ပျားရည် နှင့် ပျားများအကြောင်း 🐝🐝🐝
- (၁) ပျားတွေဟာ လူတွေအတွက်အစားအစာကို ထုတ်လုပ်ပေးနိုင်တဲ့ တစ်မျိုးတည်းသော အင်းဆက်တွေဖြစ်ပါတယ်။ - ပျားတစ်ကောင်ဟာ သူတို့ဘဝတလျှောက်မှာ ပျားရည်ကို လက်ဘက်ရည်ဇွန်းတစ်ဇွန်းရဲ့ ၁၂ ပုံ တစ်ပုံစာလောက်သာရှိတဲ့ ပမာဏကိုပဲ ထုတ်လုပ်နိုင်ပါတယ်။ - (၂) သူတို့ကို ခြိမ်းခြောက်လာတယ်လို့ခံစားရတာနဲ့ ပျားတွေဟာ ရန်သူကို တုပ်ဖို့ ကြိုးစားကြပါတယ်။ - တုပ်ပြီးတဲ့အခါမှာလည်း ပျားတွေဟာ ေ-သဆုံးသွားရပါတယ်။ - (၃) ပျားရည် တစ်ပေါင်ကို ထုတ်လုပ်နိုင်ဖို့အတွက် လုပ်သားပျား ၅၅၆ ကောင်ဟာ ပန်းပွင့်ပေါင်း ၂ သန်းကျော်ကနေ ဝတ်ရည်တွေကို စုဆောင်းရပါတယ်။ - ပျားရည်တစ်ပေါင်ထုတ်လုပ်နိုင်ဖို့ ပျားတစ်ကောင်ချင်းစီဟာ အကွာအဝေး မိုင်ပေါင်း ကိုးသောင်းလောက်အထိ လှည့်လည် ပျံသန်းရပါတယ်။ - (၄) ပျားရည်ကို ရှေးခေတ်အခါက အီဂျစ်တွေဟာ ငွေပေးချေမှုပုံစံတစ်မျိုးအဖြစ် အသုံးပြုခဲ့ကြပါတယ်။ - (၅) ပျားအုံတစ်ခုမှာ ပျားဘုရင်မဟာ အကြီးဆုံးပျားဖြစ်ပြီး တစ်နေ့ကို ဥပေါင်း ၂၀၀၀ အထိ ဥနိုင်ပါတယ်။ - (၆) ပျားရည်ဟာ အစာကြေလွယ်ပါတယ်။ - ဘာကြောင့်လဲဆိုတော့ ပျားတွေက အစာချေပြီး ထုတ်လုပ်ထားတာဖြစ်လို့ပါပဲ။ - (၇) ပျားရည်ဟာ ကုသမှုစွမ်းရည်အကောင်းဆုံးနဲ့ အထိရောက်ဆုံးဖြစ်ပါတယ်။ - ဒဏ်ရာတွေကို လျင်မြန်ထိရောက်စွာ ကုသပေးနိုင်ပါတယ်။ - (၈) ပျားရည်ဟာ ဘယ်တော့မှ ပုပ်သိုးပျက်စီးခြင်းမရှိပါဘူး။ - အီဂျစ်က ပိရမစ်တွေကို တူးဖော်တဲ့အခါမှာ ဘူမိဗေဒပညာရှင်တွေဟာ အဲ့ဒီခေတ်အခါက ပျားရည်တွေကို အသုံးပြုနိုင်တဲ့အခြေအနေရှိတဲ့ အကောင်းအတိုင်းတွေ့ရှိခဲ့ပါတယ်။ - (၉) ပျားမျိုးစိတ်ပေါင်း နှစ်သောင်းလောက်ရှိပေမဲ့ အဲ့ဒီထဲက မျိုးစိတ် လေးခုကသာ ပျားရည်ကိုထုတ်လုပ်နိုင်ကြပါတယ်။ - (၁၀) ပျားရည်ကို သဘာဝအားဆေးလို့လည်း ခေါ်ကြပါတယ်။ - ဘာကြောင့်လဲဆိုတော့ သူ့မှာ ကာဘိုဟိုက်ဒရိတ်၊ ဂလူးကို့စ်၊ ဖရုတို့စ်နဲ့ အန်တီအောက်စီဒန့်တွေ ကြွယ်ဝစွာပါဝင်လို့ပါပဲ။ - နှိုင်းရင့်နွေ - Ref: General knowledge - မူရင်းရေးသားသူအား crd ပေးအပ်ပါသည်။ - ------------ - ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://l.htwettoe.com/v2 လုပ်ထားပါ။ - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
