cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ရေကြီးရေလျှံမှုဖြစ်ပြီးနောက်ပိုင်း ကျန်းမာရေးအတွက် သတိထားစရာများ

. All News
စက်တင်ဘာလ ၉ ရက်နေ့ကနေစပြီးတော့ တိုင်ဖွန်းရာဂီကြောင့် ပြည်နယ်နဲ့တိုင်း ၉ ခုမှာ ရေကြီးရေလျှံမှုကြောင့် လူတွေရဲ့ အသက်နဲ့အိုးအိမ်စည်းစိမ်တွေ အများအပြား ထိခိုက်ပျက်စီးခဲ့ရပါတယ်။
  • မြန်မာနိုင်ငံရဲ့နေရာအနှံ့အပြားမှာ ရေကြီးရေလျှံမှုပုံမှန် ဖြစ်လေ့ရှိပြီး ဒီနှစ်မှာတော့ စက်တင်ဘာလ ၉ ရက်နေ့ကနေစပြီးတော့ တိုင်ဖွန်းရာဂီကြောင့် ပြည်နယ်နဲ့တိုင်း ၉ ခုမှာ ရေကြီးရေလျှံမှုကြောင့် လူတွေရဲ့ အသက်နဲ့အိုးအိမ်စည်းစိမ်တွေ အများအပြား ထိခိုက်ပျက်စီးခဲ့ရပါတယ်။ ပြန်လည်ထူထောင်ရေးကာလမှာ စား၊ဝတ်၊နေ၊ရေးက အဓိကဖြစ်ပေမယ့် မလိုလားအပ်တဲ့ ကျန်းမာရေး ပြဿနာတွေ မဖြစ်လာစေဖို့ကလည်း အရေးကြီးပါတယ်။ အဲ့တာကြောင့် ဒီအပတ်မှာတော့ ရေကြီးပြီးနောက် ဖြစ်တတ်တဲ့ ကျန်းမာရေး ပြဿနာများနဲ ကိုယ်တိုင်ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ နည်းလမ်းများကို အကြံပြုဖော်ပြပေးလိုက်ရပါတယ်။

    ရေကြီးတဲ့အခါ အဓိကအားဖြင့် ကျန်းမာရေးပြဿနာ ၅ ရပ်ကို ကြုံတွေ့ရလေ့ရှိပါတယ်။ အဲ့ဒါတွေကတော့ ရေနစ်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ မြွေအန္တရာယ်ကြုံရခြင်း၊ အရေပြားရောဂါများ၊ ဝမ်းပျက်ဝမ်းလျှောခြင်း စသည့်ရေမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ နှင့်အခြားကူးစက်ရောဂါများပဲ ဖြစ်ပါတယ်။

    မြွေကိုက်ခံရလျှင်-

    မြွေဆိုးကိုက်ခံရရင် မြွေရဲ့ မေးရိုးရှိကြွက်သားများက အဆိပ်အိတ်ကို ဖိနှိပ်တဲ့အတွက် အဆိပ်တွေက ဆေးထိုးအပ်နဲ့ ထိုးသွင်းသလို အထဲကိုဝင်သွားပါတယ်။ ဒါကြောင့် ကြွက်သားဖိအားနဲ့ အဆိပ်ကို ပြန်ထုတ်ယူဖို့မလွယ်ပါဘူး။ အဲဒါကြောင့်-

    - ကိုက်ခံရတဲ့နေရာကို ရရာအဝတ်နဲ့ခပ်ဖွဖွသုတ်ပေးပါ။ ရေရနိုင်လျှင်ရေနဲ့ဆေးပေးပါ။

    - မြွေကိုက်ခံရသည့်နေရာအပေါ် ပတ်တီးခေါက်/အဝတ်ခေါက်/ရေမြှုပ်တင်၍ ပတ်တီးကို အရမ်းမတင်းကျပ်စေဘဲ မြဲရုံသာစည်းပါ။

