cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ရေကြီးမှုဖြစ်ပွား၍ ပြောင်းစိုက်ခင်းပျက်စီးမှုရှိနေပြီး ပြောင်းဆံစျေးများ မြင့်တက်လာ

. All News
ရေကြီးမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းမှ မြို့နယ်များရှိ ကျေးရွာများနှင့် အခြားဒေသရှိ ပြောင်းဧက တော်တော်များများ ရေမြုပ်ပျက်စီးခဲ့ရကြောင်း သိရသည်။
  • လက်ရှိ မြန်မာနိုင်ငံ တစ်နိုင်ငံလုံး မိုးသဲထန်စွာ ရွာသွန်းနေခြင်းကြောင့် ပြောင်းစိုက်ခင်းများ ရေမြုပ်ကာ စျေးမြင့်တက်လာကြောင်း စျေးကွက်မှ သိရပါသည်။

    ရေကြီးမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းမှ မြို့နယ်များရှိ ကျေးရွာများနှင့် အခြားဒေသရှိ ပြောင်းဧက တော်တော်များများ ရေမြုပ်ပျက်စီးခဲ့ရကြောင်း သိရသည်။

    ထို့အပြင် ထိုင်းနိုင်ငံဈေးကွက်သို့ နှစ်စဉ် ဖေဖော်ဝါရီလမှ ဩဂုတ်လကုန်အထိသာ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့ခွင့်ရ၍ လက်ရှိ တင်ပို့မှု ရပ်နားနေရကြောင်းလည်း သိရပါသည်။

    “ အခွန်ကင်းလွတ်ခွင့်ဖြင့် အခုက ထိုင်းကို တင်ပို့မှု ရပ်သွားပြီ၊ ဒီလိုချိန်ဆို စျေးက အနည်းငယ်ကျလေ့ရှိတယ်။ အခုက ရေကြီးမှုတွေဖြစ်တော့ ပြောင်းစိုက်ခင်းတွေ ပျက်စီးတယ်။ သယ်ယူ ပို့ဆောင် ရေးတွေ ခက်ခဲပြီး အရင်လထက် စျေးတက်လာတယ် “ ဟု ပြောင်းကုန်သည်တစ်ဦးက ပြောသည်။

    ပြောင်းစျေးမှာ အတက်စျေးဖြင့် ပုံမှန်စျေးတန်းတစ်ခုတွင် ငြိမ်နေကြောင်း ပြောင်းကုန်သည်များ ထံမှ သိရသည်။

    ယခင် ဩဂုတ်လ တတိယအပတ်က ရန်ကုန်ဘုရင့်နောင် စျေးတွင် ပြောင်း တစ်ပိဿာလျှင် ၁၅၀၀ ကျော်သာရှိပြီး လက်ရှိတွင် တစ်ပိဿာလျှင် ၁၇၅၀ကျပ် အထိ ပေါက်စျေးရှိကြောင်း သိရသည်။

    “ ဒီနှစ်ရေကြီးတာက တော်တော်စိုက်ခင်းတွေ ပျက်စီး ဆုံးရှုံးတယ်၊ အရင်က ရေတက်ပြီး ရေကျရင် အပင်တွေ ကျန်ခဲ့တယ်။ တက်လဲ ခဏပဲ အခုက ရေကျသွားတော့ နုန်းတွေ ကျန်ခဲ့ပြီး စိုက်ခင်းတွေ မြုပ်ကုန်တယ်။ မြစ်၊ ချောင်း နဲ့ နီးတဲ့ နေရာတွေမှာဆို လုံးဝကို ပျက်စီးတာ။ တချို့ ဒေသတွေ ဧက ၁၀၀၀ မကဘူး ပျက်စီးမှုတွေရှိတယ်။ “ ရှမ်းပြည်နယ် တောင်ပိုင်းရှိ ပြောင်း စိုက်တောင်သူ တစ်ဦးကပြောသည်။

    လက်ရှိ ထိုင်းနိုင်ငံဈေးကွက်သို့ တင်ပို့မှု ရာသီကုန်ပြီဖြစ်သည့်အတွက် ဈေးကွက်အတွင်း ပို့ကုန် ဝယ်လက်သမားများ၏ ဝယ်ယူမှုမှာလည်း ကျဆင်းလာနိုင်ကြောင်း သုံးသပ်ထားသည်။

    လက်ရှိ စျေးကွက်တွင် ပြောင်း အသစ်များ ပေါ်လာပါက စျေးပြန်ကျဆင်းနိုင်ကြောင်း သုံးသပ်ထားကြောင်း သိရသည်။

    မြန်မာ့ ပြောင်းကို ယခုနှစ်မှစ၍ အိန္ဒိယ နိုင်ငံသို့ စတင် တင်ပို့နေကြပြီး တွက်ခြေမကိုက်သည့် အတွက် တင်ပို့ မှုရပ်နားထားကာ ထိုင်းသို့ တင်ပို့မှု ရပ်သွားသည့်အတွက် ပြန်လည်တင်ပို့ရန် ကြိုးပမ်းမှုများ လည်းရှိ ကြောင်း ပြောင်းကုန်သည်များ ထံ မှ သိရသည်။

    ယင်းအပြင် တရုတ်သို့ အထိုက်အလျောက်သွားမည် ဖြစ်ပြီး စင်္ကာပူ နိုင်ငံမှတဆင့် အခြားနိုင်ငံ အနည်းငယ် တင်ပို့ မည် ဖြစ်ကြောင်းသိရသည်။

    နှစ်စဉ် ပြည်တွင်း ၌ တစ်နှစ်လျှင် ပြောင်း တန်ချိန် နှစ် ဒဿမ သုံး သန်း နှင့် နှစ် ဒဿမ ခြောက်သန်းကြား ထွက်ရှိ သည်။

    ဖိုးချဲ(AMIA)

    ---------

    မိုးလေဝသ သတင်းများ၊ သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများအတွက် တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။

    ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -

    https://htwettoe.com/download


  • article
likes
4
comments
0
views
1985