cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ရော်ဘာပင်စိုက်ပျိုးခြင်းနှင့် မြေဩဇာအသုံးပြုခြင်း

. Plant Nutrition
ပေါင်းရှင်းခြင်းလုပ်ငန်းအား တစ်နှစ်လျှင် (၃) ကြိမ် မြေပြင်အထက် (၆) လက်မအမြင့်အထိ လူအားစက်အားဖြင့် ဆောင်ရွက်ရမည်။
  • စိုက်ပျိုးခြင်း

    ရွက်ဖုံအနည်းဆုံး ၂-၃ ဖုံရှိပြီး အပေါ်ဆုံးရွက်ဖုံရင့်နေသည့် ပလက်စတစ်အိတ်စိုက် မျိုးသန့်အဖူးကူး ပျိုးပင် များကိုသာ အသုံးပြုရမည်။ ပျိုးအိတ်အောက်ခြေအား ဓားဖြင့် ဖြတ်ဖွင့်ကာ အိတ်ဘေးအား အောက်ခြေမှအပေါ်သို့ အိတ်၏ သုံးပုံတစ်ပုံအထိခွဲပြီး ပြန်ဖော်ထားသော စိုက်ကျင်းထဲတွင် ချရမည်။ ပျိုးအိတ်ပတ်လည်အား မြေသားများတဖြည်းဖြည်းဖို့ရင်း ပျိုးအိတ်ဘေးဘက်အား အပေါ်အထိအဆင့်ဆင့် ဆက်ခွဲပြီး အိတ်အား ဆွဲမချွတ်လိုက်ရမည်။ ပျိုးအိတ်ပတ်လည်ဖို့မြေအား ခြေဖြင့်နင်းသိပ်ပေးရမည်။ ပျိုးအိတ်တွင်ပါရှိသည့်မြေလုံးအား မနင်းသိပ်ရန်နှင့် မြေလုံးမကွဲရန် အထူးဂရုပြု စိုက်ပျိုးရမည်။

    ပေါင်းကာကွယ်နှိမ်နင်းခြင်း

    ပေါင်းရှင်းခြင်းလုပ်ငန်းအား တစ်နှစ်လျှင် (၃) ကြိမ် မြေပြင်အထက် (၆) လက်မအမြင့်အထိ လူအားစက်အားဖြင့် ဆောင်ရွက်ရမည်။ ရော်ဘာပင်တန်းကြားတွင် သက်တမ်း (၃) နှစ်ကာလထိ မြေဆီထိန်းပဲ (သို့မဟုတ်) ကြားသီးနှံ စိုက်ပျိုးခြင်းဖြင့်လည်း ပေါင်းကာကွယ်နှိမ်နင်းနိုင်သည်။ ရော်ဘာပင်လိုင်းတန်းတစ်လျှောက် အပင်၏တစ်ဖက်လျှင်(၃)ပေ အကျယ်ဖြင့် (၆) ပေလိုင်း အ တွင်း မြေဩဇာဖြူးကျွေးရသဖြင့် (၆) ပေ လိုင်းအပြောင်ရှင်းခြင်းလုပ်ငန်းအား ဆောင်ရွက်ရမည်။

    မြေဩဇာသုံးစွဲခြင်း

    ပထမနှစ်အတွက် ဇွန် နှင့် စက်တင်ဘာလတွင် ရှစ်အောင်စနှုန်းဖြင့် N:P:K:Mg ၁၁:၁၈:၄:၃

    ဒုတိယနှစ်အတွက် ဇွန် နှင့် စက်တင်ဘာလတွင် ဆယ့်နှစ်အောင်စနှုန်းဖြင့် N:P:K:Mg ၁၈:၁၁:၅:၂.၅

    တတိယနှစ်နှင့်သတ္တမနှစ်အတွက် ဇွန် နှင့် စက်တင်ဘာလတွင် ဆယ့်ခြောက်အောင်စနှုန်းဖြင့် N:P:K:Mg ၁၈:၁၁:၅:၂.၅ သုံးပေးနိုင်ပါသည်။

    အပင်ဖာထေးခြင်း

    စိုက်ပြီးနှစ်တွင် အပင်ကိုနှစ်ချင်းဖာလျှင် အကောင်းဆုံးဖြစ်သည်။ အပင်ဖာရန်အတွက် ပျိုးပင်များကို ၁၀ ရာခိုင်နှုန်း အပိုဆောင်းဝယ်ယူရမည်။ စိုက်ပြီး ဒုတိယနှစ်တွင်လည်း သေပင်များအား ဖာထေးစိုက်ပျိုးရမည်။

    အပင်ပြုပြင်ခြင်း

    အပင် အမြင့် (၉) ပေရှိချိန်တွင် Controlled Pruning and Branch Induction (CPBI ) ထိန်းချုပ်ကိုင်းပိုဖြတ်နည်းဖြင့် ကိုင်းထွက်အောင် ပြုပြင်ဆောင်ရွက်ရပါမည်။ ပင်ရည်ပျံမှုလျော့ နည်း စေရန်ထုံး သုတ်ခြင်းလုပ်ငန်းကိုလည်း ဆောင်ရွက်ရပါမည်။

    -----

    ရော်ဘာနှင့်ပတ်သတ်သောဆောင်းပါးများ၊ ပိုးမွှားကာကွယ်နှိမ်နင်းနည်းလမ်းများ၊ အဖူးကူးရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ- http://download.htwettoe.com/

    အထွက်တိုးရော်ဘာစိုက်ပျိုးကြသူများအဖွဲ့သို့ဝင်ရန်- https://www.facebook.com/groups/2432746880363676/ တွင်လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes
6
comments
0
views
5142