cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ကပ်ပါး ငါးရောဂါ ကာကွယ်၊ ကုသနည်း

. Fish Articles
ဒီတစ်ပတ်မှာတော့ ကပ်ပါးပိုးတွေကြောင့် ငါးတွေမှာ ကျရောက်တက်တဲ့ ရောဂါတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ။
  • ၁။ အဖြူပြောက်ရောဂါ (Ich) (White Spot) 

    ရောဂါလက္ခဏာ 

    • ငါးရဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာ ဆားပြောက်လေးလို အဖြူပြောက်များ ပျံ့နှံ့တည်ရှိနေခြင်း 
    • ပါးဟပ်နဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာ တွေ့ရပြီး အဖြူပြောက်များ အစုလိုက် မတွေ့ရဘဲ ပြန့်ကျဲစွာ တွေ့ရခြင်း၊ 
    • နေထိုင်ရခက်သဖြင့် အနီးနားရှိအရာများကို ပွတ်တိုက်ကူခက်နေတက်ခြင်း 
    • ရေပေါ်တက်လာခြင်း 
    • ရေယက် သို့မဟုတ် ဆူးတောင်များ လှုပ်ရှားမှုနည်းခြင်း၊ 

    အကြောင်းအရင်း 

    အဖြစ်များတဲ့ရောဂါဖြစ်ပါတယ်။ ကုသရလို့ရပေမယ့် ကူးစက်တဲ့နေရာမှာ အလွန်မြန်ပါတယ်။ Ichthyophthirius multifiliis ပရိုတိုဇိုးဝါး ကြောင့် ဖြစ်တဲ့ရောဂါဖြစ်ပါတယ်။ ကန်ရေ ညစ်ညမ်း ခြင်း၊ ရုတ်တရက်ရေအပူချိန်ပြောင်းလဲခြင်း၊ ပြွတ်သိပ်စွာ ငါးမွေးမြူခြင်းတွေက ငါးတွေကို စိတ်ဖိစီး မှုဖြစ်စေပြီး ခုခံအားစနစ်ကို ကျဆင်းစေရမှတဆင့် ရောဂါဖြစ်ပွားစေပါတယ်။   

    ကုသနည်း 

    တစ်ချို့ကတော့ ရေအပူချိန်မြှင့်ပေးပြီး ကုသဖို့ အကြံပြုပါတယ်။ ဒီလိုလုပ်တာဟာ ကပ်ပါးပိုးရဲ့ ဘဝစက်ဝန်းကို ပိုအားပေးရာရောက်ပြီး မွေးထားတဲ့ ငါးတွေရဲ့ လုပ်ရှားမှုကိုလည်း နှေးကွေးစေ ပါတယ်။ ဒါကြောင့် မလုပ်စေချင်ပါဘူး။ Ich X သို့မဟုတ် အဖြူပြောက်ကုသဆေး API white spot cure တွေကို ၂ ပတ်ခြား သုံးစေချင်ပါတယ်။ ဒီဆေးတွေမှာ မာလခိုက်ဆိုတဲ့ အစိမ်းရောင်ဓါတ် malachite green သဘောတွေပါပြီး ကပ်ပါးပိုးကို ကုသရာမှာ လွန်စွာထိရောက်ပါကြောင်း အကြံပြုလိုက်ရပါတယ်။ 

     

    ၂။ အနာချိုင့် သို့မဟုတ် ပြည်တည်နာရောဂါ (Hole in the head) 

    ရောဂါလက္ခဏာ 

    • ဦးခေါက်တဝိုက် အနာချိုင့်များ၊ ဖက်ခွက်နာ သို့မဟုတ် ပြည်တည်နာများတွေ့ရခြင်း၊ 
    • အနာချိုင့်တွေဟာ တခါတရံ မေးရိုနဲ့ မျက်လုံးတွေပါတွေ့ရတက်ခြင်း၊ 
    • အရောင်ဖျော့လာခြင်း၊ အရောင်ပျက်လာခြင်း၊ 
    • ထိုင်းမှိုင်း လေးလံလာခြင်း၊ 

    အကြောင်းအရင်း 

    ဒီရောဂါဟာ ရေချိုရော ရေငန်မှာပါ တွေ့ရတက်ပါတယ်။ Hexamita sp. ကပ်ပါးကြောင့် ဖြစ်ပါတယ်။ တစ်ချို့က hexamitosis လို့လဲ ခေါ်ပါတယ်။ အလှမွေး ငါးမျိုးတွေဖြစ်တဲ့ Cichlids၊ oscars၊ discus ငါးမျိုးစိတ်တွေမှာ ပိုအဖြစ်များပါတယ်။ 

    ကန်ရေညစ်ညမ်းခြင်း၊ အရည်အသွေးနိမ့်အစာများကျွေးခြင်းက ဒီရောဂါကို ဖြစ်စေပါတယ်။  

    ပြီးတော့ ကန်ရေစစ်မှာ ကာဗွန်ခဲများထည့်ထားခြင်းကလည်း ဒီရောဂါကို ဖြစ်စေပါတယ်။ 

    ကုသနည်း 

    ရောဂါကို စောစောသိရရင် ကုသလို့ရပါတယ်။ ဒါပေမယ့် နောက်ကျမှ သိရရင်တော့ ကုဖို့ခက်ပါ မယ်။ သိသိခြင်းမှာဘဲ ရောဂါဖြစ်နေတဲ့ ငါးကို အခြားငါးတွေနဲ့ ခွဲထားရပါမယ်။ မက်ထရိုနစ်ဒဇိုး (metronidazole) ပါတဲ့ API အထွေထွေကုသဆေးကို သုံးသင့်ပါတယ်။ 

    Source: https://simplyaquarium.com/fish-diseases/ 


  • article
likes
5
comments
0
views
2931