cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ရန်ကုန်၊ ဘုရင့်နောင်ဈေးကွက်ရှိ မတ်ပဲနှင့် ပဲစင်းငုံဈေးနှုန်း သုံးသပ်ချက်

. Market Analysis
ခန့်မှန်းသုံးသပ်ရမယ်ဆိုရင် ပျမ်းမျှဈေးနှုန်း ကျဆင်းနိုင်လိမ့်မယ်လို့ သတင်းပါးလိုက်ရပါတယ် ခင်ဗျာ။
  • ရန်ကုန်ဈေးကွက်ရှိ မတ်ပဲ(အက်စ်ကျူ၊အာစီ)နဲ့ ပဲစဉ်းငုံနီ(အာစီ) တစ်တန်ဈေးနှုန်းများကို လေ့လာသော် မတ်ပဲ(အက်စ်ကျူ၊ အာစီ) ဈေးနှုန်းမှာ ၄,၂၆၄,၀၀ဝိ/-ကျပ်၊ ပဲစင်းငုံနီ (အာစီ) ဈေးနှုန်းမှာ ၄,၅၅၀,၀၀ဝိ/-ကျပ်ဖြင့် အသီးသီးဈေးပေါက်နေပါတယ်။

    ၂၀၂၄ ခုနှစ် လအလိုက်သုံးသပ်ခြင်း

               ၂၀၂၄ ခုနှစ် နှစ်စမှ လက်ရှိ အောက်တိုဘာလ ပထမပတ်အထိ မတ်ပဲ၊ ပဲစဉ်းငုံဈေးနှုန်းများကို လေ့လာသော် မတ်ပဲ(အက်စ်ကျူ၊ အာစီ) တစ်တန် ပျမ်းမျှဈေးနှုန်းများမှာ ဇန်နဝါရီ၊ ဖေဖော်ဝါရီတွင် ပျမ်းမျှ ဈေးနှုန်းမှာ ၃,၃၈၈,၆၈၈ိ/- ကျပ်၊ မတ်လတွင် ၃,၄၂၈,၅၈၀ိ/- ကျပ်၊ ဧပြီလတွင် ၃,၄၂၃,၄၀၀ိ/- ကျပ်၊ မေလတွင် ၃,၄၉၁,၈၆၀ိ/- ကျပ်၊ ဇွန်လတွင် ၃,၇၂၂,၁၂၉ိ/- ကျပ်၊ ဇူလိုင်လတွင် ၃,၆၄၈,၄၇၀ိ/- ကျပ်၊ ဩဂုတ်လတွင် ၄,၀၀၃,၁၆၀ိ/- ကျပ်၊ စက်တင်ဘာလတွင် ၄,၃၆၆,၅၂၀ိ/- ကျပ်၊ အောက်တိုဘာလ (ပထမပတ်)တွင် ၄,၂၈၂,၅ဝ၀ိ/- ကျပ်ဖြင့် အသီးသီး ဈေးဖြစ်နေပါတယ်။

    ပဲစဉ်းငုံနီ(အာစီ)ဈေးနှုန်းလေ့လာသော် တစ်တန် ဈေးနှုန်းမှာ ဇန်နဝါရီ၊ ဖေဖော်ဝါရီတွင် ပျမ်းမျှ ဈေးနှုန်းမှာ ၃,၈၉၅,၆၆၃/- ကျပ်၊ မတ်လတွင် ၄,၁၀၄,၄၀၀/- ကျပ်၊ ဧပြီလတွင် ၄,၀၃၅,၂၂၅/- ကျပ်၊ မေလ တွင် ၄,၂၁၅,၅၇၀/- ကျပ်၊ ဇွန်လတွင် ၄,၅၄၄,၁၂၅/- ကျပ်၊ ဇူလိုင်လတွင် ၄,၄၂၉,၁၉၀/- ကျပ်၊ ဩဂုတ်လတွင် ၄,၆၄၁,၇၄၀/- ကျပ်၊ စက်တင်ဘာလတွင် ၄,၈၇၂,၁၆၀ိ/- ကျပ်၊ အောက်တိုဘာလ (ပထမပတ်)တွင် ၄,၅၇၅,ဝဝ၀ိ/- ကျပ်ဖြင့် အသီးသီး ဈေးဖြစ်နေပါတယ်။

    ယခင်လ (စက်တင်ဘာ)နဲ့ ယခုလ (အောက်တိုဘာလ ပထမပတ်အထိ) နှိုင်းယှဉ်ချက်

    ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလနဲ့ အောက်တိုဘာလ (ပထမပတ်အထိ)ဈေးနှုန်းများကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ယခုလ မတ်ပဲ (အက်စ်ကျူ၊ အာစီ) တစ်တန် ပျမ်းမျှဈေးနှုန်းများမှာ ယခင်လအောက် ၈၄,၀၂၀/-ကျပ်ကျသွားတာကို တွေ့ရပါတယ်။ ထို့အတူ ပဲစဉ်းငုံနီ(အာစီ) တစ်တန်ပျမ်းမျှဈေးနှုန်းလည်း ယခင်လ အောက် ၂၉၇,၁၆၀/-ကျပ် ကျသွားပါတယ်။

    သုံးသပ်ခန့်မှန်းချက်

               ရန်ကုန်ဈေးကွက်ရှိ မတ်ပဲ၊ ပဲစဉ်းငုံဈေးနှုန်းများ ယခင်လအောက် အနည်းငယ်ကျသွားပါတယ်။ ခန့်မှန်းသုံးသပ်ရမယ်ဆိုရင် ပျမ်းမျှဈေးနှုန်း ကျဆင်းနိုင်လိမ့်မယ်လို့ သတင်းပါးလိုက်ရပါတယ် ခင်ဗျာ။


  • article
  • article
likes
3
comments
0
views
2129