cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ငါးစာစနစ်တကျကျွေးမွေးခြင်း

. Fish Articles
တစ်နေ့ကျွေးရမည့်အစာ ၂.၄ ပိဿာအပေါ်တွင် မနက်ပိုင်း (၄၀)ရာခိုင်နှုန်းကျွေးပါက ( ၂.၄× ဝ.၄)=ဝ.၉၆ ပိဿာကျွေးရပါမည်၊ ညနေပိုင်းအတွက် (၂.၄ ×ဝ.၆)= ၁.၄၄ ပိဿာကျွေးပေးရပါမည်။
  • ငါးမွေးတောင်သူအများစုသည် ယခုအချိန်တွင် ငါးစာသည် အကြီးမားသော စိန်ခေါ်မှုကို ကြုံတွေ့နေရပါသည်။ စီးပွားဖြစ် ငါးမွေးမြူရေးလုပ်ငန်းတစ်ခုတွင် ကုန်ကျစရိတ်စုစုပေါင်း၏ (၇၀)ရာခိုင်နှုန်းသည် အစာဖိုးဖြစ်ပါ သည်။ ထို့ကြောင့် ငါးစာကို (တနည်း) ဖြည့်စွက်စာကို စနစ်တကျကျွေးမွေးပါက အစာလေလွင့်မှုမရှိစေဘဲ အစာ ဖိုးကုန်ကျစရိတ်သည် သက်သာလာပါမည်။ ငါးစာကို စနစ်တကျကျွေးမွေးခြင်းဖြင့် ကန်အတွင်း အစာကြွင်း အစာ ကျန်များ မရှိသဖြင့် ကန်ရေ၏ အရည်အသွေးကိုလည်း ထိခိုက်မှု နည်းပါးပါသည်။ ကန်အောက်ခြေတွင် အစာကြောင့် အညစ်အကြေးဖြစ်ပေါ်မှု မရှိသဖြင့် ကန်အတွင် အမိုးနီးယားဖြစ်ပေါ်ခြင်းကို လျော့ကျစေပါသည်။ အစာကိုစနစ်တကျကျွေးမွေးခြင်းသည် ငါးကြီးထွားနှုန်းကိုလည်း ပုံမှန်တိုးတက်စေပြီး၊ အစာလေလွင့်မှုနည်းသဖြင့် ငါးမွေးတောင်သူအတွက် အကျိုးအမြတ်ကို ဖြစ်ထွန်းစေပါမည်။

     ငါးသားပေါက်များကန်အတွင်း စတင်ထည့်သွင်းရာတွင် အများစုသည် ငါးဖျန်းအရွယ်တွင် ထည့်သွင်းပါက တစ်ကောင်၏ အလေးချိန်သည် အနည်းဆုံး ၂၀ဂရမ် (၁.၅)ကျပ်သားရှိနိုင်ပြီး၊ အများဆုံး ၅၀ဂရမ်(၃)ကျပ်သားရှိပါက၊ တစ်နေ့ကျွေးရမည့် အစာသည် ငါးအလေးချိန်စုစုပေါင်း၏ (၄) သို့မဟုတ်(၃)ရာခိုင်နှုန်းသော အစာ အလေးချိန်ကိုသာ ကျွေးရပါမည်။ ငါးမွေးတောင်သူများ တွက်ချက်မှုလွယ်ကူစေရန် အောက်ပါအတိုင်း တင်ပြအပ်ပါမည်။ ငါးမွေးတောင်သူတစ်ဦးသည် မိမိကန်အတွင်း ငါးဖျန်းအကောင်ရေ (၃၀၀၀)ထည့်သွင်းမည်ဆိုပါက၊ ငါးဖျန်းကောင်ရေ (၁၀)ကောင်ကို ချိန်တွယ်ပါ၊ အလေးချိန်ပေါင်း (၂၀)ကျပ်သား ရရှိပါက၊ ငါးဖျန်းတစ်ကောင်၏ ပျမ်းမျှအလေးချိန်သည် တစ်ကောင်(၂)ကျပ်သား ရှိပါမည်။ ထို့ကြောင့် ငါးဖျန်းကောင်ရေ (၃၀၀၀) အတွက်၊ ကန်အတွင်းရှိ ငါးအလေးချိန်စုစုပေါင်းသည် (၃၀၀၀ × ၂)= ၆၀၀၀ကျပ်သား (၆၀ပိဿာ)ရှိမည်ဖြစ်ပါသည်။ တစ်နေ့ ကျွေးရမည့် အစာသည် (၄)%‌ကျွေးမည်ဆိုပါက (၆၀ × ဝ.၀၄) =၂.၄ ပိဿာကျွေးရမည်၊ တစ်နေ့လျှင် အစာ နှစ်ကြိမ်ကျွေးသဖြင့် မနက်ပိုင်း(၁.၂)ပိဿာ နှင့် ညနေပိုင်း(၁.၂)ပိဿာကျနိုင်ပါသည်။ သို့သော် ငါးများ၏ ဓလေ့သည် မနက်ပိုင်းထက်ညနေပိုင်းတွင် အစာပိုစားသဖြင့် တစ်နေ့ကျွေးရမည့် အစာ၏ (၄၀)ရာခိုင်နှုန်းကို မနက် ပိုင်းကျွေးပြီး ၊ (၆၀)ရာခိုင်နှုန်းကို ညနေပိုင်းကျွေးရပါမည်။ အဆိုပါအတိုင်းအစာကျွေးပါက ထိရောက်မှုနှင့် အကျိုးရှိစေကြောင်း ဗီယက်နမ် ငါးပညာရှင်က ဆွေးနွေးခဲ့ပါသည်။

     တစ်နေ့ကျွေးရမည့်အစာ ၂.၄ ပိဿာအပေါ်တွင် မနက်ပိုင်း (၄၀)ရာခိုင်နှုန်းကျွေးပါက ( ၂.၄× ဝ.၄)=ဝ.၉၆ ပိဿာကျွေးရပါမည်၊ ညနေပိုင်းအတွက် (၂.၄ ×ဝ.၆)= ၁.၄၄ ပိဿာကျွေးပေးရပါမည်။

    ဦးဆန်းအောင်

    ထွက်တိုး

    ---------  

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက   

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download  

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483   

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes
4
comments
0
views
1897