cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက် (ရန်ကုန်တိုင်းဒေသကြီး)   

. Weather News
အထူးသဖြင့် စက်တင်ဘာလ ၂၇၊ ၂၈၊ ၂၉ ရက်နေ့များတွင် မိုးများနိုင်ပါကြောင်း သတင်းပါး လိုပါ တယ်ခင်ဗျာ။ မိုးရွာရန်ရာခိုင်နှုန်းမှာ ၃၉ ရာခိုင်နှုန်းမှ ၁ဝဝ ရာခိုင်နှုန်းအထိရှိပါတယ်။
  • ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေးမြို့နယ်၊ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၃)ရက်နေ့မှ (၂၉)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေး၊ သန်လျင်၊ ကျောက်တန်းမြို့နယ်တွေမှာ မိုးဆက်လက်ရွာသွန်းမည် ဖြစ်ပါကြောင်း၊ အထူးသဖြင့် စက်တင်ဘာလ ၂၇၊ ၂၈၊ ၂၉ ရက်နေ့များတွင် မိုးများနိုင်ပါကြောင်း သတင်းပါး လိုပါ တယ်ခင်ဗျာ။ မိုးရွာရန်ရာခိုင်နှုန်းမှာ ၃၉ ရာခိုင်နှုန်းမှ ၁ဝဝ ရာခိုင်နှုန်းအထိရှိပါတယ်။

    ပျှမ်းမျှ အမြင့်ဆုံး အပူချိန် ၃၂ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျမ်းမျှ အပူချိန််မှာ ၂၃.၉ ဒီဂရီစင်တီဂရိတ် ထိရှိပါတယ် ခင်ဗျာ။

    တွံတေးမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၃)ရက်နေ့မှ (၂၉)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေးမြို့နယ်တွင် မိုးဆက်လက်ရွာသွန်းမည် ဖြစ်ပါကြောင်း၊ အထူးသဖြင့် စက်တင်ဘာလ ၂၇၊ ၂၈၊ ၂၉ ရက်နေ့များတွင် မိုးများနိုင်ပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ မိုးရွာရန် ရာခိုင် နှုန်းမှာ ၇၁ ရာခိုင်နှုန်းမှ ၉၈ ရာခိုင်နှုန်းအထိရှိပါတယ်။

    ပျှမ်းမျှ အမြင့်ဆုံး အပူချိန် ၃၂ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျမ်းမျှ အပူချိန်မှာ ၂၂၄.၃ ဒီဂရီစင်တီဂရိတ် ထိရှိပါတယ် ခင်ဗျာ။

    သန်လျင်မြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၃)ရက်နေ့မှ (၂၉)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ သန်လျင်မြို့နယ်တွင် မိုးဆက်လက်ရွာသွန်းမည် ဖြစ်ပါကြောင်း၊ အထူးသဖြင့် စက်တင်ဘာလ ၂၇၊ ၂၈၊ ၂၉ ရက်နေ့များတွင် မိုးများနိုင်ပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ မိုးရွာရန် ရာခိုင် နှုန်းမှာ ၇၁ ရာခိုင်နှုန်းမှ ၁ဝဝ ရာခိုင်နှုန်းအထိရှိပါတယ်။

    ပျှမ်းမျှ အမြင့်ဆုံး အပူချိန် ၃၁.၈ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျမ်းမျှ အပူချိန်မှာ ၂၃.၉ ဒီဂရီစင်တီဂရိတ် ထိရှိပါတယ် ခင်ဗျာ။

    ကျောက်တန်းမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၃)ရက်နေ့မှ (၂၉)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ ကျောက်တန်းမြို့နယ်တွင် မိုးဆက်လက်ရွာသွန်းမည် ဖြစ်ပါကြောင်း၊ အထူးသဖြင့် စက်တင်ဘာလ ၂၇၊ ၂၈၊ ၂၉ ရက်နေ့များတွင် မိုးများနိုင်ပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ မိုးရွာရန်ရာခိုင်နှုန်းမှာ ၃၉ ရာခိုင်နှုန်းမှ ၉၇ ရာခိုင်နှုန်းအထိရှိပါတယ်။

