cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ရေဘေးကြောင့် ကွမ်းခြံတွေပျက်စီးမှုများပြားတဲ့အတွက် ကွမ်းဈေးကျဆင်းမှုမရှိသေး

. All News
“ကွမ်းဈေးကကောင်းနေတုန်းပဲ။ခြံတွေပျက်တော့ ဈေးကွက်ထဲ ကွမ်းအဝင်နည်းလို့ ရှိတာအကုန်လုဝယ်နေရတာ။ ဈေးကကျဖို့မမြင်သေးဘူး။ ဆက်တောင်တက်မယ့်အနေအထားရှိတယ်” လို့ အောင်မြေသာစံမြို့နယ် ကကွမ်းကုန်သည်တစ်ဦးကပြောပါတယ်။
  • မန္တလေးအနီးဝန်းကျင်ဒေသတွေမှာရေကြီးနစ်မြုပ်မှုတွေကြောင့် ကွမ်းခြံတွေပျက်စီးမှုများပြားခဲ့တဲ့ အတွက် ဈေးကွက်အတွင်းမှာ ကွမ်းရွက်ဈေးနှုန်းတွေ စျေးကျဆင်းမှုမရှိဘူးလို့ ကွမ်းကုန် သည်တွေကပြောပါတယ်။

    ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက ကျောက်ဆည်၊ တံတားဦး၊ မြစ်သားမြို့နယ်တွေမှာ ရေကြီးနစ် မြုပ်မှုတွေရှိခဲ့ပြီး ကွမ်းခြံပေါင်းရာနဲ့ချီရေနစ်မြုပ်ပျက်စီးခဲ့တာဖြစ်ပါတယ်။

    “ကွမ်းဈေးကကောင်းနေတုန်းပဲ။ခြံတွေပျက်တော့ ဈေးကွက်ထဲ ကွမ်းအဝင်နည်းလို့ ရှိတာအကုန်လုဝယ်နေရတာ။ ဈေးကကျဖို့မမြင်သေးဘူး။ ဆက်တောင်တက်မယ့်အနေအထားရှိတယ်” လို့ အောင်မြေသာစံမြို့နယ် ကကွမ်းကုန်သည်တစ်ဦးကပြောပါတယ်။

    အရင်ကအခုလိုရာသီမှာ ကွမ်းရွက်အထွက်နှုန်းများပြားပြီး ဈေးနှုန်းကျဆင်းလေ့ရှိပေမဲ့ လက်ရှိအချိန်မှာတော့ ရေကြီးမှုနဲ့ နိုင်ငံရေးအခြေအနေမတည်ငြိမ်မှုတွေကြောင့် ကွမ်းအထွက်နှုန်းအမြောက်အမြားကျဆင်းခဲ့တဲ့ အတွက်ဈေးနှုန်းတွေမြင့်တက်နေတာဖြစ်တယ်လို့ကုန်သည်တွေကဆိုပါတယ်။

    လက်ရှိအချိန်မှာ ကွမ်းရွက်တစ်ပိဿာကို ငွေကျပ် ၁၀၀၀၀ ကနေ ၁၂၀၀၀ ကြားအထိရှိနေပြီး အရင်က အခုလိုကာလမှာ တစ်ပိဿာကို ငွေကျပ် ၁၈၀၀ ကနေ ၃၀၀၀ ကြားပဲရှိတယ်လို့ကုန်သည်တွေကဆိုပါတယ်။

    အဲဒီအပြင် ကွမ်းသီးအပါအဝင် ကွမ်းနဲ့ဆက်စပ်ပစ္စည်းဈေးနှုန်းတွေကလည်း မြင့်တက်နေတာကြောင့် ကွမ်းယာဆိုင်တွေအနေနဲ့ အခက်အခဲတွေရှိနေတယ်လို့သိရပါတယ်။

    လင်းလင်း

    Opinion Leaders မှ ကူးယူဖော်ပြပါသည်။

    ---------

    မိုးလေဝသ သတင်းများ၊ သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများအတွက် တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။

    ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -

    https://htwettoe.com/download


  • article
likes3comments0
views1621