cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

"ဗီဒီယိုကြည့်ပြီး ဖုန်းဘေကံစမ်းမယ် (၁၁,၁၂)” မှ ကံထူးသူများ

. Update and Announcement
ဖုန်းဘေလ်ကံထူးသူများအနေနဲ့ ထွက်တိုးဘက်မှ ဆက်သွယ်ပြီး ဖုန်းဘေဖြည့်ပေးသွားပါမယ်။
  • ငါးမွေးတောင်ဦးကြီးများအတွက် ငါးမွေးမြူရာတွင် အဓိကလိုအပ်သော ရေရရှိမှုနှင့် ရေသံသရာလည်ခြင်းဖြစ်စဥ် ကို နားလည်သဘောပေါက်လွယ်ကူစေရန် အတွက် ၁ မိနစ် ဗီဒီယိုလေးကို ထွက်တိုးနှင့် မိတ်ဖက် အဖွဲ့များဖြစ်သော ဝေါဖစ် (ရှ်) (WorldFish)နှင့်အပြည်ပြည်ဆိုင်ရာ ရေစီမံခန့်ခွဲရေးဌာန (IWMI) တို့မှ ဖန်တီးပြုလုပ်ထားပါတယ်။ ဗီဒီယိုကြည့်ပြီး ဗဟုသုတလဲရ ဖုန်းဘေလဲရ သူများ ထွက်ပေါ်လာပါပြီ။ဗီဒီယို ၁၁ နှင့် ၁၂ ရဲ့ အဖြေမှန်ကိုတိုက်ကြည့်လိုရပါပြီနော်။


    (၁) ဉာဏ်စမ်း ပဟေဠိ မေးခွန်းအဖြေမှန်မှာ -


    မွေးမြူထားသောငါးများ ပုံမှန် ကြီးထွားမှုရှိရန် အောက်ဆီဂျင်ပမာဏသည် “၅ မီလီဂရမ်/လီတာ” (5 ppm) နှင့် အထက်တွင်ရှိရပါမည်။ အောက်ဆီဂျင်ပမာဏ “၂ မီလီဂရမ်/လီတာ” (2 ppm) အောက်တွင် ၂၄ နာရီ ထက်ကျော်လွန်ရှိနေပါကငါးများသေပါမည်။ “၂.၀-၅.၀ မီလီဂရမ်/လီတာ” (2.0-5.0 ppm) တွင် ငါးသေပျောက် မှု မ ရှိသော်လည်းကြီးထွားမှုနှေးပြီးလွယ်ကူစွာရောဂါကူးစက်နိုင်ပါသည်။

    ထို့ကြောင့် အဖြေမှန်မှာ (၄) 5 ppm နှင့် အထက် ဖြစ်သည်။


  • article
  • (၂) ဉာဏ်စမ်း ပဟေဠိ မေးခွန်းအဖြေမှန်မှာ -


    ငါးကန်တွင်အောက်ဆီဂျင်ထုတ်လုပ်မှုသည် အသုံးချမှု အောက်လျော့နည်းပါကကန်ရေတွင် အောက်ဆီဂျင် ပမာ ဏနည်းပါမည်။ ငါးကန်ရေတွင် ပျော်ဝင်အောက်ဆီဂျင် အသုံးချသောအကြောင်းရင်းများစွာရှိပါသည်။ ဥပမာ။ ငါးကန်ရေလုံလောက်မှုမရှိခြင်း ၊ လိုအပ်သောရေ ဖြည့်ဆည်းပေးရန် /ရေလဲပေးနိုင်ရန် ရေလုံလောက်မှု မရှိသောအခြေအနေတွင် တစ်ဧက ငါးမွေးနှုန်းကို သတ်မှတ်ချက်ကျော်၍မွေးမြူခြင်း၊ ရေစီးဝင်မှုနည်းသဖြင့် ငါးကန်တွင်အောက်စီဂျင်ပြည့်ဝသောပြင်ပရေနှင့်ရောစပ်နိုင်ခြေနည်းပါးခြင်း၊ လေတိုက်ခတ်မှုမရှိသဖြင့်ပြင်ပလေထုမှအောက်ဆီဂျင်သည် ကန်ရေတွင်ပျော်ဝင်မှု နည်းခြင်း၊အထက်ပါအကြောင်းအရာများနှင့် ကြုံတွေ့ရပါက ငါးကန်တွင်ပျော် ဝင်အောက်ဆီဂျင်နည်းလာပါမည်။

    ထို့ကြောင့် အဖြေမှန်မှာ (က) မှန် ဖြစ်သည်။


    ဖုန်းဘေလ်ကံထူးသူများအနေနဲ့ ထွက်တိုးဘက်မှ ဆက်သွယ်ပြီး ဖုန်းဘေဖြည့်ပေးသွားပါမယ်။ ထွက်တိုး မက်ဆင်ဂျာတွင်လဲ လာရောက်ဆက်သွယ်ပြီး ဆုများလာရောက်ထုတ်ယူနိုင်ကြောင်းသတင်းကောင်းပါးအပ်ပါတယ်နော်။


  • article
  • ဗဟုသုတစဉ်ဆက်မပြတ်စေဖို့ ထွက်တိုးသုံးကြစို့

    ထွက်တိုးဆော့ဝဲလ်တွင် လေ့လာရန် - - https://htwettoe.com/download လင့်ကို နှိပ်ပြီး ဒေါင်းလုတ်ပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။


likes15comments5
views2170