cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ပဲမျိုးစုံအထွက်တိုးစေမယ့် ပုလဲနှင့် လက်ချားအသုံးပြုနည်း

. Foliar Fertilizer
ယူရီးယား(ပုလဲ)နှင့် လက်ချား(ဘိုရွန်) အသုံးပြု၍ ကုန်ကျစရိတ်နည်းစွာဖြင့် ပဲမျိုးစုံ အထွက်တိုးအောင် ဆောင်ရွက်နည်း
  • ၁။ ပဲမျိုးစုံ သီးနှံများအတွက် အစေ့အဆန်ပြည့်ဝစေရန်နှင့် အပွင့်များ ကြွေကျခြင်းမှ ကာကွယ်ရန် ပန်းပွင့်ချိန်၌ နိုက်ထရိုဂျင်ဓာတ် (ပုလဲ) နှင့် ဘိုရွန် (လက်ချား) လိုအပ်ပါသည်။

    ၂။ မြေတစ်ဧကလျှင် တစ်ရက်အတွင်း အစေ့ (၁.၆)တင်း ထုတ်ပေးနိုင်ရန် တစ်ရက်လျှင် နိုက်ထရိုဂျင် (၁.၅)ပြည် ရှိရန် လိုအပ်ပါသည်။

    ၃။ မြေဆီလွှာတွင် နိုက်ထရိုဂျင်ဓာတ် ကောင်းစွာရှိနေသော်လည်း မြေတစ်ဧကမှ ပဲပင်ဆီသို့ နိုက်ထရိုဂျင် (ဝ.၆)ပြည် အမြင့်ဆုံး ပံ့ပိုးပေးနိုင်သည်။

    ၄။ ဘိုရွန်ဓာတ် (လက်ချား)သည် ပဲမျိုးစုံ သီးနှံပင်များအတွက် အရေးကြီးသော အနည်းလို အာဟာရဓာတ်ဖြစ်သည်။ မြေဆီလွှာအတွင်း ပါဝင်မှု နည်းနေတတ်သည်။

    ၅။ လက်ချား(ဘိုရွန်ဓာတ်) သည် မြေချဉ်တွင် ရေစီးလျှင် အလွယ်တကူ ဆုံးရှုံးတတ်ပြီး မြေငန်တွင် မြေကြီး၌ တွဲကပ်နေ၍ အပင်မှ ကောင်းစွာ မရရှိနိုင်ပါ။

    ၆။ ထို့ကြောင့် ပန်းပွင့်ချိန်မှစ၍ ပဲမျိုးစုံသီးနှံပင်များကို ပုလဲနှင့် လက်ချား ရောစပ်ပက်ဖျန်းပေးရန် လိုအပ်ပါသည်။ ကုန်ကျစရိတ်နည်းပြီး အာဟာရဓာတ်ပါဝင်မှု သေချာခြင်း ၊ ပန်းပွင့်ကာလရှည်ခြင်း ၊ သီးတောင့်များ၍ အစေ့အရည်အသွေးကောင်းခြင်း ၊ ပိုးမွှားရောဂါဒဏ်ခံနိုင်ရည်ရှိခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေပါသည်။

    ၇။ ပဲမျိုးစုံ သီးနှံများတွင် ပန်းပွင့်ချိန်မှစ၍ သီးကင်းစတင် ဝင်ရောက်ချိန်အထိ ပုလဲနှင့်လက်ချားကို ပန်းဖြိုင်ဖြိုင် ပွင့်ချိန်တွင် တစ်ကြိမ်ပတ်ဖျန်းပေးခြင်းဖြင့် အထွက်နှုန်း (၂၀ မှ ၄၀)ရာခိုင်နှုန်းအထိ တိုးလာနိုင်ပါသည်။

    ၈။ဖျော်စပ်နည်းမှာ ရေတစ်ဂါလံတွင် ပုလဲ ဟင်းစားဇွန်း (၄) ဇွန်းနှင့် လက်ချားမှုန့်ဟင်းစားဇွန်း (၁)ဇွန်းကို ပျော်အောင် ဖျော်ပါ။ (မှတ်ချက် - ပရဆေးဆိုင်မှ လက်ချားခဲများကို ဝယ်ယူရရှိနိုင်ပြီး အပူပေး ၍ ပေါက်ပေါက်ကဲ့သို့ ဖြစ်လာချိန်တွင် အမှုန့်ပြုလုပ်အသုံးပြုပါ။(သို့) လက်ချားမှုန့်ကို ဝယ်ယူ အသုံးပြုပါ။

    ၉။ တစ်ဧကတွင် တစ်ကြိမ်လျှင် ဖျော်စပ်ပြီးသား အာဟာရရည် ဂါလန် (၂၀)နှုန်းကို နံနက်စော၊ ညနေစောင်းနှင့် နေအေးသော အချိန်တွင် ပက်ဖျန်းပါ။

    ၁၀။ တစ်ဧကအတွက် လက်ချားအမှုန့် (၂၀) ကျပ်သားနှင့် ပုလဲ(၁)ပြည် လိုအပ်ပါသည်။

    Source-စိုက်ပျိုးရေးဦးစီးဋ္ဌာန

    -----

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://l.htwettoe.com/v2 လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်


  • article
  • article
  • article
  • article
likes
34
comments
2
views
5260