cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ရေကြည်နှုန်းတိုင်းကိရိယာပြုလုပ်နည်း

. Fish Articles
ငါးမွေးတောင်သူများအနေဖြင့် ရေကြည်နှုန်းတိုင်းကိရိယာကို မိမိကိုယ်တိုင်း ပြုလုပ်ပြီး အသုံးချ နိုင်စေရန်အတွက် အောက်ပါအတိုင်းပြုလုပ်နည်းများကို တင်ပြအပ်ပါသည်။
  • သံပြားဖြစ်စေ၊ သစ်သားပြားဖြစ်စေ၊ ရေစိုခံသောဖော်မီကာ အပြားဖြစ်စေ အချင်း(၁)ပေရှိ စက်ဝန်းပုံ စံ တခုပြုလုပ်ပေးပါ။ ထို့နောက် စက်ဝန်းပုံစံအလယ်တည့်တည့်တွင် အပေါက်သေးတခုဖောက်ထားပေးရမည်။ စက်ဝန်းပုံစံ အပြားကို လေးစိတ်နေရာသတ်မှတ်ပြီး ၊ တစိတ်ကိုဆေးဖြူသုတ်ခြင်းနှင့် နောက်တစိတ်ကိုဆေးမဲ သုတ်ခြင်း ကိုပြုလုပ်ပေးထားပါ။ ( ဆေးသုတ်ရာတွင် ဆေးဖြူ ဖြစ်စေ ၊ဆေးမဲဖြစ်စေ တစိတ်ကျော် ဆေးသုတ် ခြင်းကိုဆိုလိုပါသည်။

    အလျား(၄)ပေရှိ သစ်သားပြားအသေးတခုကို လက်မဝက်ခန့်ချန်ပြီး အောက်ခြေမှစပြီး လက်မအမှတ် အသားများကို ၁လက်မမှ လက်မ ၃၀အထိ သေချစွာမှတ်သားပေးပါ။ သစ်သားပြားပေါ်တွင် လက်မအမှတ်အ သားများကို မြင်သာအောင်ရေးထားပေါ။ ထိုနောက် အဆိုပါသစ်သားချောင်းကို စက်ဝန်းပုံအလယ်တည့်တည့် ပေါက်တွင် မကျွတ်စေရန် တပ်ဆင်ပါ။ သစ်သားချောင်းနှင့် ဆေးသုတ်ထားသော စက်ဝန်းပြားအလယ်ပေါက် မှ တပ်ဆင်ရာတွင် ထောင်မှန်ကျကျဖြစ်စေရပါမည်။ သစ်သားချောင်းစောင်းနေခြင်းမျိုးမဖြစ်စေရပါ။ သစ်သား ချောင်းတွင် မှတ်ထားသော အမှတ် ၀ လက်မသည် ဆေးသုတ်ထားသောစက်ဝန်းပြားနှင့်ထိစပ်စေရန် ဂရုပြု ဆောင်ရွက်ပေးပါ။

    မိမိလိုအပ်သော ရေကြည်နှုန်းတိုင်းကိရိယာတခုဖြစ်လာပြီး ကန်အတွင်းသို့ အဆိုပါ ပစ္စည်းကိုချကြည့် လိုက်ပါ။ စက်ဝန်းပြားရှိ အဖြူ နှင့်အမဲရောင် ကို ရေးရေးလေးမြင်ရချိန်တွင် ၊ မိမိကိုင်ထားသော သစ်သားပြားမှ ကန်ရေမျက်နှာပြင်ထိနေသော နေရာအမှတ်အသားကိုကြည့်လိုက်ပါ။ အဆိုပါအမှတ်အသားသည် မိမိကန်၏ ရေ ကြည်နှုန်း အမှတ်ဖြစ်ပါသည်။ ရေကြည်နှုန်း ၁၀ လက်မ ထက်နည်းနေလျင် အစာကြွေးခြင်းကို ရပ်တန့်ရမည်။ ပုံမှန်အစာကြွေးခြင်းကို (၁၀ - ၁၄ လက်မ) ရေကြည်နှုန်းဖြစ်လျင် ပြုလုပ်နိုင်သည်။ ရေကြည်နှုန်း ၂၃လက်မ အထက်ဖြင့်တက်နေပါက အစာကျွေးနှုန်းကို နဂိုထက်ပို၍မြှင့်တင်ပေးရမည်။

    ဦးဆန်းအောင် (ထွက်တိုး)

    ----------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    https://htwettoe.com/organization/4

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
  • article
  • article
likes
4
comments
0
views
2242