cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ရေဘေးသင့်သူ ၉ သိန်းနီးပါး ရှိလာ

. Weather News
- လိုအပ်ချက်၏ ၂၇ ရာခိုင်နှုန်းသာ ရန်ပုံငွေရရှိထားဟု UNOCHA ပြော
  • လျှပ်တပြက် ရေကြီးပြီးနောက် ဆယ်ရက်အကြာမှာ ပဲခူး၊ ကယား၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ နေပြည်တော်၊ ရခိုင်၊ စစ်ကိုင်း၊ ရှမ်းအရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသတွေက မြို့နယ် ၆၅ မြို့နယ်မှာ နေရပ်စွန့်ခွာသူများအပါဝင် ခန့်မှန်းခြေလူဦးရေ ၈၈၇,၀၀၀ ခန့် ရေဘေးသင့်ကြောင်း UNOCHA Myanmar က ထုတ်ပြန်လာပါတယ်။

    ယခုအချိန်ထိ သေဆုံးသူဦးရေ ၃၀၀ ကျော်ရှိပြီး ထိခိုက်ဒဏ်ရာရသူဦးရေ ၁၀၀ ကျော်ရှိကြောင်း သတင်းရင်းမြစ်တွေကနေ သိရကြောင်း ဆိုပါတယ်။

    ထိခိုက်မှုအကြီးမားဆုံး နေရာတွေမှာ နေအိမ်တွေ၊ အိမ်သုံးပစ္စည်းတွေ၊ ရေအရင်းအမြစ်တွေနဲ့ လျှပ်စစ်ဓာတ်အားလိုင်းတို့ဖြစ်ပြီး လမ်းတွေ၊ တံတားတွေ၊ ဆက်သွယ်ရေးကွန်ယက်တွေ၊ ကျောင်းတွေ၊ ပြည်သူ့ဆက်သွယ်ရေးအဆာက်အဦတွေ၊ ဘာသာရေးအဆောက်အဦတွေအပြင် ကောက်ပဲသီးနှံနဲ့ လယ်ယာမြေတွေလည်း ထိခိုက်မှုများပြားပြီး အလုံးစုံပျက်စီးခြင်းတွေလည်း ရှိခဲ့ပါတယ်။

    ၂၀၂၄ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေနဲ့ တုံ့ပြန်ရေးစီမံကိန်းလိုအပ်ချက်ရဲ့ ၂၇ ရာခိုင်နှုန်းပဲ ရန်ပုံငွေရရှိထားတာကြောင့် UNOCHA နဲ့အတူ လူသားချင်းစာနာမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးတို့က လက်ရှိဆောင်ရွက်နေတဲ့ ရေဘေးတုံ့ပြန်ရေးလုပ်ငန်းတွေကို ဆောလျင်စွာ တိုးမြှင့်လုပ်ဆောင်နိုင်ဖို့အတွက် ထပ်တိုးရန်ပုံငွေတွေရရှိရေး အားစိုက်ကြိုးပမ်းနေတယ်လို့ ပြောပါတယ်။

    အရေးပေါ်ကယ်ဆယ်ရေး ယာယီညှိနှိုင်းရေးမှူးက အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းတွေ အလျင်အမြန် စတင်နိုင်ဖို့အတွက် အရေးပေါ်တုံ့ပြန်ရေးဗဟိုရန်ပုံငွေ (CERF) မှ အမေရိကန်ဒေါ်လာ ၄ သန်း ခွဲဝေချထားပေးဖို့ ခွင့်ပြုပေးခဲ့ပါတယ်။

    ရေဘေးသင့်ပြည်သူတွေကို အရေးပါတဲ့ အထောက်အပံ့တွေ ပေးအပ်နိုင်ရေးအတွက် ကနဦး တုံ့ပြန်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေပြီး သောက်ရေ၊ စားနပ်ရိက္ခာ၊ အခြေခံဆေးဝါး၊ အိမ်သုံးပစ္စည်းတွေ၊ အဝတ်အထည်၊ အမိုးအကာနဲ့ အရေးပေါ်ကြိုတင်ပြင်ဆင်ရေးအတွက် အသက်ကယ်ပစ္စည်းတွေ အရေးတကြီး လိုအပ်လျက်ရှိပါတယ်။

    ရေဘေးဒဏ်ခံရသူတွေရဲ့ လိုအပ်ချက်တွေကို ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်ပေးနိုင်ဖို့အတွက် လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေမှာ ရန်ပုံငွေနဲ့ ရေဘေးသင့်ရာ ဒေသတွေကို အကန့်အသတ်မရှိဘဲ သွားလာခွင့်တွေ ရရှိဖို့ အရေးကြီးတယ်လို့ UNOCHA က ထုတ်ပြန်ထားပါတယ်။

    သတင်း - BETV Business

    ရန်ကုန်၊ စက်တင်ဘာ ၂၁

    ---------

    မိုးလေဝသ သတင်းများ၊ သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများအတွက် တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။

    ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -

    https://htwettoe.com/download


  • article
likes
3
comments
0
views
2393