တိရစ္ဆာန်အစာအတွက် နေပီယာမြက်စိုက်ပျိုးနည်း
စိုက်ပျိုးနည်း
နေပီယာ မြက်၏ မူရင်းဒေသမှာ အာဖရိက အလယ်ပိုင်းဒေသ ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုတွင် တစ်နှစ်ပတ်လုံး စိုက်ပျိုးလျက်ရှိသည်။
ရာသီဥတု
နေပီယာမြက်သည် ပူနွးသော ရာသီဥတုကို ကြိုက်နှစ်သက်သည်။ ထို့ကြောင့် မြန်မာပြည် အလယ်ပိုင်း မိုးနည်းဒေသတွင် သွင်းရေ အနည်းငယ်ရှိရုံဖြင့် စိုက်ပျိုးနိုင်သော မျိုးစိတ် ဖြစ်ပါသည်။
မြေအမျိုးအစား
နေပီယာမြက် စိုက်ပျိုး ဖြစ်ထွန်းရန် လယ်မြေတွင် အသင့်အတင့်ကောင်းမွန်ရန် လိုအပ်ပြီး ယာမြေတွင် မြေကောင်းရန် လိုအပ်ပါသည်။
မျိုးပွားခြင်း
နေပီယာမြက်ပင်ကို အပင်ပိုင်းမျိုးပွားနည်းဖြင့်သာ စိုက်ပျိုးနိုင်ပါသည်။ မျိုးပွားပိုင်းများကို အသုံးပြုရန် အတွက် စိုက်ပြီး (၃-၄) လ သက်တမ်းရှိသော ပင်စည်များ၏ အလယ်ပိုင်းကိုသာ ရွေးချယ်သင့်ပါသည်။
စိုက်ပျိုးခြင်း
နေပီယာမြက် စိုက်ပျိုးရန် ထယ်(၁) စပ်၊ ထွန် (၁) စပ်မွှေရပါမည်။ (ပင်ကြား တန်းကြား) အကွာအဝေး (၃' × ၃') ထား၍ စိုက်ပျိုးနိုင်သည်။ မိုးရာသီတွင် စိုက်ပျိုးပါက အဆစ် (၂) ဆစ်ပါသော အပင်ပိုင်းများကို အပင်ပိုင်းများကို အဆစ် (၁) ဆစ်ကို မြေတွင် မြှုပ်ပြီး ကျန်တစ်ဆစ်ကို မြေမျက်နှာပြင်နှင့်ထိအောင်ထား၍ စိုက်ပျိုးပါ။
နေပီယာမြက်သည် စိုက်ပြီးရ့် (၃၀) အတွင်း ပေါင်းမြက်ကင်းစင်စေရန် ထယ်ညှက်ခြင်းဖြင့် ဆောင်ရွက်နိုင်ပါသည်။
အပင်စိုက်ပြီး (၁) လသားတွင် တစ်ဧကလျှင် ပုလဲ ၅၀ ကီလို ဂရမ်နှုန်း ထည့်သွင်းပေးမည်။
ရိတ်သိမ်းခြင်း
နေပီယာမြက်သည် (၆၀-၇၅) ရက်သားတွင် ပထမ အကြိမ် ရိတ်သိမ်းနိုင်ပြီး (၃၀-၄၅) ရက်ခြား၍ အကြိမ်ကြိမ် ရိတ်သိမ်းနိုင်ပါသည်။
တစ်နှစ်လျှင် (၆-၈) ကြိမ် အထိရိတ်သိမ်းနိုင်ပြီး ပင်ပွားများရစေရန် အတွက် မြေပြင်ကပ်၍ ရိတ်သိမ်းရပါမည်။
Source _ စိုက်ပျိုးရေး ဦးစီးဌာန
--------
ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://l.htwettoe.com/v2 လုပ်ထားပါ။
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်