cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

"ဗီဒီယိုကြည့်ပြီး ဖုန်းဘေကံစမ်းမယ် (၁၅,၁၆)” မှ ကံထူးသူများ 🤗🤗

. Update and Announcement
ဖုန်းဘေလ်ကံထူးသူများအနေနဲ့ ထွက်တိုးဘက်မှ ဆက်သွယ်ပြီး ဖုန်းဘေဖြည့်ပေးသွားပါမယ်။
  • ငါးမွေးတောင်ဦးကြီးများအတွက် ငါးမွေးမြူရာတွင် အဓိကလိုအပ်သော ရေရရှိမှုနှင့် ရေသံသရာလည်ခြင်းဖြစ်စဥ် ကို နားလည်သဘောပေါက်လွယ်ကူစေရန် အတွက် ၁ မိနစ် ဗီဒီယိုလေးကို ထွက်တိုးနှင့် မိတ်ဖက် အဖွဲ့များဖြစ်သော ဝေါဖစ် (ရှ်) (WorldFish)နှင့်အပြည်ပြည်ဆိုင်ရာ ရေစီမံခန့်ခွဲရေးဌာန (IWMI) တို့မှ ဖန်တီးပြုလုပ်ထားပါတယ်။

    (၁) ဉာဏ်စမ်း ပဟေဠိ မေးခွန်းအဖြေမှန်မှာ -

    ငါးကန်ရေအပူချိန်ပြောင်းလဲခြင်းမှာ ကြီးထွားမှုနှင့်ငါးထုတ်လုပ်မှုအပေါ် သက်ရောက်မှုရှိသည်။ ငါးသည် ”သွေးအေးသတ္တဝါ” ဖြစ်၍ ခန္တာကိုယ်အပူချိန်မှာ သဘာဝပတ်ဝန်းကျင်နှင့်အညီ ပြောင်းလဲလျက်ရှိသည်။ ငါး အပါ အဝင် သတ္တဝါများ၏ ဇီဝကမ္မဖြစ်စဉ် ဥပမာ အသက်ရှူခြင်း အစာစားခြင်း မျိုးပွားသားပေါက်ခြင်း အညစ်အကြေးစွန့်ခြင်း စသည်များမှာအပူချိန်နှင့်ဆက်စပ်လျက်ရှိပါသည်။

    ထို့ကြောင့် အဖြေမှန်မှာ (ခ) မှား ဖြစ်သည်။

    (၂) ဉာဏ်စမ်း ပဟေဠိ မေးခွန်းအဖြေမှန်မှာ -

    ကန်ရေအပူချိန်သည် နေ့အတွင်း မနက် နေ့လည် နှင့် ည နေ အချိန်များ တွင် တူညီမှုမရှိပါ ။ ကန်ရေအပူချိန်သည် နေ့ နှင့် ည ကွာခြားမှုရှိသဖြင့်ရေအပူချိန်တိုင်းခြင်းကို တနေ့လျင် ၂ ကြိမ်ပြုလုပ်ရန် အကြံပြုပါသည်။ နံနက်နေထွက် ပြီးစ လေထုအပူချိန် အနည်းဆုံးဖြစ်နိုင်သောအချိန် နှင့် နေ့လည် နေမွန်းတည့်ပြီးသော လေထုအပူချိန် အမြင့်ဆုံး ဖြစ်နိုင်သောအချိန်များတွင် တစ်ကြိမ်စီတိုင်းရန် ဖြစ်ပါသည်။

    ထို့ကြောင့် အဖြေမှန်မှာ (က) မှား ဖြစ်သည်။

    ဖုန်းဘေလ်ကံထူးသူများအနေနဲ့ ထွက်တိုးဘက်မှ ဆက်သွယ်ပြီး ဖုန်းဘေဖြည့်ပေးသွားပါမယ်။ ထွက်တိုး မက်ဆင်ဂျာတွင်လဲ လာရောက်ဆက်သွယ်ပြီး ဆုများလာရောက်ထုတ်ယူနိုင်ကြောင်းသတင်းကောင်းပါးအပ်ပါတယ်နော်။

    ဗဟုသုတစဉ်ဆက်မပြတ်စေဖို့ ထွက်တိုးသုံးကြစို့

    ထွက်တိုးဆော့ဝဲလ်တွင် လေ့လာရန် - - https://htwettoe.com/download လင့်ကို နှိပ်ပြီး ဒေါင်းလုတ်ပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။


  • article
  • article
likes
13
comments
1
views
2031