cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ခန္ဓာကိုယ် သွယ်လျ၊ ကိုယ်အလေးချိန် လျော့ကျ စေနိုင်တဲ့ အသီးအနှံ ၁၀ မျိုး

. Health Articles
ခန္ဓာကိုယ် သွယ်လျနေစေဖို့ အတွက် အောက်ဖော်ပြပါ အသီး အနှံတွေကို စားခြင်းဖြင့် အကူအညီ ပေးနိုင်ပါတ​ယ်။
  • article
  • နိုင်ငံ များစွာမှာ ယနေ့ အဝလွန်မှု ပြဿနာကို ကြုံတွေ့ နေရ ပါတယ်။ တိုင်းပြည် ဖွံ့ဖြိုး တိုးတက် လာတာနဲ့ အမျှ ပြည်သူ များရဲ့ စားသောက်မှု ပုံစံတွေလည်း ပြောင်းလဲ လာကာ ဗိုက်ရွှဲတဲ့ အခြေအနေတွေ ဖြစ်လာ ပါတယ်။ အဝ မလွန်စေဖို့၊ ခန္ဓာကိုယ် သွယ်လျနေစေဖို့ အတွက် အောက်ဖော်ပြပါ အသီး အနှံတွေကို စားခြင်းဖြင့် အကူအညီ ပေးနိုင်တယ်လို့ အာဟာရ ပညာရှင်Marie-AnneRose ကဆိုပါတယ်။


  • article
  • ၁။ သခွားမွှေးသီး

    သင်ဟာ ကိုယ်အလေးချိန်ကို လျော့ချ စေချင်တယ် ဆိုရင် သခွားမွှေးသီးကို စားပေးပါလို့ ဆိုပါတယ်။ သခွားမွှေးသီးမှာ ဘီတာကယ်ရိုတင်း၊ မဂ္ဂနီစီယမ်၊ ဖော့စပါး ရပ်၊ ထုံး၊ သံ၊ ကြေးနီနဲ့ သွပ်စတဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။ သခွားမွှေး သီးကို စားခြင်းဖြင့်အစာကြေ စေခြင်း၊ အဆီ မစုစေဘဲ ဝမ်းမချုပ် စေခြင်း တို့ကြောင့် ကိုယ်အလေးချိန်ကို လျော့ကျ စေနိုင်ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ်ကြွယ်ဝတဲ့ အတွက် ဝမ်းဗိုက် မပူစေ အောင်ထိန်း ပေးနိုင်တယ်လို့ ဆိုပါတယ်။ နောက်တစ်ချက် ကတော့ သခွားမွှေးသီးမှာကယ်လိုရီ ပါဝင်မှု နည်းခြင်းပါ၊ အသီး အလေးချိန် ၁၀ဝ ဂရမ်မှာ ၃၈ ကယ်လိုရီဘဲပါဝင်ပါတယ်။


  • article
  • ၂။ လက်ဖက်

    လက်ဖက်မှာ ကယ်လိုရီ မပါသ လောက်နည်းပါး ပါတယ်။ လက်ဖက်ခြောက် အလေးချိန် ၁၀ဝ ဂရမ်မှာ တစ်ကယ်လိုရီဘဲ ပါဝင်ပါတယ်။ နည်းနည်းနဲ့ အာသာပြေ စေနိုင်ပါတယ်။ ဒါ့ပြင် လက်ဖက်မှာ ပိုလီဖီနော များစွာပါဝင်နေလို့ အဆီကိုလောင်ကျွမ်းသွားစေတဲ့အပြင် ဆီးကောင်း စေပြီး အဆိပ်တွေကိုလည်း ပြေပျောက်သွား စေနိုင်ပါတယ်။


