cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ငါးကြင်းအုပ်စုဝင်ငါးမှုန်နှင့် ငါးသန်ပြုစုခြင်းနှင့် အစာကျွေးခြင်း

. Fish Articles
ငါးမှုန်နှင့်ငါးသန်များ ကန်အတွင်းမထည့်မီ ရေနေအင်းဆက်ပိုးများကို သုတ်သင်ရန် လိုအပ်ပါသည်။
  • ငါးများဆေးထိုးသားဖောက်ရာသီသည် စက်တင်ဘာလနောက်ဆုံးပတ်အထိဖြစ်ပါသည်။ သို့သော် အချို့သော မျိုးငါးကောင်းသော ကန်များတွင် အောက်တိုဘာလအထိ ဆေးထိုးသားဖောက်ပြုလုပ်ကြပါသည်။ ငါးသားပေါက်ပျိုးထောင်ရာတွင် နှစ်မျိုးရှိပါသည်၊ ငါးမှုန်မှ ငါးသန်ပြုစုခြင်းနှင့် ငါးသန်မှ ငါးဖျန်းပြုစုခြင်း ဖြစ်ပါသည်။ ငါးမှုန်ပြုစုကန်သည် (ဝ.၁)ဧကမှ (ဝ.၂၅)ဧကတွင် ရေအနက်သည် ၂.၅ ပေမှ ၃ ပေအထိ ထားရှိရပြီး ငါးမှုန်သေးများကို ငါးမှုန်ကြီးအဆင့်အထိ ၁၀ ရက်မှ ၁၅ ရက်အထိ ပြုစုပျိုးထောင်ရပါမည်။ ၁၅ရက်နောက်ပိုင်းတွင် ငါးသန်ကန်သို့ ပြောင်းရွေ့ပြုစုရပါမည်။

    ငါးသန်ပြုစုကန်သည် (ဝ.၂၅)ဧကမှ (၁)ဧက ကန်အကျယ်တွင် ရေအနက် (၃)ပေမှ (၃.၅)ပေအထိ ထားရှိရပါမည်။ အဆိုပါကန်တွင် (၁)လခွဲမှ (၂)လအထိ မွေးမြူပြုစုရပါမည်။ အဆိုပါအချိန်ကာလတွင် ငါး၏ အရွယ်အစားသည် အနည်းဆုံး ၂လက်မခွဲမှ ၄လက်မအထိ ရရှိနိုင်ပါသည်။ထို့ကြောင့် ငါးသားပေါက်ပြုစုရောင်းချသူသည် အချိန်တိုအတွင်း ဝင်ငွေကောင်းသောလုပ်ငန်း ဖြစ်ပါသည်။ ငါးသားပေါက် ပြုစုသူများသည် ငါးမှုန် နှင့် ငါးသန်အရွယ်တွင် ရေနေအင်းဆက်ပိုးများကြောင့် ဆုံးရှုံးမှုများ ရှိနေပါသည်။ ငါးမှုန်နှင့်ငါးသန်များ ကန်အတွင်းမထည့်မီ ရေနေအင်းဆက်ပိုးများကို သုတ်သင်ရန် လိုအပ်ပါသည်။

    ပြုစုကန်အတွင်း ရေဖြည့်ပြီးပါက ကန်အတွင်း စိုက်ပျိုးရေးသုံး ပိုးသတ်ဆေး ပါရာထရစ် Paratrix ကို တစ်ဧကကန်အတွက် (၃၃)မီလီမီတာခန့်ရေဖျော်ပြီး အသုံးပြုပေးပါ။ ရေနေ အင်းဆက်ပိုးများ မထိန်းချုပ်မှီ ငါးသားပေါက် ငါးသန်အရွယ် ၁၀-၁၅ ကောင်ခန့်ကို ကန်၏တစ်နေရာတွင် ပိုက်လှောင်အိမ်ဖြင့် ချိတ်ဆွဲထားပါ၊ ကန်အတွင်း ဆေးထည့်ပြီး ၄-၅ နာရီခန့်စောင့်ကြည့်ပါ၊ ရေတွင် အဆိပ် ဖြစ်၊မဖြစ် စစ်ဆေးနိုင်ပါသည်။ ရေပိုးအတွက် ကာလီမက် ဆေးကိုလည်း အသုံးပြုနိုင်ပါသည်။

    ငါးကြင်းအုပ်စုဝင် ငါးသားပေါက်များကို အစာကျွေးရာတွင် တစ်နေ့လျှင် အနည်းဆုံး (၃)ကြိမ်ကျွေးပေးပါ။ ငါးသားပေါက် စုစုပေါင်းအလေးချိန် တစ်ကီလို (၆၃)ကျပ်သားရှိပါက ပုံတွင်ဖော်ပြသည့် နှုန်းထားအတိုင်း ကျွေးပေးပါရန် အကြံပြုအပ်ပါသည်။

    ဦးဆန်းအောင်

    ထွက်တိုး

    -----


  • article
  • article
likes
1
comments
0
views
3434