cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

၂၀၂၄ ခုနှစ်၊ ရန်ကုန် (ဝါးတန်း)ဈေးကွက်ရှိ ရွှေဘိုပေါ်ဆန်းမွှေးဆန်နှင့် ဖျာပုံပေါ်ဆန်းမွှေးဆန်း ပျမ်းမျှဈေးနှုန်း သုံးသပ်ချက်

. Market Analysis
၂၀၂၄ ခုနှစ် လအလိုက်သုံးသပ်ခြင်း
  • ၂၀၂၄ခုနှစ်၊ ရန်ကုန်(ဝါးတန်း)ဈေးကွက်ရှိ ပေါ်ဆန်းမွှေးဆန်(ရွှေဘို)နဲ့ ပေါ်ဆန်းမွှေးဆန်(ဖျာပုံ) ဈေးနှုန်းများကို လေ့လာသော် ရွှေဘိုပေါ်ဆန်းမွှေး တစ်တင်းခွဲအိတ်(၂၄ပြည်) တစ်အိတ်လျှင် ၁၄၀,၀၀ဝိ/-ကျပ်မှ ၁၅၀,၀၀ဝိ/-ကျပ်အထိ၊ ဖျာပုံပေါ်ဆန်းမွှေး တစ်တင်းခွဲအိတ်(၂၄ပြည်)တစ်အိတ်လျှင် ၁၁၀,၀၀ဝိ/-ကျပ်မှ ၁၂၅,၀၀ဝိ/-ကျပ်အထိ၊ အသီးသီးဈေး ပေါက်နေပါတယ်။

    ၂၀၂၄ ခုနှစ် လအလိုက်သုံးသပ်ခြင်း

    ၂၀၂၄ ခုနှစ်၊ နှစ်စမှ လက်ရှိ စက်တင်ဘာလ တတိယပတ်အထိ ရွှေဘိုပေါ်ဆန်းမွှေး တစ်တင်းခွဲအိတ် (၂၄ပြည်)တစ်အိတ် ပျမ်းမျှဈေးနှုန်းများကို ပြန်ကြည့်ရင် ဇန်နဝါရီ၊ ဖေဖော်ဝါရီလများတွင် ၁၂၈,၇၅ဝိ/-ကျပ်၊ မတ်လတွင် ၁၃၅,၄၅ဝိ/- ကျပ်၊ ဧပြီလတွင် ၁၃၀,ဝ၀၀ိ/- ကျပ်၊ မေလတွင် ၁၃၉,၈၀၀ိ/- ကျပ်၊ ဇွန်လတွင် ၁၄၈,၇၈၁/- ကျပ်၊ ဇူလိုင်နဲ့ဩဂုတ်လတွင် ၁၄၀,၀၀၀ိ/- ကျပ်၊ စက်တင်ဘာလ (တတိပတ်)တွင် ၁၄၂,၃၃၃/-ကျပ်ဖြင့် အသီးသီး ဈေးဖြစ်နေပါတယ်။

    ဖျာပုံပေါ်ဆန်းမွှေးမှာ ဇန်နဝါရီ၊ ဖေဖော်ဝါရီလများတွင် ၁၀၅,၀၀ဝိ/-ကျပ်၊ မတ်လတွင် ၁၁၀,၅၅ဝိ/- ကျပ်၊ ဧပြီလတွင် ၁ဝ၅,ဝ၀၀ိ/- ကျပ်၊ မေလတွင် ၁၁၆,၆၅၀ိ/- ကျပ်၊ ဇွန်လတွင် ၁၂၆,၄၉၈/- ကျပ်၊ ဇူလိုင်နဲ့ ဩဂုတ်လတွင် ၁၁၅,၀၀၀ိ/- ကျပ်၊ စက်တင်ဘာလ (တတိပတ်)တွင် ၁၁၆,၁၆၇/-ကျပ်ဖြင့် အသီးသီး ဈေးဖြစ် နေပါတယ်။

    ယခင်လ (ဩဂုတ်လ)နဲ့ ယခုလ (စက်တင်ဘာလ တတိယပတ်အထိ) နှိုင်းယှဉ်ချက်

    ၂၀၂၄ ခုနှစ်၊ ဩဂုတ်လနဲ့ စက်တင်ဘာလဈေးနှုန်းများကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ရွှေဘိုပေါ် ဆန်းမွှေး တစ်တင်းခွဲအိတ် (၂၄ပြည်)တစ်အိတ် ယခုလ ပျမ်းမျှဈေးနှုန်းမှာ ယခင်လထက် ၂,၃၃၃/-ကျပ်တက် လာတာကို တွေ့ရပါတယ်။ ဖျာပုံပေါ်ဆန်းမွှေး ပျမ်းမျှဈေးနှုန်းမှာ ယခင်လထက် ၁,၁၆၇/-ကျပ်တက်လာတာကို တွေ့ရပါတယ်။

    သုံးသပ်ချက်

    နှစ်စ အသစ်ပေါ်ချိန်မှစ၍ ပေါ်ဆန်းမွှေးအမျိုးအစား (ရွှေဘို၊ ဖျာပုံ)နှစ်မျိုးလုံးရဲ့ ပျမ်းမျှဈေးနှုန်းဟာ တရိပ်ရိပ်တက်လာတာကို တွေ့ရပါတယ်။ စိုက်ပျိုးရာသီဖြစ်နေခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ ငွေကြေးမတည်ငြိမ်ခြင်းတို့ကြောင့် ဖြစ်ပါတယ်။

    ဈေးကွက် ခန့်မှန်းချက်

    ခန့်မှန်းချက်အနေဖြင့် စက်တင်ဘာလအထိ တက်နေမယ်လို့ သုံးသပ်မိပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရေကြီးနေခြင်းတို့ကြောင့် ထုတ်လုပ်မှုထိခိုက်နိုင်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲ ခြင်းနဲ့ ဈေးကွက်သို့ နယ်စုံမှ မဝင်ရောက်သေးခြင်းတို့ကြောင့် ဆက်လက်မြင့်တက်နိုင်ပါတယ်။ ကျေးဇူး တင်ပါတယ် ခင်ဗျာ။

    ဦးပြည့်ဖြိုးအောင်

    ထွက်တိုး

    ---------

    မိုးလေဝသ သတင်းများ၊ သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများအတွက် တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။

    ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -

    https://htwettoe.com/download


  • article
  • article
likes
4
comments
0
views
3095