cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ပဲခူးတိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် မွေးမြူရေးဆိုင်ရာအကြံပြုချက်

. Weather News
အထူးသဖြင့် ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ရောဂါတွေကျတတ်လို့ တစ်ဧကကို ထုံး ၁၅ ပိဿာနဲ့ ဆား ၁၅ ပိဿာကြိုထည့်ပေးဖို့ အကြံပြုတိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ။
  • ပဲခူးတိုင်းဒေသကြီးရှိ လက်ပံတန်းမြို့နယ်၊ မိုးညိုမြို့နယ်၊ သာယာဝတီမြို့နယ် များအတွက်ကတော့

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ (၈) ရက်နေ့မှ (၁၄) ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့်

    မိုးညိုမြို့နယ်မှာ အောက်တိုဘာလ (၈) ရက်နေ့မှ (၁၄) ရက် နေ့အထိ မိုးရွာရန် ရာနှုန်း ၂၅ မှ ၇၅ အထိ ရှိနိုင်ပါတယ်။အောက်တိုဘာလ ၉ ရက်တွင် မိုးရွာရန် ရာခိုင်နှုန်းမှာ ၇၅ ရှိနိုင်ပြီး အောက်တိုဘာလ ၁၀ ရက်တွင် မိုးရွာရန် ၂၅ ရာနှုန်းသာရှိနိုင်ပါတယ်ခင်ဗျာ။ ကျန်သောရက်များမှာ ၄၀-၆၁ ရာခိုင်နှုန်း အတွင်း မှာ ရှိနိုင်ပါသည်။ အောက်တိုဘာလ ၁၃ ရက်နေ့တွင် အမြင့်ဆုံးအပူချိန်မှာ ၃၄°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၅.၃°C ရှိနိုင်ပါတယ်ခင်ဗျာ။

    လက်ပံတန်းမြို့နယ်မှာ အောက်တိုဘာလ (၈) ရက်နေ့မှ (၁၄) ရက် နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၁၄ မှ ၇၈ အတွင်းရှိနိုင်ပါတယ်။ အောက်တိုဘာလ ၈၊ ၁၁ ရက်တွင် မိုးရွာရန် ရာနှုန်း ၇၀၊ ၇၈ ရှိနိုင်ပြီ အောက်တိုဘာလ ၁၀ ရက်နေ့တွင် မိုးရွာရန် ၁၄ ရာခိုင်နှုန်းသာရှိပါတယ်ခင်ဗျာ။ ကျန်သောရက်များတွင် မိုးရွာရန် ၃၉ မှ ၇၈ ရာခိုင်နှုန်း အတွင်းမှာ ရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် မှာ ၂၃.၉°C အမြင့်ဆုံးအပူချိန် ၃၃.၈ °C ထိရှိနိုင်ပါတယ်ခင်ဗျာ။

    သာယာဝတီမြို့နယ်မှာ အောက်တိုဘာလ (၈) ရက်နေ့မှ (၁၄) ရက် နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၂၅ မှ ၇၈ အတွင်း ရှိနိုင်ပါတယ်။ အောက်တိုဘာလ ၁၀ ရက်တွင် မိုးရွာရန် ရာနှုန်း ၂၅ သာ ရှိနိုင်ပါတယ် ခင်ဗျာ။ ကျန်သောရက်မှာ မိုးရွာရန် ၄၂ မှ ၇၈ ရာခိုင်းနှုန်းအတွင်း ရှိနိုင်ပါတယ်။ စက်တင်ဘာလ ၁၀ ရက်နေ့တွင် အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် ၂၄.၇°C မှ အမြင့်ဆုံးအပူချိန် ၃၃.၈°C ထိရှိနိုင်ပါတယ်ခင်ဗျာ။

    ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်

    ယခုတစ်ပတ်အတွင်း မိုးရွာနိုင်ခြေနည်းပါတယ်။ တဖြည်းဖြည်းနဲ့ ရာသီအကူးအပြောင်းကို ရောက်ရှိ လာတော့မှာဖြစ်တဲ့အတွက် ငါးရောဂါတွေ ဖြစ်တတ်လို့ ကြိုတင်ပြင်ဆင်ဖို့ အသိပေးလိုက်ရပါတယ် ခင်ဗျာ။ အထူးသဖြင့် ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ရောဂါတွေကျတတ်လို့ တစ်ဧကကို ထုံး ၁၅ ပိဿာနဲ့ ဆား ၁၅ ပိဿာကြိုထည့်ပေးဖို့ အကြံပြုတိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ။

    Weather Source: CIAT

    ----------------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes
6
comments
1
views
3996