်များထံမှ သိရသည်။

    လက်ရှိပစ္စည်း အဝင်များပြီး အရောင်းအဝယ်ပါးသည့်အတွက် အချို့ဒေသများတွင် လွှင့်ပစ်ရသည့် အခြေအနေများဖြင့် ရင်ဆိုင်နေရကြောင်း သိရသည်။

    ခရမ်းချဉ်သီးစျေးမှာ ယခင်က ထိုင်းနိုင်ငံဘက်မှ ခရမ်းချဉ်သီးမပေါ်သေး၍ အဝယ်ဆွဲကာ စျေးတက်ခဲ့ ခြင်းဖြစ်ပြီး လက်ရှိ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် တစ်ထောင်အောက်အထိ ဆက် တိုက်သလို စျေးကျဆင်း‌နေကြောင်းလည်း ရှမ်းပြည်နယ် ကုန်သည်များထံမှ သိရသည်။

    “ပြီးခဲ့တဲ့ ဩဂုတ်လ နောက်ဆုံးပတ်မှ စပြီးတော့ ခရမ်းချဉ်သီး ဈေးနှုန်းကျဆင်းလာတာပါ။ တစ်ပိဿာ လျှင် ၂၀၀၊ ၃၀၀ လောက်ထိ ကျသွားတယ်။ ပင်လောင်းဘက်မှာဆို ရောင်းလို့ မမှီတော့တဲ့ ခရမ်း ချဉ်သီးတွေကို လမ်းမှာ ပစ်ရတဲ့အထိ ဒုက္ခရောက်နေကြတယ် ။ “ဟု ရှမ်းပြည်နယ် ပင်လောင်းမှ ကုန်သည် တစ်ဦးပြောသည်။

    လက်ရှိ ခရမ်းချဉ်ဂွတ်သီး တစ်ပိဿာ1000 ကျပ်၊ ခရမ်းချဉ် ရှယ်သီးတစ်ပိဿာ 800 ကျပ်၊ ခရမ်းချဉ် တစ်ပိဿာ 500 ကျပ်၊ ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ ကုန်စည်ရောင်းဈေးများထံမှ သိရသည်။

    အချို့ တောင်သူများအနေဖြင့် စျေးမရရှိသော်လည်း မြေဩဇာများ စျေးကြီးနေသည့်အတွက် အခင်းလိုက် ဂရုမစိုက်နိုင်ဘဲ ပစ်ထားရသည့် အခြေအနေများလည်းရှိကြောင်း သိရသည်။

    လက်ရှိ မိုးကြီး၍ ရေကြီးကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ကုန်သွယ်ရေးများ၊ အဆက်သွယ်များ ပြတ်တောက်လျက်ရှိ၍ ရပ်နားထားရကြောင်းလည်း သိရသည် ။

    အဓိက သီးနှံထွက်ရှိသည့် ဒေသများမှာ စျေးအလွန်အမင်း ကျဆင်းနေပြီး ရေလမ်း၊ ကုန်လမ်း နှစ်ခုလုံး ကုန်သွယ်ရေးက ပြတ်တောက်နေသည့် ဒေသများ စျေး အတက်ကြမ်းလျက်ရှိကြောင်းသိရသည်။

    “အဓိက လမ်းပန်းဆက်သွယ်ရေးကြောင့် ခရမ်းချဉ်က ဖြုန်းအား မရှိပဲ စျေးတွေ ကျကုန်တာ။ လှောင်ထားတဲ့သူတွေ ရှုံးတာပေါ့။ အဓိက ဝယ်တဲ့သူရှိတောင် လမ်းစရိတ်၊ အခွန် အခ တွေကြောင့်မကိုက်ဘူး။ အဓိက ထွက်တဲ့ ဒေသတွေမှာ ပစ္စည်းတွေ ပေါပြီး စျေးတွေကျကုန်

    တယ်။ စျေးတွေကျလို့ လွှင့်မပစ်ပဲ ခရမ်းချဉ်သီးဆော့လုပ်ဖို့ကျ ကုန်ကျစရိတ်၊ နည်းပညာတွေ လိုအပ်တယ်။ အကုန် အရှုံးပေါ်ကုန်တယ် “ ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ ကုန်စည်ရောင်းသူ တစ်ဦးကပြောသည်။

    လက်ရှိ ရန်ကုန်မြို့တွင် ယခင်က ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၆၀၀၀ အထိ တက်ခဲ့ပြီး လက်ရှိတစ်ပိဿာလျှင် ၂၀၀၀မှ ၃၀၀၀ခန့် အထိ ကျဆင်းသွားကြောင်း အိမ်ရှင်မများထံမှ သိရသည်။

    ယခုနှစ်ပိုင်းအတွင်း မိုးများသည့်အတွက် ပျက်စီးကုန်ပြီး ခရမ်းချဥ်စိုက်တောင်သူများ အရှုံးများနေကြောင်းလည်းသိရသည်။

    မြန်မာနိုင်ငံနေရာအနှံ့တွင် ပြည်အခြေအနေများကြောင့် ဝယ်လိုအားနည်းပြီး ကုန်စိမ်းစျေးများ စျေးကျနေရခြင်းဖြစ်ကြောင်းသိရသည်။

    ဖိုးချဲ(AMIA)

    Exclusive content for Htwet Toe

    --------

    မိုးလေဝသ သတင်းများ၊ သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများအတွက် တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။

    ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://htwettoe.com/download


  • article
likes
9
comments
0
views
1540