cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

နှစ်လအတွင်းခူးဆွတ်ငွေပါ်နိုင်သောဈေးကွက်ဝင်ဈေးကောင်းရသီးနှံ (Zucchini)

. Cultivation Methods
ဝတ်မှုန်မကူးပါက Zucchini ဇူခိနိပန်းများမှ အသီးသီးမည်မဟုတ်ပါ။ ထို့ကြောင့် ပျားများ၏ဝတ်မှုန်ကူးမှု မရှိပါက ပြဿနာတစ်ခု ဖြစ်နိုင်သည်။
  • အစေ့များကို မြေအနက် ၁ လက်မ နှင့် ၂ လက်မ မှ ၃ လက်မ အကွာတွင် တိုက်ရိုက်စိုက်ပျိုးနိုင်ပါသည်။

    အေးသောရာသီဥတုတွင် အတန်းအဖုံးများ သို့မဟုတ် ပလပ်စတစ်နို့ဗူးများ သို့မဟုတ် အအေးဒဏ်ကာကွယ်ပေးနိူင်သော ဘောင်အကာအကွယ်ကို အသုံးပြုပါ။

    စိုက်ပျိုးပြီးပါကမြေအစိုဓာတ်ရှိစေရန်လိုအပ်ပါသည်။

    မြေဆီလွှာအစိုဓာတ်ထိန်းရန် မြေဆီလွှာ (ဥယျာဉ်မြေဆွေးကဲ့သို့) အပေါ်ဘက်တွင် အလွှာတစ်ခုထည့်ခြင်းကို ပြုလုပ်ပေးနိုင်ပါသည်။

    စိုက်ပျိုးမြေသည် မြေချဉ်ငံဓာတ် pH 6.0 နှင့် 7.5 ကြားရှိသော မည်သည့်မြေတွင်မဆို ရှင်သန်နိုင်သည်။ နေရောင်ခြည်ကောင်းစွာ ရရှိတဲ့နေရာကိုလည်း လိုအပ်ပါသည်။

    ပေါင်းမြက်များကို နှိမ်နှင်းရန်၊ အစိုဓာတ်ကို ထိန်းသိမ်းရန်၊ အမြစ်များထိခိုက်ခြင်းကို ကာကွယ်နိုင်ရန် မြေဖုံပေးပါ။ Zucchini သည် စိုစွတ်သောမြေတွင် ကောင်းစွာဖြစ်ထွန်းနိုင်သော်လည်း ရေဝပ်ခြင်းမရှိစေရန် သတိပြုရပါမည်။ တစ်ပတ်ကို အနည်းဆုံး ၁လက်မနဲ့ မကြာခဏ ရေသေချာသွင်းပါ။ သီးနှံသက်တမ်းတစ်လျှောက်လုံး ရေလုံလောက်စွာရရှိရန်လိုအပ်ပြီး အစိုဓာတ်သည် မြေအနက် ၄လက်အထိ တသမတ်တည်း ထိန်းပေးထားနိုင်ရန် လိုအပ်ပါသည်။

    အမြစ်များ အေးမြပြီး စိုစွတ်နေစေရန် ပျိုးပင်မြေဆွေးကဲ့သို့သော အော်ဂဲနစ်ပစ္စည်းများကို အသုံးပြု၍ မြေဖုံးပေးနိုင်ပါသည်။ပထမဦးဆုံးပန်းပွင့်ပေါ်လာသောအခါ မျှတသောမြေသြဇာကို ထပ်မံထည့်သွင်းပေးပါ။

    ဝတ်မှုန်မကူးပါက Zucchini ဇူခိနိပန်းများမှ အသီးသီးမည်မဟုတ်ပါ။ ထို့ကြောင့် ပျားများ၏ဝတ်မှုန်ကူးမှု မရှိပါက ပြဿနာတစ်ခု ဖြစ်နိုင်သည်။ Zucchini ဇူခိနိ အဖိုပင်အများစုသည် ရှည်လျားသော ရိုးတံများပေါ်တွင် ဦးစွာပေါ်လာသည်။ ထို့နောက်အမပန်းပွင့်များထွက်ပေါ်လာပြီး အသီးရရျိစေရန် အဖိုပွင့်မှ ဝတ်မှုန်များကို ပျားများ သို့မဟုတ် ဥယျာဉ်မှူးမှ အမပွင့်များပေါ် လွှဲပြောင်းဝတ်မှုံကူးပေးရပါမည်။

    အရသာပိုရှိစေရန် အရွယ်မရောက်သေးသော (၆ လက်မမှ ၈ လက်မ) အရွယ်တွင် ခူးဆွတ်ရိတ်သိမ်းပါ။ အရွယ်အစားကြီးသော စကွပ်သီးသည် အရသာအနည်းငယ်သာရှိသည်။

    မျိုးကွဲအများစုသည် ရင့်မှည့်ရန် ပျမ်းမျှ ရက် 60 ကြာမြင့်ပြီး ပန်းပွင့်ပြီး တစ်ပတ်အကြာတွင် ခူးဆွတ်ရန် အသင့်ဖြစ်ကြပါသည်။ (အသေးစိတ်အချက်အလက်များအတွက် မျိုးစေ့ထုပ်တွင် စစ်ဆေးပါ။)

    အသီးများကို ချွန်ထက်သောဓားဖြင့် ဖြတ်ပါ။ သို့မဟုတ်ပါက အပင်၏ပျော့ပျောင်းသောပင်စည်ကို ထိခိုက်ပျက်စီးစေနိုင်သည် ။အနည်းဆုံး ပင်စည်၏ ၁ လက်မကို အသီးပေါ်တွင် ချန်ထားပါ။

    အထွက်နှုန်းနှေးစေရန်၊ အဖိုပွင့်ကိုဖယ်ရှားပစ်ပါ။ အသီးများကို သက်တမ်းမရင့်မှီ ခူးဆွတ်ရိတ်သိမ်းပါ။

    Source: Growing Zucchini: How to Plant, Grow, and Harvest Zucchini & Summer Squash | The Old Farmer's Almanac


  • article
  • article
  • article
  • article
  • article
  • article
likes5comments0
views3033