cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

မန္တလေးဈေးကွက်ရှိ ပဲဆီ၊ နှမ်းဆီဈေးနှုန်းသုံးသပ်ချက်

. Market Analysis
မန္တလေးဈေးကွက်ရှိ ပဲဆီ၊ နှမ်းဆီဈေးနှုန်းများမှာ နှစ်စမှစ၍ တရိပ်ရိပ်မြင့်တက်လာပါတယ်။
  • မန္တလေးဈေးကွက်ရှိ ပဲဆီ၊ နှမ်းဆီ ပျမ်းမျှဈေးနှုန်းများကို လေ့လာသော် ပဲဆီဈေးနှုန်းမှာ တစ်ပိ ဿာလျှင် ၁၅၀၀၀ိ/-ကျပ်မှ ၁၅၅၀၀ိ/-ကျပ်အထိလည်းကောင်း၊ နှမ်းဆီပျမ်းမျှဈေးနှုန်းမှာ တစ်ပိဿာလျှင် ၁၄၅၀၀ိ/- ကျပ်ဖြင့် လည်းကောင်း၊ အသီးသီးဈေးပေါက်နေပါတယ်။

    ယခင်အပတ်နှင့် ယခုပတ်နှိုင်းယှဉ်ခြင်း

    ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်နဲ့ ဒုတိယပတ် ပျမ်းမျှတစ်ပိဿာဈေးနှုန်းများကို လေ့လာသော် ဒုတိယပတ်တွင် ပဲဆီ ပျမ်းမျှဈေးနှုန်းမှာ တစ်ပိဿာလျှင် ၁၅,၃၅၀ိ/- ကျပ်ရှိရာမှ တတိယ ပတ်တွင် တစ်ပိဿာလျှင် ၁၅,၂၅၀ိ/- ကျပ်ရှိသဖြင့် တစ်ပိဿာလျှင် ၁၀၀ ကျပ် ကျလာပါတယ်။

    အလားတူစွာ နှမ်းဆီ ပျမ်းမျှဈေးနှုန်းမှာ တစ်ပိဿာလျှင် ၁၄,၆၅၀ိ/- ကျပ်ရှိရာမှ တတိယပတ်တွင် တစ်ပိဿာလျှင် ၁၄,၅ဝ၀ိ/- ကျပ်ရှိသဖြင့် တစ်ပိဿာလျှင် ၁၅၀ ကျပ် ကျလာပါတယ်။

    ၂၀၂၄ ခုနှစ် လအလိုက်သုံးသပ်ခြင်း

    ၂၀၂၄ ခုနှစ် နှစ်စမှ လက်ရှိ အောက်တိုဘာလ(တတိယပတ်)အထိ ပျမ်းမျှဈေးနှုန်းများကို လေ့လာသော် ပဲဆီဈေးနှုန်းမှာ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ ဧပြီနှင့်မေလများတွင် တစ်ပိဿာ ပျမ်းမျှဈေးနှုန်းမှာ ၁၁,၀၀၀ိ/- ကျပ်၊ မတ်လတွင် ၁၂,၈၀၀ိ/- ကျပ်၊ ဇွန်လတွင် ၁၃,၃၃၈/- ကျပ်၊ ဇူလိုင်လတွင် ၁၆,၂၇၀ိ/- ကျပ်၊ ဩဂုတ်လတွင် ၁၈,၄၂၅/- ကျပ်၊ စက်တင်ဘာလတွင် ၁၇,၁၂ဝိ/- ကျပ်၊ အောက်တိုဘာလတွင် ၁၅,၅၉၆/- ကျပ်ဖြင့် အသီးသီးဈေးပေါက်နေပါတယ်။

    နှမ်းဆီ ပျမ်းမျှဈေးနှုန်းမှာ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ ဧပြီနှင့်မေလများတွင် တစ်ပိဿာ တစ်ဿာလျှင် ၁၂,၅၀၀ိ/- ကျပ်၊ မတ်လတွင် ၁၃,၁၀၀ိ/- ကျပ်၊ ဇွန်လတွင် ၁၃,၄၈၈/- ကျပ်၊ ဇူလိုင်လတွင် ၁၄,၆၁၀ိ/- ကျပ်၊ ဩဂုတ်လတွင် ၁၆,၂၆၀/- ကျပ်၊ စက်တင်ဘာလတွင် ၁၅,၇၁ဝိ/- ကျပ်၊ အောက်တိုဘာလတွင် ၁၄,၇၁၇/- ကျပ်ဖြင့် အသီးသီးဈေးပေါက်နေပါတယ်။

    သုံးသပ်ချက်

    မန္တလေးဈေးကွက်ရှိ ပဲဆီ၊ နှမ်းဆီဈေးနှုန်းများမှာ နှစ်စမှစ၍ တရိပ်ရိပ်မြင့်တက်လာပါတယ်။ ဩဂုတ်လ အထိ မြင့်တက်နေပြီး စက်တင်ဘာလနဲ့ အောက်တိုဘာလများတွင် တရိပ်ရိပ်ကျလာတာကို တွေ့ရပါတယ်။ ယင်းကဲ့သို့ ဈေးကျလာရခြင်းမှာ မကွေးဒေသမှ မြေပဲ၊ နှမ်းအသစ်များ ပေါ်ချိန်ဖြစ်ခြင်းတို့ကြောင့် ဈေးနိမ့် ရခြင်းဖြစ်ပါတယ်။

    ဈေးကွက် ခန့်မှန်းချက်

    မန္တလေးဈေးကွက်ရှိ ပဲဆီ၊ နှမ်းဆီဈေးနှုန်းများ အကျဘက်သို့ရှိနေမည်ဖြစ်ပါကြောင်း ခန့်မှန်းဖော်ပြ ပေးလိုက်ရပါတယ်ခင်ဗျာ။

    ဦးပြည့်ဖြိုးအောင်

    ထွက်တိုး

    -----

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes
5
comments
0
views
2397