cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက် (ရန်ကုန်တိုင်းဒေသကြီး)   

. Weather News
ငါးမွေးတောင်သူကြီးများ အနေဖြင့် မိမိရဲ့ ကန်မှာ ရေလျှံပေါက်များထားပေးဖို့ အဓိကအကြံပြုလိုပါတယ် ခင်ဗျာ။
  • ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေးမြို့နယ်၊ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၁)ရက်နေ့မှ (၂၇)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေး၊ သန်လျင်၊ ကျောက်တန်းမြို့နယ်တွေမှာ အောက်တိုဘာလ ၂၁၊ ၂၂၊ ၂၃ ရက်တွေမှာ မိုးရွာနိုင်ခြေရှိပါတယ်။ ရွာရန် ရာခိုင်နှုန်း ၇ဝ ရာခိုင်နှုန်းမှ ၉၉ ရာခိုင်နှုန်းရှိပါတယ်။  

     ပျမ်းမျှ အမြင့်ဆုံး အပူချိန် ၃၃.၇ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျမ်းမျှ အပူချိန််မှာ ၂၃.၇ ဒီဂရီစင်တီဂရိတ် ထိရှိပါတယ် ခင်ဗျာ။ 

    တွံတေးမြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၁)ရက်နေ့မှ (၂၇)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေးမြို့နယ်တွင် အောက်တိုဘာလ ၂၁၊ ၂၂၊ ၂၃ ရက်တွေမှာ မိုးရွာနိုင်ခြေရှိပါတယ်။ ရွာရန် ရာခိုင်နှုန်း ၇ဝ ရာခိုင်နှုန်းမှ ၉၉ ရာခိုင်နှုန်းရှိပါတယ်။  

     ပျမ်းမျှ အမြင့်ဆုံး အပူချိန် ၃၃.၅ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျမ်းမျှ အပူချိန်မှာ ၂၃.၉ ဒီဂရီစင်တီဂရိတ် ထိရှိပါတယ် ခင်ဗျာ။ 

    သန်လျင်မြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၁)ရက်နေ့မှ (၂၇)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ သန်လျင်မြို့နယ်တွင် အောက်တိုဘာလ ၂၁ ရက်နေ့နဲ့ ၂၃ ရက်နေ့မှာ မိုးရွာ နိုင်ခြေရှိပါတယ်။ ရွာရန် ရာခိုင်နှုန်း ၇ဝ ရာခိုင်နှုန်းမှ ၉၈ ရာခိုင်နှုန်းရှိပါတယ်။  

     ပျမ်းမျှ အမြင့်ဆုံး အပူချိန် ၃၃.၇ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျမ်းမျှ အပူချိန်မှာ ၂၃.၇ ဒီဂရီစင်တီဂရိတ် ထိရှိပါတယ် ခင်ဗျာ။ာ။ 

    ကျောက်တန်းမြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၁)ရက်နေ့မှ (၂၇)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသခန့်မှန်းချက် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ ကျောက်တန်းမြို့နယ်တွင် အောက်တိုဘာလ ၂၁ရက်နေ့နဲ့ ၂၂ ရက်နေ့တွင် မိုးရွာ နိုင်ခြေရှိပါတယ်။ ရွာရန် ရာခိုင်နှုန်း ၈ဝ ရာခိုင်နှုန်းမှ ၉၃ ရာခိုင်နှုန်းရှိပါတယ်။  

     ပျမ်းမျှ အမြင့်ဆုံး အပူချိန် ၃၂.၂ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျမ်းမျှ အပူချိန်မှာ ၂၄.၄ ဒီဂရီစင်တီဂရိတ် ထိရှိပါတယ် ခင်ဗျာ။ 

    ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်  

    ယခုတစ်ပတ်အတွင်း မုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းတဲ့အတွက် ငါးမွေးတောင်သူကြီးများ အနေဖြင့် မိမိရဲ့ ကန်မှာ ရေလျှံပေါက်များထားပေးဖို့ အဓိကအကြံပြုလိုပါတယ် ခင်ဗျာ။ တစ်ဆက်တည်းမှာဘဲ ဆက်တိုက် မိုးရွာသွန်းသဖြင့် နေရောင်မရဖြစ်ကာ အပင်မျှောလေးများ အစာမချက်နိုင်တဲ့အတွက် ရေဩဇာကျသွားတတ်ပြီး ယင်းအပေါ် မ စိုးရိမ်ကျဖို့ တိုက်တွန်းလိုပါတယ်။ နေရောင်ရသော ရက်များတွင် ရေဩဇာပြန်လည် တက်နိုင်ပါ ကြောင်း အသိ ပေးလိုပါတယ်။  

    နောက်တစ်ခုကတော့ အစားကျွေးခြင်းကို ပုံမှန်ကျွေးနှုန်းထက် ၃ ပုံ တစ်ပုံသာ ကျွေးဖို့ တိုက်တွန်း လိုက်ရပါတယ်။ အပူချိန် ကျဆင်းခြင်း၊ မိုးအုံ့ခြင်း၊ မိုးများခြင်း စတဲ့အခြေအနေများတွင် ငါးများဟာ တက်ကြွ လှုပ်ရှားမှုနည်းပြီး အစာစားနှုန်းလည်း နည်းလာတဲ့အတွက် အဆိုပါအခြေအနေတွင် အစာလျော့ကျွေးဖို့ အကြံပြု တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ။ 

    Weather Source: CIAT 

    ----- 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 

     


  • article
likes
9
comments
1
views
3258