cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ဒေါ်လာဈေး ကျဆင်းလာမှုကြောင့် ပဲ/နှမ်း အရောင်းအဝယ်အေးပြီး ကျရိပ်မြင်လာ

. All News
ပဲစဉ်းငုံနီ (RC) တစ်တန် ကျပ် ၄၉ သိန်းအထိ စံချိန်တင်မြင့်တက်ခဲ့ပြီးနောက် ပြန်လည်ကျဆင်းလာတာလည်း ဖြစ်ပါတယ်။
  • အမေရိကန်ဒေါ်လာငွေလဲနှုန်း ဆက်တိုက်ကျဆင်းလာမှုကြောင့် ပြည်တွင်း ပဲ/နှမ်း ဈေးကွက်အတွင်း အရောင်းအဝယ် အေးနေကြောင်း ပဲ၊ နှမ်း ကုန်သည်အသိုင်းအဝိုင်းကနေ သိရပါတယ်။

    စက်တင်ဘာလမှာ ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးရေလျှံမှုဖြစ်စဉ်၊ ပို့ကုန်အမယ် မြေပဲဆန်ကို တရုတ်လိုင်းရဲ့ အဝယ်မရှိသလောက် အခြေအနေတွေကြောင့်လည်း ပဲ/နှမ်းဈေးတွေ ကျရိပ်တွေ့နေရတယ်လို့ ဆိုပါတယ်။

    မနေ့က ပြုလုပ်ခဲ့တဲ့ အမျိုးသားမဟာဗျူဟာ အစိုးရ-ပုဂ္ဂလိကပို့ကုန်မြှင့်တင်ရေးကော်မတီအစည်းအဝေးမှာ စီးပွား/ကူးသန်းဝန်ကြီး ဦးထွန်းအုံက ပဲမျိုးစုံနဲ့ ပြောင်းတင်ပို့မှုမှာ ပထမခြောက်လပတ် သတ်မှတ်လျာထားချက်ထက် ကျော်လွန်အောင် တင်ပို့နိုင်ခဲ့တယ်လို့ ပြောပါတယ်။

    အခြားပို့ကုန်အမယ်တစ်ခုချင်းအလိုက် သတ်မှတ်လျာထားချက်တွေကို ပြည့်မီအောင် တင်ပို့နိုင်ဖို့ လိုအပ်နေတယ်လို့လည်း ၎င်းက ဆိုပါတယ်။

    ဘုရင့်နောင်ကုန်စည်ဒိုင် (ရန်ကုန်) ရဲ့ အောက်တိုဘာ ၁၁ ရက်နေ့ ဈေးနှုန်းစာရင်းအရ မတ်ပဲ (FAQ/RC) တစ်တန် ကျပ် ၃၈ သိန်း၊ မတ်ပဲ (SQ/RC) တစ်တန် ကျပ် ၄၂ သိန်းဝန်းကျင်နဲ့ ပဲစဉ်းငုံနီ (RC) တစ်တန် ကျပ်သိန်း ၄၀ ပတ်ချာလည်နဲ့ ဈေးဖွင့်ခဲ့ပါတယ်။

    စက်တင်ဘာ ၂၁ ရက်နေ့မှာ မတ်ပဲ (FAQ/RC) တစ်တန် ကျပ်သိန်း ၄၀ ကျော် ၊ မတ်ပဲ (SQ/RC) တစ်တန် ကျပ် ၄၄ သိန်းကျော်နဲ့ ပဲစဉ်းငုံနီ (RC) တစ်တန် ကျပ် ၄၉ သိန်းအထိ စံချိန်တင်မြင့်တက်ခဲ့ပြီးနောက် ပြန်လည်ကျဆင်းလာတာလည်း ဖြစ်ပါတယ်။

    Source - BETV Business

    ........

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes
2
comments
0
views
1968