ပုသိမ်ဈေးကွက်ရှိ စပါးဈေးနှုန်းနဲ့ ဈေးကွက်သုံးသပ်ခန့်မှန်းချက်
ပုသိမ်ဈေးကွက်ရှိ ပျမ်းမမျှ စပါးဈေးနှုန်းများကို လေ့လာသော် ဧည့်မထ(မနောသုခ)ဈေးနှုန်းမှာ တင်း ၁၀၀လျှင် ၁,၈၈၆,၀၀ဝိ/-ကျပ်၊ ဧည့်မထ(သီးထပ်ရင်)ဈေးနှုန်းမှာ တင်း ၁၀၀လျှင် ၁,၆၁၀,၀၀ဝိ/-ကျပ်၊ ပေါ်ဆန်းမွှေး(နွေ)ဈေးနှုန်းမှာ တင်း ၁၀၀လျှင် ၂,၆၀၉,၀၀ဝိ/-ကျပ်ဖြင့် အသီးသီးဈေးပေါက်နေပါတယ်။ အဆိုပါဈေးနှုန်းတွေဟာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့ အရောင်းအဝယ်ဖြစ်တဲ့ ပျမ်းမျှဈေးနှုန်းများ ဖြစ်ပါတယ်။
ယခင်လ (ဩဂုတ်လ)နှင့် ယခုလ (စက်တင်ဘာလ)နှိုင်းယှဉ်ခြင်း
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလပျမ်းမျှဈေးနှုန်းအား ယခင် ဩဂုတ်လ ပျမ်းမျှဈေးနှုန်းဖြင့် နှိုင်းယှဉ်သော် ပုသိမ်ဈေးကွက်တွင် ဧည့်မထ(မနောသုခ)၊ ဧည့်မထ(သီးထပ်ရင်)၊ ပေါ်ဆန်းမွှေးဈေးနှုန်းများမှာ မပြောင်းလဲဘဲ တူနေတာကို တွေ့ရပါတယ်။
၂၀၂၄ ခုနှစ် လအလိုက်သုံးသပ်ခြင်း
၂၀၂၄ ခုနှစ် နှစ်စမှ လက်ရှိ စက်တင်ဘာလ နောက်ဆုံးပတ်အထိ ပျမ်းမမျှ စပါးဈေးနှုန်းများကို လေ့လာသော် ဧည့်မထ(မနောသုခ)ဈေးနှုန်းမှာ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွင် ၁,၃၄၉,၈၇၅ ကျပ်၊ မတ်၊ ဧပြီ၊ မေ၊ ဇွန်လများတွင် ၁,၇၆၆,၀၀၀ ကျပ်၊ ဇူလိုင်လတွင် ၁,၇၉၄,၈၀၀ ကျပ်၊ ဩဂုတ်နဲ့ စက်တင်ဘာလများတွင် ၁,၈၈၆,၀၀၀ ကျပ်ဖြင့် အသီးသီး ဈေးပေါက်နေပါတယ်။
ဧည့်မထ(သီးထပ်ရင်)ဈေးနှုန်းမှာ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွင် ၁,၂၉၅,၅၀၀ ကျပ်၊ မတ်၊ ဧပြီ၊ မေ၊ ဇွန်လများတွင် ၁,၇၀၀,၀၀၀ ကျပ်၊ ဇူလိုင်လတွင် ၁,၆၇၈,၄၀၀ ကျပ်၊ ဩဂုတ်နဲ့ စက်တင်ဘာလများတွင် ၁,၆၁၀,၀၀၀ ကျပ်ဖြင့် အသီးသီး ဈေးပေါက်နေပါတယ်။
ပေါ်ဆန်းမွှေးဈေးနှုန်းမှာ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွင် ၁,၅၄၃,၂၅၀ ကျပ်၊ မတ်၊ ဧပြီ၊ မေ၊ ဇွန်လ များတွင် ၂,၀၃၄,၀၀၀ ကျပ်၊ ဇူလိုင်လတွင် ၂,၁၇၂,၀၀၀ ကျပ်၊ ဩဂုတ်နဲ့စက်တင်ဘာလများတွင် ၂,၆၀၉,၀၀၀ ကျပ်ဖြင့် အသီးသီး ဈေးပေါက်နေပါတယ်။
သုံးသပ် ခန့်မှန်းချက်
သုံးသပ်ချက်အနေဖြင့် ဧည့်မထ(သီးထပ်ရင်)၊ ဧည့်မထ(မနောသုခ)၊ ပေါ်ဆန်းဈေးနှုန်းမှာ ယခင်လနဲ့ ဈေးတူနေပြီး ငြိမ်နေတာကိုတွေ့ရပါတယ်။ ပေါ်ဆန်းမွှေးစပါးဈေး ဆက်လက်မြင့်တက်နိုင်ပြီး ကျန်စပါးများ အနေဖြင့် အကျဘက်ကို ဦးတည်လာနိုင်ကြောင်း သုံးသပ်မိပါတယ် ခင်ဗျာ။
ဦးပြည့်ဖြိုးအောင်
ထွက်တိုး
--------------
စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752
ထွက်တိုးတောင်သူအကြံပေးဖုန်း - ၀၉၉၇၇၉၁၀၀၀၀
ထွက်တိုးရယူရန်_ https://htwettoe.com/download
ထွက်တိုး တယ်လီဂရမ်_ https://t.me/htwettoe
ထွက်တိုး viber _ https://shorturl.at/hkYFX




NewsFeed
Communities
Explore
Inbox
Me
Market Price