cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ရာသီဥတုဖောက်ပြန်ခြင်းကြောင့် ငါး၊ ပုစွန်မွေးမြူကန်များတွင် ရူပ၊ ဓာတု ပြောင်းလဲခြင်း

. Fish Articles
ဒီဆောင်းပါးဖတ်ရှုပြီး ဖုန်းဘေ (၂၀၀၀) ကျပ် ကံစမ်းနိုင်ပါပြီ။
  • ယခုအချိန်တွင် အချိန်အခါမဟုတ် မိုးအဆက်မပြတ် ရွာသွန်းခြင်းကို ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့်ဧရာဝတီတိုင်းများတွင် ခံစားနေရပါသည်။ အောက်တိုဘာလ ၁၉ရက်မှနေ့မှစတင်ပြီး ၂၅ရက်အထိ မိုးအဆက်မပြတ်ရွာသွန်းခြင်းနှင့် အချို့သောနေရာများတွင် မိုးကြီးခြင်းများ ဖြစ်ပေါ်နေပါသည်။ မိုးရွာသွန်းခြင်းနှင့် နေရောင်ခြည်ကောင်းစွာ မရရှိသော အချိန်သည် အနည်းဆုံး ၃ရက်မှ ၇ရက်အတွင်းရှိနေပါသည်။ အဆိုပါအခြေအနေမျိုးတွင် ငါး၊ ပုစွန် များအပေါ် တိုက်ရိုက် ထိခိုက်မှုများ ရှိနေနိုင်ပါသည်။

    ငါး၊ ပုစွန်ကန်များ၏ ရူပအခြေအနေတွင် ကန်အတွင်း မိုးရေများကျရောက်နေသဖြင့် ကန်များရေလျှံနိုင်သည့်အပြင် ကန်အတွင်း မိုးရေများစွာ ရောက်ရှိနေသဖြင့် ကန်ရေ၏ ချဉ်ဖန်နှုန်းလည်း ကျဆင်းလာနိုင်ပါသည်။ ကန်ရေ၏ချဉ်ဖန်နှုန်းသည် ၅ အထိဆင်းလာပါက ငါး၊ ပုစွန်များကျန်းမာရေးထိခိုက်ပြီး အစားမစားနိုင်သော အခြေအနေတွင် ရှိတတ်ပါသည်။ မိုးအဆက်မပြတ်ရွာသွန်းပြီး ကန်ရေလျှံမှုကြောင့် ငါး၊ ပုစွန်များ ဆုံးရှုံးနိုင်ပါသည်။

    ငါး၊ ပုစွန်ကန်အတွင်း ဓာတုပြောင်းလဲခြင်းအခြေအနေမှာ နေရောင်ခြည် လုံလောက်စွာမရရှိသဖြင့် ကန်အတွင်း အလင်းမှီစုဖွဲ့ခြင်း လုပ်ငန်းကို မဆောင်ရွက်နိုင်သဖြင့် ကန်အတွင်း အောက်စီဂျင်ထုတ်လုပ်မှု လုပ်ငန်းကို မဆောင်ရွက်နိုင်ပါ။ ထို့ကြောင့် ကန်အတွင် ပျော်ဝင်အောက်စီဂျင် ပြတ်လပ်မှုများ ကြုံတွေ့ရတတ်ပါသည်။ ထို့အတူ နေရောင်ခြည် လုံလောက်စွာ မရရှိသဖြင့် အပင်မျှောလှေး နှင့် အကောင်မျှောလှေးများ မပေါက်ဖွားနိုင်ကြပါ။ ထို့ကြောင့်ကန်ရေ၏ မူလရေအရောင်အစိမ်းရောင်သည် ပျောက်ကွယ်သွားမည်ဖြစ်ပါသည်။ ကန်ရေ သြဇာ ပျောက်ဆုံးပျက်စီးသွားသဖြင့် ရေကြည်နှုန်းသည်လည်း လက်မ (၂၀)အထက်တွင် တွေ့ရှိရပါမည်။

    အထက်ပါ ငါး၊ ပုစွန်ကန်များအပေါ် ရူပ၊ ဓာတု ပြောင်းလဲလာခြင်းသည် ငါး၊ ပုစွန်အပေါ် ဖိစီးမှုများ ဖြစ်ပေါ်စေပြီး ငါးများအစာမစားနိုင်ခြင်း၊ အစာစားနှုန်း ကျဆင်းခြင်း၊ ကျန်းမာရေး ချို့တဲ့လာပြီး ငါးများသွားလာ လှုပ်ရှားမှု နည်းလာခြင်းနှင့် မနက်ပိုင်းအချိန်တွင် ငါးများကန်ရေမျက်နှာပြင်တွင် တွေ့ရှိရသော အခြေအနေများ ရှိတတ်ပါသည်။ ထို့ကြောင့် ငါး၊ ပုစွန်မွေး တောင်သူများအနေဖြင့် အထက်ဖော်ပြပါ အခြေအနေမျိုးတွင် အစာ ကျွေးခြင်းကို ရပ်ထားပေးပါ၊ အစာကျွေးလိုပါက မူလကျွေးသောအစာ၏ သုံးပုံ တစ်ပုံသာ ကျွေးပါရန် အကြံပြု တင်ပြအပ်ပါသည်။ မိုးရွာရပ်သွားသောအချိန်တွင် ကန်ရေ၏ချဉ်ဖန်နှုန်းကို တိုင်းတာပြီး ချဉ်ဖန်နှုန်း (၇)အောက် ရောက်ရှိနေပါက တစ်ဧကလျှင် ထုံး (၁၅)ပိဿာထည့်ပေးပါရန် အကြံပြုအပ်ပါသည်။ ကန်အတွင်း ရေလျှံခြင်း မဖြစ်စေရန် ကန်ဘောင်ထိပ်မှ ရေလျှံပေါက် တပ်ဆင်ထားရန် လိုအပ်ပါသည်။

    ဦးဆန်းအောင်

    ထွက်တိုး

    ---------

    ဉာဏ်စမ်းဖြေဆိုရန် - https://htwettoe.com/post/51728

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes6comments1
views2277