  • article
  • ၃။ သံပရိုသီး

    သံပရိုသီးဟာ အလွန် အားကောင်းတဲ့ အင်တီ အောက်ဆီဒင့် ဖြစ်လို့ ကျန်းမာရေး အတွက် အထူး အားထားနိုင်တဲ့ အသီး ဖြစ်ပါတယ်။ သူ့မှာပါတဲ့ ဗီတာမင် စီဓာတ်ကြောင့် သဲချေ ရည်စိမ့်ထွက် စေကာ စားထားတဲ့ အစာတွေကို ကြေစေနိုင်ပါတယ်။ပါဝင်တဲ့စစ်ထရစ်အက်ဆစ်က အဆီနဲ့ အသားဓာတ်တွေကို လောင်ကျွမ်းသွားစေ နိုင်ပါတယ်။ သံပရိုသီးအလေးချိန် ၁၀ဝ ဂရမ်မှာ ၃၃ကယ်လိုရီဘဲ ပါဝင်ပါတယ်။


  • article
  • ၄။ နာနတ်သီး

    နာနတ်သီးဟာ ကိုယ်အလေးချိန် လျှော့ချဖို့ အကောင်းဆုံး အသီးလို့ ဆိုပါတယ်။ နာနတ်သီးမှာ အဆီတွေ လောင်ကျွမ်းသွားစေဖို့အကောင်းဆုံး ဖြစ်တဲ့ (Bromelain) ဆိုတဲ့ အင်ဇိုင်း ပါဝင်နေကာ ခန္ဓာကိုယ် ထဲရှိ ဆဲတစ်သျှူးတွေ ပြိုကွဲသွား စေခြင်းဖြင့် အဆီတွေကို လျော့နည်းသွား စေပါတယ်။ အသီး အလေးချိန် ၁၀ဝ ဂရမ်မှာ ၃၃ ကယ်လိုရီသာပါဝင်ပါတယ်။


  • article
  • ၅။ အနက်ရောင်မုန်လာဥ

    အနက်ရောင် မုန်လာဥမှာ အသီး အရွက် ပရိုတိန်းဓာတ်များနဲ့ အိုင်အိုဒင်း ဓာတ်များစွာ ပါဝင်နေတဲ့အတွက် အစာ စားချင်စိတ်ကိုလျော့ကျသွားစေပါတယ်။ ဒီဥဟာ လည်ပင်းမှာ ရှိတဲ့သိုင်းရွိုက်ဂလင်း ကဲ့သို့လုပ်ဆောင်ပေးနိုင်ပြီး အထူးကောင်းမွန်တဲ့ အဆိပ်ဖြေပေးတဲ့ အစာလို့ သုံးသပ်ကြ ပါတယ်။ အနက်ရောင်မုန်လာဥမှာလည်း အလေးချိန် ၁၀ဝ ဂရမ်မှာ ၁၇ ဒသမ ၈ ကယ် လိုရီသာ ပါဝင်တာကို တွေ့ရပါတယ်။


  • article
  • ၆။ စမုန်နက်ပင်

    စမုန်နက်ပင်မှာ တစ်ဒါဇင်မကသော အင်တီအောက်ဆီးဒင့်များ ပါဝင်နေပြီး၊ အဲဒီထဲမှာ ဖလေဗိုနွိုက်အုပ်စုဟာ ဖရီးရာဒီကယ်များကို ဖယ်ရှားရှင်းလင်းပေး ပါတယ်။ စမုန်နက်ပင်မှာ ပိုတက်စီယမ်ဓာတ် နဲ့ ထုံးဓာတ်<ကယ်ဝတဲ့အပြင် ကယ်လိုရီ အနေနဲ့ အလေးချိန် ၁၀ဝ ဂရမ်မှာ ၂၀ သာ ပါဝင်ပါတယ်။ သင်ဟာ သတ္တုဓာတ်တွေ များများစားနေရရင် ကိုယ်အလေးချိန်လျော့ ချနိုင်ဖို့ စမုန်နက်အပင်ကို စားသင့်ပါ တယ်။


  • article
  • ၇။ ခါကျက်ဥ(ဥနီ)