    - ပတ်တီးစည်းပြီးပါက ဝါးခြမ်း (သို့) တုတ်ချောင်းရှည်ဖြင့် မြွေကိုက်ခံရသော ခြေ(သို့) လက်တစ်ချောင်းလုံးကို ကပ်ပြီး ကြပ်စည်းပါ။ ခြေဆစ်/လက်ဆစ်ရဲ့အထက်နဲ့အောက်မှာ ကြိုး(သို့) ပတ်တီးနဲ့ချည်နှောင်ရပါမယ်။

    - လူနာကို လှုပ်ရှားမှု လုံးဝမပြုလုပ်စေဘဲ နီးစပ်ရာ ကျန်းမာရေးစောင့်ရှောက်မှု ရနိုင်တဲ့နေရာကို အမြန်ဆုံးသွားရပါမယ်။

    - မြွေဆိပ်ဖြေဆေးလိုအပ်ခဲ့ရင် မှန်ကန်တဲ့ဖြေဆေးထိုးနိုင်ရန်အထောက်အကူဖြစ်စေဖို့ ဖြစ်နိုင်ရင် ကိုက်တဲ့မြွေအသေကို တစ်ခါတည်း ယူဆောင်သွားပါ။

    ငှက်ဖျားနဲ့အခြားသောခြင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါများမှကာကွယ်ရန်

    - ရေမြှုပ်/ရေဝပ်သောနေရာများအား ရှင်းလင်းပါ။

    - နေ့လည်နေ့ခင်း အလင်းရောင်နှင့် လေဝင်လေထွက်ကောင်းစေရန် ပြတင်းပေါက်များကို ဖွင့်ထားပါ။

    - ခြင်ကိုက်ခံရခြင်းမှကာကွယ်ရန် လက်ရှည်/ဘောင်းဘီရှည် ဝတ်ဆင်ပါ။

    - အိပ်စက်အနားယူသည့်အချိန်တိုင်း ခြင်ထောင်ထောင်အိပ်ပါ။

    ရေမှတစ်ဆင့်ကူးစက်တတ်သောရောဂါများမှကာကွယ်ရန် ရေကိုသန့်စင်ပြီးမှသုံးစွဲပါ။ ရေသန့်စင်ခြင်း နည်းလမ်းတွေကတော့ ရေကိုဆူပွက်အောင်ကျိုချက်ခြင်း၊ ရေထဲကို ကျောက်ချဉ်ခပ်သောက်ခြင်း၊ မြေရေစစ်အိုးဖြင့် ရေစစ်ခြင်း၊ ရေကိုနေလှန်းခြင်းနဲ့ ရေသန့်ဆေးရည်/ဆေးပြား အသုံးပြုခြင်းတို့ပဲဖြစ်ပါတယ်။ ထိုနည်းလမ်းများအနက် ရေကို ကျိုချက်ပြီး သန့်စင်အောင် ပြုလုပ်တဲ့နည်းလမ်းကို ဖော်ပြပေးလိုက်ရပါတယ်။

    - ရေနှောက်နေလျှင် အနည်ထိုင်အောင် ပြုလပ်ပြီးမှ အဝတ်သန့်သန့်ဖြင့် စစ်ယူပါ။

    - ရေကိုတစ်မိနစ်ခန့် ပွက်ပွက်ဆူအောင်တည်ပါ။ ပေ ၅၀၀၀ အထက်မြင့်သော နေရာများတွင် ၃ မိနစ်ခန့် တည်ရပါမယ်။

    - ပြီးနောက်ရေကို အအေးခံပြီး အဖုံးပါတဲ့ ဘူး/ခွက်/ပုံး မှာ စုဆောင်းပြီး အသုံးပြုနိုင်ပါတယ်။

    - ရေကျက်အေးအရသာက ပေါ့တယ်လို့ ခံစားရရင် ရေထဲဆားအနည်းငယ်ခပ်ပြီး သောက်သုံးနိုင်ပါတယ်။

    https://myanhealth.org/articles/10777/ မှ ကူးယူဖော်ပြပါသည်။

    ----


  • article
likes
4
comments
0
views
1870