နှမ်းစျေးကျပြီး အရောင်းဝယ်အေးနေ
မိုးနှမ်းအဝင်ရှိပြီး တရုတ်ဝယ်လက် နည်းနေ၍ စျေးနှုန်းနိမ့်ကျသွား ခြင်းဖြစ်ကြောင်း ကုန်သည်အချို့က သုံးသပ်ကြသည်။
“ လက်ရှိ နှမ်းဖြူစျေးက ကျသွားတယ်။ နှမ်းနက်ကတော့ငြိမ်တယ်။ အခု ရက်ပိုင်း နည်းနည်း တက်လာတယ် ။ စျေးကွက်မှာ အက်စစ်အောင်တဲ့ နှမ်းတွေကို အဓိက အရောင်းအဝယ်ဖြစ်တာ။ အက်စစ်အောင်ရင် နှမ်းက စျေးမြင့်တယ်။ မအောင်တဲ့ နှမ်းက ကျတယ်။ မိုးနှမ်းဝင်ချိန်ဆိုတော့ စျေးကျတယ် ။” ဟု အောင်လံမြို့မှ နှမ်းကုန်သည်တစ်ဦးက ပြောသည်။
မန္တလေး ကုန်စည်ဒိုင်တွင် နှမ်းနက် AV မလွတ် ၄၅ပိဿာဝင် တစ်အိတ်လျှင် ၅၉၀၀၀၀ မှ ၆၁၀၀၀၀ ကျပ်၊ AV2 ၄၅ပိဿာဝင် တစ်အိတ်လျှင် ၆၆၇၀၀၀၀ ကျပ် နှင့် AV 3 ၄၅ ပိဿာဝင် တစ်အိတ်လျှင် ၆၃၀၀၀၀၀မှ ၆၅၀၀၀၀ ကျပ်အထိ ပေါက်စျေးရှိပြီး နှမ်းဖြူ ရိုးရိုး ၄၅ ပိဿာ၀င် တစ်အိတ်လျှင် ၃၃၀၀၀၀ မှ ၃၄၀၀၀၀ ကျပ် ရှိကြောင်း သိရသည်။
ထို့အပြင် အောင်လံကုန်စည်ဒိုင်တွင်ဖုန်းဖြင့် ဝယ်ရောင်းစျေး နှမ်းနက် (A1) ၄၅ ပိဿာဝင် တစ်အိတ်လျှင် ၆၁၀၀၀၀ မှ ၆၅၀၀၀၀ကျပ် လည်းကောင်း Aမလွတ် ၄၅ပိဿာဝင် တစ်အိတ်လျှင် ၅၈၅၀၀၀ ကျပ်ဖြင့် ရောင်းဝယ် ဖြစ်နေပြီး နှမ်းဖြူမှာ စျေးနှုန်းမှာ ၃၃၀၀၀၀ကျပ် ဖြင့် အရောင်းဝယ်ဖြစ်နေကြောင်းသိရသည်။
လက်ရှိ နှမ်းစျေးမှာ ပြီးခဲ့သည့် အပတ်ဖြင့် ယှဉ်ပါက နှမ်းစျေးများ ကျဆင်းသွားပြီး ပြီးခဲ့သည့် စက်တင်ဘာလဖြင့် ယှဉ်ပါက အတက်စျေးတွင် ရှိကြောင်း သုံးသပ်ကြသည်။
“ ဒီနေ့ နှမ်းနက်က စျေးလေး နည်းနည်း ပြန်တက်လာတယ်။ တက်လဲ တစ်သောင်း နှစ်သောင်း ပါ ။ နှမ်းဖြူကတော့ စျေးကျတယ်။ လက်ရှိ ပြည်တွင်း အခြေအနေတွေကြောင့် ပြည်ပတင်ပို့တာတော့ ခက်ခဲတယ်။ တရုတ်က အဝယ်နည်းသွားတယ်။ အရည်အသွေး ကောင်းတဲ့ နှမ်းတွေပဲ ပြည်ပကကြိုက်တယ် ။ အရည်အသွေးရှိတဲ့ နှမ်းက ရှားတယ်။ မိုးမိခဲ့တဲ့ နှမ်းတွေကတော့ အက်စစ်မအောင်တော့ အရည်အသွေးမကောင်းဘူး။ “ ဟု မန္တလေး ကုန်စည်ဒိုင်မှ နှမ်းကုန်သည်တစ်ဦးက ပြောသည်။
လက်ရှိ ပြည်တွင်းနှမ်းကို တရုတ်နယ်စပ် ဂိတ်များ မှ တဆင့် ပုံမှန် တင်ပို့ နေရ ခြင်း ဖြစ်ပြီး အဝယ်အနည်းငယ်သာရှိကြောင်းသိရသည်။
မြန်မာ့နှမ်းကို တရုတ်နိုင်ငံ၊ ကိုရီးယား၊ ဂျပန်၊ စင်ကာပူနှင့် ထိုင်၀မ်တို့ကိုလည်း တင်ပို့လေ့ရှိပြီး တရုတ်နိုင်ငံ တစ်ခုတည်းသာအာထား တင်ပို့နေရကြောင်း၊ တစ်နှစ်လျှင် တရုတ်ဘက်သို့ တန်ချိန် ၃သိန်းခန့် တင်ပို့လျှက်ရှိကြောင်းသိရသည်။
ပြည်တွင်းတွင်းပုံမှန် နှမ်းထွက်ရှိမှုနှုန်းမှာ တစ်နှစ်လျှင် တန်ချိန် ၆သိန်းမှ ၈သိန်း ထိ ထွက်လေ့ ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် နှမ်းကို ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် အများအပြား စိုက်ပျိုးလျက်ရှိ ကြောင်းသိရသည်။
ဖိုးချဲ(AMIA)
-----------
သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


NewsFeed
Communities
Explore
Inbox
Me
Market Price