cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ပုသိမ်ဈေးကွက်ရှိ စပါးဈေးနှုန်းနဲ့ ဈေးကွက်သုံးသပ်ခန့်မှန်းချက်

. Market Analysis
ဆန်စက်များမှ အဟောင်းလက်ကျန် အစွဲ နည်းလာကာ ဈေးအီလာတဲ့သဘောလို့ သုံးသပ်မိပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
  • ပုသိမ်ဈေးကွက်ရှိ ပျမ်းမျှ စပါးဈေးနှုန်းများကို လေ့လာသော် ဧည့်မထ(မနောသုခ)ဈေးနှုန်းမှာ တင်း ၁၀၀လျှင် ၁,၈၈၆,၀၀ဝိ/-ကျပ်၊ ပေါ်ဆန်းမွှေး(နွေ)ဈေးနှုန်းမှာ တင်း ၁၀၀လျှင် ၂,၆၀၉,၀၀ဝိ/-ကျပ်၊ ဖြင့် အသီးသီးဈေးပေါက်နေပါတယ်။ (၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့ အရောင်းအဝယ်ဖြစ်တဲ့ ပျှမ်းမျှ ဈေးနှုန်းများ ဖြစ်ပါတယ်) 

    ယခင်လ (ဩဂုတ်လ)နှင့် ယခုလ (စက်တင်ဘာလ)နှိုင်းယှဉ်ခြင်း 

    ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလပျမ်းမျှဈေးနှုန်းအား ယခင် စက်တင်ဘာလပျမ်းမျှဈေးနှုန်းဖြင့် နှိုင်းယှဉ်သော် ပုသိမ်ဈေးကွက်တွင် ဧည့်မထ(မနောသုခ)၊ ပေါ်ဆန်းမွှေးဈေးနှုန်းများမှာ မပြောင်းလဲဘဲ ဈေးငြိမ်နေတာကို တွေ့ရပါတယ်။ 

    ၂၀၂၄ ခုနှစ် လအလိုက်သုံးသပ်ခြင်း 

    ၂၀၂၄ ခုနှစ် နှစ်စမှ လက်ရှိ အောက်တိုဘာလ (ဒုတိယပတ်)အထိ ပျမ်းမျှ စပါးဈေးနှုန်းများကို လေ့လာသော် ဧည့်မထ(မနောသုခ)ဈေးနှုန်းမှာ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွင် ၁,၃၄၉,၈၇၅ ကျပ်၊ မတ်၊ ဧပြီ၊ မေ၊ ဇွန်လများတွင် ၁,၇၆၆,၀၀၀ ကျပ်၊ ဇူလိုင်လတွင် ၁,၇၉၄,၈၀၀ ကျပ်၊ ဩဂုတ်၊ စက်တင်ဘာ၊ အောက်တို ဘာလများတွင် ၁,၈၈၆,၀၀၀ ကျပ်ဖြင့် အသီးသီး ဈေးပေါက်နေပါတယ်။ 

    ပေါ်ဆန်းမွှေးဈေးနှုန်းမှာ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွင် ၁,၅၄၃,၂၅၀ ကျပ်၊ မတ်၊ ဧပြီ၊ မေ၊ ဇွန်လ များတွင် ၂,၀၃၄,၀၀၀ ကျပ်၊ ဇူလိုင်လတွင် ၂,၁၇၂,၀၀၀ ကျပ်၊ ဩဂုတ်၊ စက်တင်ဘာနဲ့ အောက်တိုဘာလ များတွင် ၂,၆၀၉,၀၀၀ ကျပ်ဖြင့် အသီးသီး ဈေးပေါက်နေပါတယ်။ 

    သုံးသပ် ခန့်မှန်းချက် 

    သုံးသပ်ချက်အနေဖြင့် ဧည့်မထ(မနောသုခ)၊ ပေါ်ဆန်းဈေးနှုန်းများမှာ ယခင်လနဲ့ ဈေးတူနေပြီး ငြိမ်နေတာကိုတွေ့ရပါတယ်။ စပါးအသစ်များပေါ်လာချိန် နီးလာသဖြင့် ဆန်စက်များမှ အဟောင်းလက်ကျန် အစွဲ နည်းလာကာ ဈေးအီလာတဲ့သဘောလို့ သုံးသပ်မိပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ 

    ဦးပြည့်ဖြိုးအောင် 

    ထွက်တိုး 


  • article
  • article
likes
12
comments
1
views
3570