ကြက်သွန်ဖြူများ စျေးပြန်တက်လာကြောင်း သိရ
လက်ရှိ စျေးကွက်တွင် ကြက်သွန်ဖြူ (ရှမ်း)များ အဝယ်လိုက်လာပြီး စျေးတက်လာကြောင်း ကုန်သည်များထံမှ သိရသည်။
ကြက်သွန်ဖြူကို ပြည်တွင်း၌ အောက်တိုဘာ၊ နိုဝင်ဘာလတွေမှာ စတင်စိုက်ပျိုးကြခြင်း ဖြစ်ပြီး လက်ကျန်နည်းနေပြီးဖြစ်ကြောင်း သိရသည်။
ထို့အပြင် ကြက်သွန်ဖြူက သီတင်းကျွတ်နောက်ပိုင်း အဝယ်ပြန်လိုက်ပြီး ဈေးတက်နေခြင်းဖြစ်ကြောင်း သိရသည်။
“အခုက စိုက်ချိန် ပြန်ရောက်နေတော့ ဒီလိုချိန်ဆို စျေးတက်တယ်။ အခု အဝယ် သွက်နေတယ်။ အခု ပြန်စိုက်ဖို့ တောင်သူတွေ ပြန် ဝယ်ယူနေတာတွေ ရှိတယ်။ နောက်ပြီးသယ်ယူ ပို့ဆောင်ရေးတွေ ခက်ခဲတာ
ကြောင့် ကြက်သွန်ဖြူက စျေးက ပြန်တက်လာတာ “ ဟု အောင်ပန်း မှ ကုန်သည်တစ်ဦးက ပြောသည်။
မုန်တိုင်းကြောင့် ရေကြီးရေလျှံ ဖြစ်ပေါ်နေခဲ့သည့်အတွက် လမ်းပန်း ဆက်သွယ်ရေး အခက်ခဲများရှိကာ ပစ္စည်း အဝင်နည်းလာ၍ ရှမ်းကြက်သွန်ဖြူများ အပြင် တရုတ် ကြူကုတ် ကြက်သွန်များပါ အမြင့်စျေးတွင် ရှိနေခြင်းဖြစ်ကြောင်းလည်း သိရသည်။
“ရာသီကုန်သွားလို့ ရှမ်း ကြက်သွန်တွေ အဝင်နည်းတယ်။ စျေးကွက်အရ ကြူကုတ်မရှိရင် ရှမ်းကထိုးတက်မှာ။ ရှမ်းမရှိရင် ကြူကုတ်က တက်တယ်။ ရှမ်းမြောက် ပိတ်ထားရင် ကြူကုတ် အဝင်နည်းသွားမှာပဲ။ အခု က အဝယ် သွက်နေကြတယ် စျေးတက်မှာပဲ။“ ဟု exporter တစ်ဦး ကပြောသည်။
ပြည်တွင်း နယ်စပ်အခြေအနေများကြောင့် တရုတ်နိုင်ငံမှ တရားမဝင် ကြက်သွန်ဖြူဝင်ရောက်မှုနည်းကြောင်းလည်း သိရသည်။
လက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ကြက်သွန်ဖြူ ကြူကုတ်ရှယ် တစ်ပိဿာလျှင် ၁၅၅၀၀ မှ ၁၅၈၀၀ ကျပ် အထိ ပေါက်စျေးရှိပြီး အောင်ပန်း ထူး- ၂တစ်ပိဿာလျှင် ၁၀၀၀၀ကျပ် နှင့် အောင်ပန်း ထူး ၃ တစ်ပိဿာ လျှင် ၁၁၅၀၀ကျပ် ၊ နှင့် အောင်ပန်း ထူး -၄ တစ်ပိဿာလျှင် ၁၂၅၀၀ကျပ် ၊ အောင်ပန်း ထူး- ၅ တစ်ပိဿာ လျှင် ၁၃၅၀၀အထိ အသီးသီးပေါက်စျေးရှိကြောင်း သိရသည်။
ပြီးခဲ့သည့် အပတ်ဖြင့် ယှဉ်ပါကရန်ကုန် ဈေးကွက်တွင် ကြူကုတ်က တစ်ပိဿာလျှင် ၇၀၀ ကျပ် ဈေးကျဆင်းပြီး ကြက်သွန်ဖြူ(ရှမ်း) ထူး ကတော့ အရွယ်အစားပေါ်မူတည်ကာ တစ်ပိဿာလျှင် ၁၀၀၀မှ ၂၅၀၀ အထိ မြင့် တက်နေကြောင်း သိရသည်။
အောင်ပန်းစျေးကွက်တွင် ကြုကုတ် တစ်ပိဿာလျှင်၂၀၀၀၀ကျပ် ဖြစ်ပြီး ထူး -၁တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ် ၊ အောင်ပန်း ထူး-၂ တစ်ပိဿာလျှင် ၁၁၀၀၀ကျပ် နှင့် အောင်ပန်း ထူ - ၃ တစ်ပိဿာလျှင် ၁၂၀၀၀ကျပ် ၊ နှင့် အောင်ပန်း ထူး- ၄ တစ်ပိဿာလျှင် ၁၂၅၀၀၊ ထူး-၅ တစ်ပိဿာ လျှင် ၁၃၀၀၀အထိ အသီးသီးပေါက်စျေးရှိကြောင်း သိရသည်။
ကြက်သွန်ဖြူအား ရှမ်းပြည်နယ် အောင်ပန်းမြို့၊ တောင်ကြီးမြို့၊ ပင်လောင်းမြို့နယ်နှင့် ဟိုပုံးမြို့တို့မှာ အဓိကထား စိုက်ပျိုးကြပြီး မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနေ ဖြင့် ကြက်သွန်ဖြူပိဿာချိန် သိန်း ၅၀ ခန့် စားသုံးကြကြောင်း သိရသည်။
ပြီးခဲ့သည့် နှစ်ဖြင့် ယှဉ်ပါက ကြက်သွန်စျေးမှာ အတက်စျေး ရရှိကြောင်း ကုန်သည်များ က သုံးသပ်ကြသည်။
ကြက်သွန်ဖြူအသစ်များမှာ ဖေဖော်ဝါရီလလယ် မှစ၍ မေ လ အထိ စျေးကွက်တွင်း ဝင်လေ့ရှိကြောင်း သိရသည်။
ဖိုးချဲ(AMIA)
------
ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://l.htwettoe.com/v2 လုပ်ထားပါ။
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်


NewsFeed
Communities
Explore
Inbox
Me
Market Price