cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

နာနတ်သီးအပါအဝင် သစ်သီးအချို့ တရုတ်သို့ တရားဝင်တင်ပို့ခွင့်ရရန်စီစဉ်နေ

. Market News
“နာနတ်အပါအဝင် သစ်သီးငါးမျိုး၊ ခြောက်မျိုးလောက်ရှိမယ်ပေါ့ တရားဝင်တင်ပို့ခွင့်ရဖို့တော့ လုပ်ဆောင်နေပါတယ်” လို့ ယင်းအသင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
  • နာနတ်သီးအပါအဝင် သစ်သီးအချို့ကို တရုတ်စျေးကွက်သို့ တရားဝင်တင်ပို့ခွင့်ရရန်အတွက် စီစဉ်လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံ သစ်သီး၀လံပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

    “နာနတ်အပါအဝင် သစ်သီးငါးမျိုး၊ ခြောက်မျိုးလောက်ရှိမယ်ပေါ့ တရားဝင်တင်ပို့ခွင့်ရဖို့တော့ လုပ်ဆောင်နေပါတယ်” လို့ ယင်းအသင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    အဆိုပါ တရားဝင်တင်ပို့ရန် ဆွေးနွေးမှုများလုပ်ဆောင်နေသည့် သစ်သီးများနှင့် ပတ်သက်၍ လည်း မကြာသေးခင်က ရန်ကုန်မြို့တွင် ကျင်းပခဲ့သော လန်ချန်း-မဲခေါင်သစ်သီးပွဲတော် (မြန်မာ)တွင် ချပြခဲ့ခြင်းများရှိခဲ့ပါတယ်။

    လတ်တလောတွင် သရက်သီး၊ ဖရဲသီး၊ ရွှေသခွားမွှေး၊ တရုတ်ဆီးသီး(Jujube)၊ သမင်မျက်လုံးသီး (Longan)၊ မင်းဂွတ်သီး၊ ငှက်ပျောသီး စသည်တို့အပါအဝင် သစ်သီး ကိုးမျိုးလောက်ကို တရုတ်စျေးကွက်သို့ တရားဝင်တင်ပို့ခြင်းများရှိပြီး နာနတ်သီး၊ ထောပတ်သီး၊ ကျွဲကောသီး၊ ၀ဥ၊ ပီလောပီနံ စသည့် သစ်သီးများကို တရားဝင်တင်ပို့ခွင့်ရရန်အတွက် ဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း ယင်းအသင်းမှ သိရပါတယ်။

    “ဥပမာပေါ့ ကျွဲကောသီးလိုမျိုးကို မြည်းစမ်းဖို့လုပ်ပေးထားတော့ သူတို့မြည်းစမ်းကြည့်ရင်း ကျွန်တော်တို့ အသီးတွေကောင်းတာကို သူတို့သိသွားတယ်၊ အရောင်းအဝယ်တွေအတွက်တော့ အထောက်အကူပြုတာပေါ့”လို့လည်း အသင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    မြန်မာနိုင်ငံမှ တင်ပို့နေသော သစ်သီးများအနက်တွင် ဖရဲ၊ သခွားမွှေးတို့မှာလည်း စျေးကွက်အကြိုက်ဖြစ်ခဲ့ပြီး သရက်မှာလည်း နှစ်သက်သူများကာ စျေးကွက်ဝင်ခဲ့ခြင်းဖြစ်သလို ဆက် လက်၍ သစ်သီးများကို တရားဝင်တင်ပို့ခွင့်ရရန် ဆွေးနွေးခြင်းများပြုလုပ်နေကြကြောင်း သိရပါတယ်။

    အောင်အောင်

    Opinion Leaders မှ ကူးယူဖော်ပြပါသည်။

    -----------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes
6
comments
0
views
1613