cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

စပါးအခြောက်ခံခြင်း၊ သန့်စင်ခြင်း၊ သိုလှောင်ခြင်းလုပ်ငန်းစဥ်များတွင် ဂရုပြုသင့်သည့်အချက်များ

. Post Harvest Management
စပါးရိတ်သိမ်းပြီး စနစ်တကျ အခြောက်ခံခြင်းမပြုလျှင် စပါးများကို ကျိုးကြေစေ၍ ဆန်ထွက်နှုန်းနှင့် ဆန်အရည်အသွေး ကျဆင်းစေသည်။
  • အခြောက်ခံခြင်း

    စပါးကို အစိုအတိုင်းရောင်းဝယ်ခြင်းမပြုပါက ရိတ်သိမ်းပြီး ၂၄ နာရီအတွင်း အစိုဓာတ်ကျဆင်း စေရန် အခြောက်ခံသင့်သည်။

    စပါးရိတ်သိမ်းပြီး စနစ်တကျ အခြောက်ခံခြင်းမပြုလျှင် စပါးများကို ကျိုးကြေစေ၍ ဆန်ထွက်နှုန်းနှင့် ဆန်အရည်အသွေး ကျဆင်းစေသည်။

    ရောင်းဝယ်မည့် စပါး အစိုဓာတ် သည်(၁၅%) ထက်မကျော်စေရန်နှင့် သိုလှောင်ရန် စပါးအစိုဓာတ်မှာ (၁၃%) အောက် ရှိရမည် ဖြစ်သည်။

    ခြောက်၍ သန့်ရှင်းသော မိုးကာစ၊ ပလပ်စတစ်ပေါ်တွင် စပါးကို အခြောက်ခံပါ။ စပါးစေ့များ ကျိုးကြေနိုင်းခြင်း၊ အခြားမသန့်စင်သော ပစ္စည်းများ ပါဝင်နိုင််ခြင်းကြောင့် ကွန်ကရစ် ကြမ်းပြင်ပေါ်တွင် စပါးစေ့ကို တိုက်ရိုက်ထား၍ အခြောက်မခံ သင့်ပါ။ သန့်စင်သော မိုးကာစပေါ်တွင် စပါး အထူ ၂ လက်မခန့် ရရှိအောင်ဖြန့်ပါ။

    စပါးပုံထူပါက လေဝင်လေထွက်မကောင်းဘဲ အစိုဓါတ် လျှော့ချရန် နှေးပြီး စပါးပုံပါးလျှင် အပူချိန်ပြင်းပြင်းရရှိ၍ စပါးစေ့များ ကျိုးကြေနိုင်သောကြောင့် ဆန်ကြိတ်ခွဲရာတွင် အရည်အသွေး မကောင်းတော့ပါ။ အခြောက်ခံသည့် ကြာချိန်သည် စပါး၏ ကနဦး အစိုဓါတ်၊ စပါးပုံ၏အထူ၊ အထက်အောက် လှန်ပေးမှု အကြိမ် အရေအတွက်ပေါ် မူတည်သည်။

    စိုထိုင်းဆ ၁၂-၁၄% ထိရောက်အောင် ဆက်တိုက်အခြောက်ခံပါ၊ အခြောက်ခံခြင်းကို (၁) ရက်နှင့် မပြီးပါက စပါးပုံကို ပြန်စုပြီး ညအချိန် မိုးရေနှင့် နှင်းကျခြင်းမှ ကာကွယ်နိုင်ရန် ခြောက်၍ သန့်စင်သော မိုးကာစဖြင့် ဖုံးအုပ်ထားပါ။

    အခြောက်ခံစက်ဖြင့် အခြောက်ခံပါက စက်၏ အပူချိန်သည် စိုထိုင်းဆ ၆၀% တွင် ၅၀ ံC ထက်မပိုသင့်ပါ၊ အခြောက်ခံနှုန်းအလွန်မြင့်ပါက စပါးစေ့များ ကျိုးကြေနိုင်ပါသည်။

    ဆန်ကြိတ်ခွဲမည့် စပါးဖြစ်ပါက (၂၀၀-၄၀၀) တင်းအား အပူချိန် (၄၀-၅၀) ံC တွင်(၈-၁၀) နာရီထား၍ အစိုဓာတ်၁၅% ခန့်အထိ အခြောက်ခံ နိုင်သည်။ အခြောက်ခံပြီးစပါးအား အေးသွားအောင်ပုံပါ။ အခြောက်ခံခြင်းကို သင့်တော်သော အစိုဓာတ်ရရှိသည်အထိ ဆက်လက်၍ ဖြေးဖြေးချင်း အခြောက်ခံပါ။

