cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ငါးမွေးမြူရာမှာ ရောမွေးတဲ့စနစ်က သီးသန့်မွေးတဲ့စနစ်ထက် ပိုကောင်းတယ်ဆိုတာ သိပြီးကြပြီလား?

. Fish Articles
ရောမွေးတဲ့စနစ်ဟာ သီးသန့်မွေးတဲ့စနစ်ထက် ရေရှည်တည်တံ့စေပါတယ်။
  • ဒီတစ်ပတ်မှာတော့ ငါးကန်တွေမှာ ရောမွေးတဲ့စနစ်နဲ့ သီးသန့်မွေးတဲ့စနစ်မှာ ရောမွေးတဲ့စနစ် ကောင်းကျိုးလေးတွေကို ဖော်ပြပေးချင်ပါတယ်။ အကယ်၍ ကျွန်တော်တို့ တောင်သူကြီးရဲ့ ငါးကန်ဟာ ရောမွေးတဲ့ ကန်ဆိုရင် သီးသန့်မွေးတဲ့ ငါးကန်တွေထက် အားသာချက်တွေရှိနေပါတယ်။ ဒါတွေကတော့ ထုတ်လုပ်မှုမြင့်တက်စေခြင်း၊ ဂေဟစနစ်နဲ့ ရေရှည်တည်တံ့စေခြင်းစတဲ့ ကောင်းကျိုးတွေဖြစ်ပါတယ်။

    အားလုံးသိကြတဲ့အတိုင်း ရောမွေးတဲ့စနစ်မှာ အမျိုးအစားမတူတဲ့ ငါးတွေကို အတူတကွမွေးမြူပြီး သီးသန့်မွေးတဲ့စနစ်မှာတော့ ငါးမျိုးစိတ်တစ်မျိုးတည်းကိုသာ ထည့်မွေးတဲ့ စနစ်ဖြစ်ပါတယ်။ ရောမွေးတဲ့ စနစ်မှာ ငါးမျိုးစိတ်တွေမတူတဲ့အတွက် စားသောက်တဲ့ အစာလည်းမတူသလို နေထိုင်ကျက်စားပုံလည်း မတူပါဘူး။ ဒါကြောင့် ရှိရင်းစွဲ အရင်းအမြစ်ကို အကျိုးရှိရှိ အသုံးချရာရောက်ပြီး ထုတ်လုပ်မှုကိုလည်း တိုးမြင့်စေပါတယ်။ ဥပမာပြောရရင် အချို့ငါးမျိုးစိတ်တွေက ရေထဲမှာရှိတဲ့ ရေညှိကိုစားတယ်။ တစ်ချို့ကျတော့ အင်းဆက်ကို စားတယ်။ အဲလိုဘဲ တစ်ချို့ကျတော့ အဆွေးအမြေ့တွေကိုစားတယ်။ ဆိုတော့ အဲဒီမှာတင် ကန်ထဲရှိတဲ့ အစာကို မျှစားသလိုဖြစ်ပြီး အစာလုစားတဲ့ ပြဿနာကို လျော့စေပြီး ကန်ထဲမှာရှိတဲ့ အစာအရင်းအမြစ်ကိုလည်း အကျိုးရှိရှိ အသုံးချရာရောက်ပါတယ်။

    ရောမွေးတဲ့စနစ်ဟာ သဘာဝဂေဟနစ်ကိုလည်း အကျိုးပြုသလို ရောဂါ၊ ပိုးမွှားနဲ့ သဘာဝပတ်ဝန်းကျင်အပြောင်းအလဲကို တစ်မျိုးတည်းမွေးတဲ့စနစ်ထက် ပိုပြီး ခံနိုင်ရည်ရှိပါတယ်။ ဥပမာပြောရရင် ကန်ထဲမှာ ရောဂါကျတယ်ဆိုပါစို့။ တစ်မျိုးတည်းမွေးတဲ့စနစ်မှာ ငါးမျိုးစိတ်တူနေတဲ့အတွက် အားလုံးရောဂါ ကူးစက်နိုင်ပြီး ကန်တစ်ခုလုံးမွေးထားတဲ့ ငါးတွေဆုံးရှုံးနိုင်ပါတယ်။ ရောမွေးတဲ့စနစ်မှာဆိုရင် ငါးမျိုးစိတ်တစ်ခုကို ရောဂါကျခဲ့ရင်တောင် အခြားမျိုးစိတ်တွေကို ကူးစက်မှုအလားလာနည်းတဲ့အတွက် ဆုံးရှုံးမှုနည်းစေပါတယ်။

    ရောမွေးတဲ့စနစ်ဟာ သီးသန့်မွေးတဲ့စနစ်ထက် ရေရှည်တည်တံ့စေပါတယ်။ သီးသန့်မွေးစနစ်မှာဆိုရင် မြေဩဇာနဲ့ ပိုးသတ်ဆေးတွေ ပိုထည့်ရသလို ရေထုနဲ့ သဘာဝပတ်ဝန်းကျင်ကိုလည်း ညစ်ညမ်းစေပါတယ်။ ရောမွေးတဲ့စနစ်မှာတော့ အဲ့လိုမဟုတ်ပါဘူး။ ငါးမျိုးစိတ်တစ်ခုက စွန့်ပစ်ပစ္စည်းတွေဟာ အခြား မျိုးစိတ်တစ်ခုအတွက် အစာဖြစ်နေတဲ့အတွက် နောက်ထပ်ဖြည့်စွက်စာထည့်ပေးရတာနည်းစေပြီး ရေထုညစ်ညမ်းမှုကိုလည်း သက်သာစေပါတယ်။

    နောက်ဆုံးတစ်ခုကတော့ ရောမွေးတဲ့စနစ်ဟာ အာဟာရမျိုးစုံကိုပေးပြီး ကျန်းမာရေးကို အထောက်အကူပြုပါတယ်။ ငါးမျိုးစိတ်မျိုးစုံဖြစ်တဲ့အတွက် အာဟာရဓါတ်ပါဝင်နှုန်းမတူညီကျလို့ အာဟာချို့တဲ့မှု မဖြစ်အောင် အကူအညီပေးရာရောက်ပါတယ်။ အချုပ်အနေနဲ့ပြောရမယ်ဆိုရင် ရောမွေးတဲ့စနစ်ဟာ သီးသန့်တစ်မျိုးထဲမွေးတဲ့စနစ်ထက် အထက်မှာ ဖော်ပြခဲ့တဲ့ ကောင်းကျိုးများစွာရှိပါကြောင်း ဖော်ပြပေး လိုက်ပါတယ် ခင်ဗျာ။

    Source: https://www.tutorchase.com/answers/ib/ess/what-are-the-benefits-of-polyculture-over-monoculture-in-aquaculture


  • article
likes
5
comments
0
views
2851