cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

စားအုန်းဆီအပါအဝင် ဆီစျေးများ ကျဆင်းနေ

. Market News
စျေးကွက်တွင် စားအုန်းဆီ အပါအဝင် ဆီစျေးများ ကျဆင်းနေကြောင်း စားသုံးသူများ နှင့် အရောင်းဆိုင်များထံမှ သိရသည်။
  • လက်ရှိ မြေပဲစျေး ကျဆင်းနေသည့်အတွက် ပဲဆီစျေး အနည်းငယ် ကျဆင်းနေကြောင်းသိရပြီး စျေးမှာ စားအုန်းဆီအပြင် အပြင်ပေါက်စျေးဖြင့် သိပ်မကွာတော့၍ ပဲဆီသာ စားသုံးမှု ရှိလာကြောင်း စားသုံးသူများထံမှ သိရသည်။

    ပဲစျေး အလျော တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်နှင့် ရှယ် တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ် ပေါက်စျေး ရှိကြောင်း သိရပြီး စားအုန်းဆီအပြင် ပေါက်စျေးမှာ ၁၃၀၀၀ ကျော်ထိရှိ နေသေး၍ စျေးသိပ်မကွာတော့ကြောင်း သုံးသပ်ကြသည်။

    “ပဲဆီ တစ်ပိဿာကို ၁၅၀၀၀ကျပ်ပေးဝယ်ရတယ်။ စားအုန်းဆီက စာအုပ်နဲ့ ဝယ်ရင်တော့ အရင်အပတ်က ၅၀သားကို ၃၄၅၀ ကျပ် ပေးဝယ်ရတယ်။ အခု အပတ်ထပ်ကျမယ် ကြားတယ်။ စားအုန်းဆီ အပြင် စျေးလဲ ဒီအပတ် ကျလာတယ်။ အရင် ၁၅၀၀၀ လောက်ရှိတယ်။ အခုဆို ၁၃၀၀၀ လောက်ပဲရှိမယ်။ ပဲဆီ နဲ့ သိပ်မကွာတော့ဘူး။ ပဲဆီလဲ ကျနေတယ်။ “ဟု ရန်ကုန်မြို့နေသူ အိမ်ရှင်မ မခိုင်က ပြောသည်။

    စားအုန်းဆီ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာလည်း ဆက်တိုက်ဆိုသလို ကျဆင်းနေပြီး အောက်တိုဘာ လ ၁၄ရက်နေ့မှ ၂၀ ရက်နေ့အထိ စားအုန်းဆီ တစ်ပိဿာလျှင် ၆,၃၅၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

    ထို့ကြောင့် ခွဲတမ်းရ အရောင်းဆိုင်များ အနေဖြင့် ရပ်ကွက်ရုံးမှ ထုတ်ပေးသည့် ဆီဝယ်ယူခွင့် စာအုပ်များဖြင့်သာ ရောင်းချပေးနေပြီး အောက်တိုဘာလ ပထမပတ်က စားအုန်းဆီ ၅၀သား လျှင် ၃၆၀၀ကျပ်ဖြင့်လည်းကောင်း အောက်တိုဘာလ ၇ရက်နေ့ မှ ၁၄ရက်နေ့အထိ ၅၀သား ကို ၃၄၅၀ ကျပ် ဖြင့်လည်းကောင်း ရောင်းချ ပေးနေ၍ စျေးနှုန်းများ ကျဆင်းလာကြောင်း တွေ့ရပါသည်။

    “စားအုန်းဆီက ရည်ညွန်းစျေး ကျလို့ စျေးကျရောင်းပေးတာပါ။ ပြည်ပ တင်သွင်းစျေးပေါ်မူတည်ပြီး တွက်ချက် ရောင်းပေးတာဆိုတော့ ပြည်ပစျေး အနည်းငယ်ကျသွားလို့နေမှာပါ။ နောက်ပြီး ဝယ်ယူ စားသုံးမူလည်း နည်းသွားတယ်။ စျေးကွက်ထဲ စျေးချိုတဲ့ ဆီတွေ ဝင်နေတယ် ကြားတယ်။ တချို့က အဲ့ဆီတွေ ဝယ်စားနေတော့ စားအုန်းဆီ စားသုံးမှု လျော့ ကျပြီး စျေးကျလာတယ်လို့ ထင်ရတယ်။ ပဲဆီလဲ အရင်ထပ် ကျလာတယ်။ မြေပဲဆန်စျေး ကျလာရင် ပဲဆီစျေး ကသူအလိုလို ကျလာတယ် “ ဟု သင်္ဃန်းကျွန်း မှ ဆီအရောင်းဆိုင် တစ်ဆိုင် ကပြောသည်။

    လက်ရှိ စျေးကွက် အတွင်း တံဆိပ် မပါသည့် ဆီဘူးများ ဝင်ရောက်နေပြီး ပဲဆီစျေးနှင့် စားအုန်းဆီစျေးထက် စျေးသက်သာသည့် အတွက် တချို့ မှာ ဝယ် ယူသုံးစွဲလျက်ရှိကြောင်း ရန်ကုန်မြို့နေ စားသုံးသူများထံမှလည်း သိရသည်။

    ဆီ အသင်းအနေဖြင့် Door to Door စနစ်ဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် အိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချပေးနေပြီး ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း လည်း သိရပါသည်။

    ဖိုးချဲ(AMIA)

    Exclusive content for Htwet Toe

    --------

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://l.htwettoe.com/v2 လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်


  • article
likes
5
comments
1
views
1998