    ခါကျက်ဥမှာ အယ်လဖာနဲ့ ဘီတာ ကယ်ရိုတင်းများနဲ့ ကယ်ရိုတီနွိုက် (ဗီတာမင်-အေ)တွေ များစွာပါဝင်ပါတယ်။ ခါကျက်ဥ ၁၀ဝဂရမ်စားသုံးခြင်းဖြင့် လူကြီးတစ်ဦး တစ်နေ့လိုအပ်တဲ့ ဗီတာမင်အေ ဓာတ်လုံလောက်တယ်လို့ ဆိုပါတယ်။ ဒီဓာတ်များအပြင် ခါကျက်ဥမှာ ဗီတာမင် ဘီဓာတ်နဲ့ ဘီတာမင် ကေဓာတ်တို့ပါ ပါဝင်တဲ့အပြင် ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ ထုံးဓာတ်နဲ့ သံဓာတ်တွေလည်း ပါဝင်ပါ သေးတယ်။ ခါကျက်ဥဟာလည်း ကယ်လို ရီပါဝင်မှု နည်းပါတယ်။ အလေးချိန် ၁၀ဝ ဂရမ်မှာ ၃၆ သာ ပါဝင်ပါတယ်။ခါကျက်ဥကို တချို့က ဥနီလို့ ခေါ်တယ်။ တချို့က ဥဝါလို့ ခေါ်ကြတယ်။


  • article
  • ၈။ ချယ်ရီခရမ်းချဉ်သီး

    သေးငယ်တဲ့ ခရမ်းချဉ်သီးကို ချယ်ရီသီး အရွယ်လောက် သာရှိလို့ ချယ်ရီ ခရမ်း ချဉ်သီးလို့ ခေါ်ကြပါတယ်။ ဒီချယ်ရီ ခရမ်းချဉ်သီးမှာ မဂ္ဂနီစီယမ်ဓာတ်၊ ထုံးဓာတ်တွေနဲ့ ဗီတာမင်စီ ဗီတာမင်ဘီ-၉ဓာတ်တွေ ပါဝင်ပါတယ်။ သူ့မှာ ဆီးသွားစေတဲ့ သတ္တိရှိတဲ့အတွက်အဆိပ်ဓာတ်များစွာကို ဖယ်ရှား ပေးနိုင်ပြီး အဆီဓာတ်များ စုမနေစေရန် လည်း ကူညီပေးပါတယ်။ ချယ်ရီခရမ်းချဉ် အလေးချိန်၁၀ဝ ဂရမ်မှာ ၂၉ ကယ်လို ရီသာ ပါဝင်ပါတယ်။


  • article
  • ၉။ ရပ်စ်ဘယ်ရီသီး

    ရပ်စ် ဘယ်ရီသီးမှာ အမျှင်ဓာတ် များစွာ ပါဝင်တဲ့ အတွက် အစာချေဖျက်မှုကို အားပေး ပါတယ်။ အသီးအရသာချိုသကဲ့သို့ သူ့မှာဗီတာမင်-အေ၊ မဂ္ဂနီစီယမ်နဲ့ ထုံးဓာတ် များလည်း ပါဝင်ပါတယ်။ အသီး အလေးချိန် ၁၀ဝ ဂရမ်မှာ ကယ်လိုရီ အနေနဲ့ ၄၅ သာ ပါဝင်ပါတယ်။


  • article
  • ၁၀။ သခွားသီး

    သခွား သီးမှာ ရေ ၉၇ ရာခိုင်နှုန်း ပါဝင်ပြီး ဆီးရွှင် စေနိုင်တဲ့ အသီး၊ အပင်တွေထဲမှာ နံပါတ်တစ် ချိတ်တဲ့အသီးပါ။ သခွား သီးစားပေးခြင်းဖြင့် ကိုယ်အလေးချိန် လျော့ကျစေတဲ့ အပြင် လျင်မြန်စွာကျ စေရန်လည်း အားပေးတယ်လို့ ဆိုပါတယ်။ သခွားသီးမှာ ဗီတာမင် ကေဓာတ် ပါဝင်ပြီး အထက်မှာ ဖော်ပြခဲ့တဲ့ အသီးအနှံတွေထဲမှာ ကယ်လိုရီ အနည်းဆုံးအသီးဖြစ်ပါတယ်။ အလေးချိန်၁၀ဝ ဂရမ်မှာ ၁၂ ကယ်လိုရီသာပါဝင် ပါကြောင်း ရေးသားလိုက်ရပါတယ်။

    - ဒေါက်တာ စိန်လှဗိုလ်

    မြန်မာတောင်သူကြီးများ ဂျာနယ်


  • article
likes6comments0
views1460