    ပျှမ်းမျှ အမြင့်ဆုံး အပူချိန် ၃၁.၁ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျှမ်းမျှ အပူချိန်မှာ ၂၄.၄ ဒီဂရီစင်တီဂရိတ် ထိရှိပါတယ် ခင်ဗျာ။

    စိုက်ပျိုးရေး အကြံပြုချက်

    တစ်ပတ်လုံး မိုးရွာသွန်းနိုင်ချေရှိသောကြောင့် ဘက်တီးရီးယားရွက်စင်းရောဂါကို သတိပြုဖို့လိုပါတယ်။ စိုစွတ်မှုကာလကြာရှည်ပြီး မိုးများစွာ ရွာသွန်းသည့်အခြေအနေသည် ရောဂါကျရောက်မှုကို ပိုမိုအားပေးပါတယ်။

    ကာကွယ်နှိမ်နင်းနည်း

    မိမိစိုက်ခင်းထဲတွင် ရောဂါကျရောက်မှုရှိ၊မရှိ အမြဲကွင်းဆင်းစစ်ဆေးပါ။

    စပါးခင်းကို ရေသွင်းရေထုတ်လွယ်ကူအောင်ပြုလုပ်ထားပါ။

    ဘက်တီးရီးယားရွက်စင်းရောဂါကျနေပါက နောက်ရာသီမှာ မဖြစ်မနေ မျိုးပြောင်းစိုက်ဖို့လိုပါတယ်။

    နိုက်ထရိုဂျင်ပုလဲယူရီးယားမြေဩဇာ (N) အလွန်အကျွံထည့်ခြင်းကို ရှောင်ပါ။

    ဓာတုဆေးအနေနဲ့ Copper oxychloride (သို့မဟုတ်) Bismerthiazol အဆင်ပြေရာတစ်မျိုးမျိုးဖျန်းပေးနိုင်ပါတယ်။

    ရာသီဥတုဆိုင်ရာ အကြံပြုချက်

    လေပြင်းများတိုက်ခတ်ချိန်တွင် လုံးဝဆေးမဖျန်းသင့်ပါ။

    ဆေးဖျန်းပြီးနောက် မိုးရွာသွန်းမှုမရှိစေရန် မိုးလေဝသကိုသေချာစွာစစ်ဆေးပြီးမှ ဆေးဖျန်းခြင်းကို လုပ်ဆောင်ပါ။

    ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်

    တိမ်ထူမိုးအုံ့တဲ့ရက်တွေမှာ အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ တိုက်တွန်းလိုပါတယ် ခင်ဗျာ-

    အစားကျွေးနှုန်းကို သတ်မှတ်နှုန်းတားထက် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ လျော့ကျွေးရန်၊

    ကန်တွင် ပန်ကာ သို့မဟုတ် ရေဒလက်များရှိပါက အဆိုပါအချိန်တွင် လည်ပတ်ရန်၊

    မိုးသည်းထန်စွာရွာသွန်းတဲ့ရက်တွေမှာတော့-

    မိုးသည်းထန်စွာရွာသွန်းတဲ့အတွက် ရေချဉ်ဖန်နှုန်းနိမ့်နေနိုင်ပြီး ပြန်မြင့်ရန်အတွက် ထုံးအမှုန့်ထည့် ပေးရန်၊ ၁၀၀၀ ကျူဗစ်မီတာတွင် ၂၀ မှ ၃၀ ကီလိုဂရမ်ကို ရာသီဥတုအေးတဲ့ မနက်ပိုင်း၊ ညနေ ပိုင်းတွင် ထည့်ပေးရန်၊

    ပုဇွန်ကန်များတွင် သန့်စင်ထားတဲ့ ပင်လယ်ရေကို နည်းနည်းခြင်း ထည့်ပေးရန်၊

    Weather Source: CIAT

    -------

    မိုးလေဝသ သတင်းများ၊ သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများအတွက် တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။

    ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -

    https://htwettoe.com/download


  • article
likes3comments1
views2708