cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

မတ်ပဲအထွက်တိုးရန် သိထားရမည့် အချက်များ

. Cultivation Methods
မြန်မာပြည်အလယ်ပိုင်းဒေသများအတွက် မိုးနှောင်းရာသီတွင် အောက်တိုဘာလ တတိယပတ်မှ နိုဝင်ဘာလ ပထမပတ်၊ မြန်မာပြည်အောက်ပိုင်း ဒေသများအတွက် မိုးနှောင်းရာသီတွင် နိုဝင်ဘာလ ဒုတိယပတ်မှ နောက်ဆုံးအပတ်အတွင်း စိုက်ပျိုးသင့်ပါသည်။
  • article
  • - မတ်ပဲကို များသောအားဖြင့် ဆောင်းတွင်းပိုင်းတွင် စိုက်ပျိုးကြသည်။ မြန်မာနိုင်ငံအချို့ဒေသများတွင် မိုးအခါတွင်လည်း စိုက်ပျိုးကြသည်။ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အများဆုံး စိုက်ပျိုးကြသည်။ 

    - မြေ ချဉ်/ ငန်ဓာတ် (၆.၅ မှ ၇) အတွင်းရှိသော မြေများတွင် စိုက်ပျိုးနိုင်သည်။ 

    - အပင်ပေါက်ရာခိုင်နှုန်း (၈၅ မှ ၉၀) နှင့် အထက်ရှိသော မတ်ပဲမျိုးများကို အသုံးပြုစိုက်ပျိုးပါ။ 

    - အပင်ငယ်စဉ် မှိုရောဂါရောက်ဖျက်ဆီးလေ့ရှိသဖြင့် မစိုက်မီ မျိုးစေ့တစ်ဧကစာ (၈) ပြည် မှ (၁၀) ပြည် ကို မှိုသတ်ဆေးတစ်မျိုးမျိုး (၁၀) ဂရမ်ဖြင့် လူးနယ်၍ စိုက်ပျိုးပါ။ 

    - စိုက်ပျိုးချိန်တွင် တစ်ဧကလျှင် ပဲမြစ်ဖုမြေသြဇာ တစ်ထုပ်နှုန်းကို မျိုးစေ့နှင့် လူးနယ်၍ စိုက်ပျိုးပါ။ 

    - အမြင့်ဆုံးအထွက်ရရှိရန် တစ်ဧကလျှင် ယူရီးယား (ပုလဲ) ဓာတ်မြေသြဇာ (၂၈) ပေါင်၊ တီစူပါ 

    (ကြွက်ချေး) ဓာတ်မြေသြဇာ (၅၆) ပေါင်နှင့် ပိုတက်ရှ် (ဓာတ်ဆား) ဓာတ်မြေသြဇာ (၅၆) ပေါင် မြေခံတွင် ထည့်၍ စိုက်ပျိုးပါ။ 

    - မြန်မာပြည်အလယ်ပိုင်းဒေသများအတွက် မိုးနှောင်းရာသီတွင် အောက်တိုဘာလ တတိယပတ်မှ နိုဝင်ဘာလ ပထမပတ်၊ မြန်မာပြည်အောက်ပိုင်း ဒေသများအတွက် မိုးနှောင်းရာသီတွင် နိုဝင်ဘာလ ဒုတိယပတ်မှ နောက်ဆုံးအပတ်အတွင်း စိုက်ပျိုးသင့်ပါသည်။ 

    - မြေတွင်းအောင်းပိုးနှင့် ပင်စည်ထိုးယင် ကာကွယ်နိုင်ရန်အတွက် တစ်ဧကလျှင် ကာတက်ဟိုက်ဒရိုကလိုရိုက် (သို့မဟုတ်) ဖစ်ပနိုနေး ( ၃ မှ ၆) ကီလိုဂရမ်ကို စိုက်ကြောင်းထဲတွင် ထည့်သွင်းစိုက်ပျိုးပါ။ 

    - ဖားဥမှိုရောဂါ ဆိုးရွားစွာကျရောက်တက်သော ဒေသများတွင် ရောဂါဒဏ်ခံနိုင်သော ရေဆင်းမတ်ပဲ- ၆ (ဆီပဲ) ကဲ့သို့သော မျိုးများကို ရွေးချယ်စိုက်ပျိုးပါ။ 

    - တစ်ဧကလျှင် အပင်ဦးရေ (၁၀၀၀၀၀) အပြည့်အဝရရှိစေရန် တန်းကြား (၁.၅) ပေ၊ ပင်ကြား (၄) လက်မထား စိုက်ပျိုးပါ။ 

    - အပင်ပေါက်ပြီး (၂) ပတ်သားမှစ ပန်းပွင့်ချိန်အထိ ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ပါ။ လိုအပ်ပါက ပန်းမပွင့်မီ (၂၀) ရက်သားခန့်တွင် တစ်ကြိမ်၊ အတောင့်ဖွံ့ဖြိုးချိန်တွင် တစ်ကြိမ်ရေသွင်းပါ။ 

    - အပင်ငယ်စဉ်တွင် ပင်စည်ထိုးယင် ကျရောက်တက်ပြီး၊ အပင်များ ညှိုးခြောက်သေတက်သောကြောင့် အပင်ပေါက်စုံပြီး (၇ မှ ၁၀) ရက်သားခန့်တွင် စိမ့်ပျံ့အာနိသင်ရှိသော ပိုးသတ်ဆေးများအား သတ်မှတ်ထားသော နှုန်းထားအတိုင်းဖျန်းပါ။ 

    - သီးတောင့်အားလုံး၏ (၈၀ မှ ၉၀) ရာခိုင်နှုန်း ရင့်မှည့်ချိန်တွင် ရိတ်သိမ်းပါ။ 

    မြန်မာနိုင်ငံတွင် စိုက်ပျိုးနိုင်သော အထွက်ကောင်းသည့် မတ်ပဲမျိုးများ အကြောင်းကို အောက်ပါ link တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။  

    https://www.facebook.com/htwettoe/posts/pfbid02uwAHuzwsR3k8rY2yNtCGo9qq8wRsvQFhUTtnHmAf3mmLWXtgkB7kBmHYj7Cb4nmYl 

    Reference - ပဲမျိုးစုံသီးနှံသုတေသနဌာနစု၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ထုတ်ဝေသည့် " ရေဆင်းမတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများနှင့် စိုက်ပျိုးနည်းစနစ်များ" ပညာပေးလမ်းကမ်းစာစောင်၊


likes8comments0
views2035