    သန့်စင်ခြင်း

    စပါးကို ဖုန်၊ သဲ၊ အမှိုက်၊ အဖျင်း အမှော်၊ တခြားသော အစေ့အဆန်များ ရောပါ မလာအောင် ခြွေလှေ့၍ အခြောက်ခုံပြီးသည့်အခါ သေချာသန့်စင်ဖို့ လိုအပ်ပါသည်။

    စပါးကို ဆန်စက်ထဲကိုထည့်ကြိတ်သည့်အခါ အဖျင်းအမှော် နှင့် ဖုန်၊ သဲ၊ ခဲ များရောပါနေမယ်ဆိုရင် စပါး၏ အလေးချိန်ကိုသာတိုးစေပြီး သန့်စင်သည့်ဆန်ကိုရရှိမည်မဟုတ်နိုင်ပါ။ စားသုံးဖို့ရည်ရွယ်ပြီး ကြိတ်သည့်စပါးကို သေချာခြောက်သွေ့ပြီး သန့်စင်မှသာလျှင် အရည်အသွေးကောင်းတဲ့ဆန်ကိုရရှိမှာဖြစ်ပါသည်။

    သန့်စင်မှုမရှိတဲ့စပါး၊ အဖျင်းအမှော်၊ ဖုန်၊ သဲ၊ ကျောက်စရစ်ခဲများပါသည့်စပါးကို ဆန်အဖြစ်ကြိတ်ခွဲဖို့အတွက် မရွေးချယ်သင့်ပါ။

    စပါး သိုလှောင်ခြင်း

    စပါးစေ့များ အစိုဓာတ်နည်းလာပြီး ခြောက်သွေ့မာကြောလာမှသာ(သိရှိနိုင်ရန် အချို့သော စပါးစေ့များကို ကိုက်ကြည့်ပါ) ကာလကြာရှည် သိုလှောင်နိုင်မည် ဖြစ်ပါတယ်။

    စပါးသိုလှောင်ဖို့အတွက် အစိုဓါတ်( ၁၀- ၁၂%)ခန့် ရှိရမည်။

    စပါးအိတ်များကို မြေကြီးနှင့်ကပ်မနေစေဘဲ စင်ထိုးပြီး စနစ်တကျ သိုလှောင်ရမည်။

    စပါးကို ကာလကြာရှည်သိုလှောင်နိုင်ဖို့အတွက် အစိုဓါတ်နည်းဖို့လိုအပ်ပါတယ်။

    သိုလှောင်သည့် စပါးအိတ်ထဲမှာပါရှိတဲ့ စပါးစေ့၏ အစိုဓါတ်ရာခိုင်နှုန်းမြင့်နေမယ်ဆိုရင် အပူဓါတ်နှင့် အငွေ့လျှော့သွားစေရန် စပါးအိတ်ကို ဖွင့်ထားပေးဖို့ လိုအပ်ပါသည်။ ဒါမှမဟုတ် အစိုဓါတ်မြင့်နေသည့် စပါးများကို သန့်ရှင်းခြောက်သွေ့တဲ့ အခန်းထဲမှာပလတ်စတစ်ခင်းပြီး ဖြန့်ထားနိုင်ပါတယ်။

    သိုလှောင်ထာသည့် စပါးအိတ်ကို ကြွက်၊ ငှက်နှင့် တခြားသော ပိုမွှားများ ဖျက်ဆီးခြင်း၊ မိုးရေစိုခြင်း မဖြစ်အောင် ဂရုစိုက်ရမည်။

    စပါးများကို အိတ်များအတွင်း ထည့်သွင်းသိမ်းဆည်းပါက အိတ်အမြင့်ကို (၁၂)ပေ (၄မီတာ)ထက် မကျော်စေရန် သတိပြုပါ။

    စပါးထည့်သွင်း သိမ်းဆည်းထားသည့် အိတ်များကို အမိုးအောက်၊ စပါးကျီ သို့မဟုတ် ရေစိုခံတာပေါ်လင်စများအောက်တွင် လုံခြုံစွာထားရှိပါ။

    အကယ်၍ စပါးများကို ပိုမိုလုံခြုံစွာနှင့် ပိုမိုကြာရှည်စွာသိမ်းဆည်းချင်ပါက လေလုံအောင်ချိတ်ပိတ်သိုလှောင်ရသည့် လေလုံသိုလှောင်နည်းစနစ်သည် အကောင်းဆုံးဖြစ်ပြီး ၎င်းသိုလှောင်နည်းစနစ်က စပါးနှံများကို အစိုပြန်ခြင်းနှင့် ပိုးမွှားများရန်မှ ကာကွယ်ပေးမည် ဖြစ်ပေသည်။

    Sources : စိုက်ပျိုးရေးနည်းပညာ ဗဟုသုတများ, AGRI DIGIT NEWS

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes
5
comments
0
views
2769