cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ပဲမစိုက်မီ မြေကိုကြိုပြင်ဖို့ Trichoderma ထည့်သွင်းပြုပြင်ဖို့

. Land Preparation
မြေပြင်ထားပြီးနောက် ၅-၇ ရက် အကြာမှာ မြေခံမှိုသတ်ဆေး ထည့်သွင်းအသုံးပြုခြင်းသည် မှိုမျှင်ပွါးများမှုကို အဟန့်အတားဖြစ်စေမှု အနည်းဆုံးလို့ တွေ့ရှိရပါတယ်။
  • (စပါးရာသီကတည်းက ထုံးထည့်မြေပြင်ထားဖို့၊ ပေါင်းသတ်ဆေး စနစ်တကျသုံးဖို့ ပြောခဲ့ပါတယ်)။ ဒါတွေကို လိုက်နာဆောင်ရွက် ပြီးပြီဆိုပါစို့။

    Trichoderma ထည့်သွင်းမြေပြုပြင်ပြီးရင် ဘယ်လောက်အကြာမှာ မြေခံမှိုသတ်ဆေး သုံးလို့ရနိုင်မှာလဲ၊ ဘယ်မှိုသတ်ဆေးတွေက Trichoderma ရဲ့ ပွါးများမှုမထိခိုက်စေနိုင်တာလဲ။ ဘယ်နှုန်းထားနဲ့ မြေခံထည့်သင့်သလဲ ဆိုတာကိုလည်း သိဖို့လိုသလို စနစ်တကျ ဆောင်ရွက်ဖို့လည်းလိုလာပါတယ်။

    သုတေသနများပြုလုပ်ဆောင်ရွက်ပြီး အတည်ပြုချက်များအရ Trichoderma ထည့်သွင်း၍ (သင့်လျော်သောမြေအစိုဓာတ်ရှိရပါမယ်) မြေပြင်ထားပြီးနောက် ၅-၇ ရက် အကြာမှာ မြေခံမှိုသတ်ဆေး ထည့်သွင်းအသုံးပြုခြင်းသည် မှိုမျှင်ပွါးများမှုကို အဟန့်အတားဖြစ်စေမှု အနည်းဆုံးလို့ တွေ့ရှိရပါတယ်။ ဒါကြောင့် Trichoderma ထည့်ပြီး ၁ ပတ်အကြာမှာ မြေခံမှိုသတ်ဆေးထည့်ပြီး ပဲကြဲနိုင်ပါတယ်။

    ဘယ်မှိုသတ်ဆေးတွေက Trichoderma အပေါ် ထိခိုက်မှုအနည်းဆုံးဖြစ်နိုင်ပါသလဲ။

    Azoxystrobin

    Boscalid

    Chlorothalonil

    Copper အခြေခံမှိုသတ်ဆေးများ

    မြေခံအဖြစ် ရွေးချယ်သင့်တာသည် Azoxystrobin ဖြစ်ပါတယ်။ ၁၀၀ % မြေဆောင်မှိုကျရောက်မှုအပေါ် စိတ်ချရတာမျိုးမရနိုင်သော်လည်း သိသာတဲ့အနေအထားအထိ ရောဂါကျရောက်မှုကို ဟန့်တား/ထိန်းထားနိုင်ပါတယ်။

    ဘယ်နှုန်းထားနဲ့ သုံးရမလဲ

    သုံးမယ့် ဆေးရဲ့ ပြင်းအား၊ မြေအမျိုးအစားနဲ့ဆိုင်ပါတယ်။

    Azoxystrobin ကို မြေခံအဖြစ် အသုံးပြုနိုင်တဲ့နှုန်းထား 45-90 gm (cc) AI/ ဧက ဖြစ်ပါတယ် (ကိုးကား - EPA)

    တစ်ဧကမှာ ဆေးအစစ် 45-90 ဂရမ်ဆိုတဲအဓိပ္ပာယ်ပါ။ မူလအဆိပ်ကို ဆိုလိုပါတယ်။ စျေးကွက်မှာ မှိုသတ်ဆေးအဖြစ် ဖော်စပ်ထုတ်လုပ်ပြီးသားဆေး (အကူပစ္စည်းရောပြီးသားဆေး) 45-90 ဂရမ်ကို ဆိုလိုတာမဟုတ်ပါ။

    တောင်သူတစ်ဦးသည် 12.5 % ပြင်းအားရှိ Azoxystrobin ဆေးကို မြေခံအဖြစ်

    အသုံးပြုလိုလျှင်

    အနိမ့်ဆုံးနှုန်းထားအတွက်

    ၄၅/၀.၁၂၅ = ၃၆၀ ဂရမ်

    အမြင့်ဆုံးနှုန်းထားအတွက်

    ၉၀/၀.၁၂၅ = ၇၂၀ ဂရမ်

    တဧကစာ လိုအပ်ပါတယ်။ မြေအမျိုးအစားသည် သဲနုန်းမြေမျိုးဖြစ်ပါက ၇၂၀ ဂရမ်/ဧက သုံးနိုင်ပြီး မြေစေးဖြစ်ပါက ၃၆၀ ဂရမ်/ ဧက သုံးရပါမယ်။ တဧကအတွက် ရေ ၂၀-၄၀ ဂါလံ လိုအပ်ပြီး မြေအနက် ၈-၁၀ လက်မအထိ နှံ့စပ်အောင် ရောမွှေဖို့လိုပါတယ်။ ထယ်ကြောင်းဆွဲပြီးဖျန်းလို့လည်း ရပါတယ်။

    အကယ်၍ ဆေးသည် 20 % Azoxystrobin ဖြစ်တယ်ဆိုပါစို့။

    အနိမ့်ဆုံးနှုန်းထားအတွက်

    ၄၅/၀.၂ = ၂၂၅ ဂရမ်

    အမြင့်ဆုံးနှုန်းထားအတွက်

    ၉၀/၀.၂ = ၄၅၀ ဂရမ်

    တဧကစာ သုံးရပါမယ်။

    ***သင်တန်းအတွက် ပြင်ဆင်မှုများမှ ကောက်နုတ်ချက်***

    Dr. DaDa

    Ph. D Entomology

    --------

    စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752

    ထွက်တိုးတောင်သူအကြံပေးဖုန်း - ၀၉၉၇၇၉၁၀၀၀၀

    ထွက်တိုးရယူရန်_ https://htwettoe.com/download

    ထွက်တိုး တယ်လီဂရမ်_ https://t.me/htwettoe

    ထွက်တိုး viber _ https://shorturl.at/hkYFX


  • article
likes
8
comments
0
views
2452