အသုံးများသောမှိုသတ်ဆေးအချို့နှင့် ထိရောက်မှုရှိသောရောဂါများ
၁။ Azoxystrobin
မှိုရောဂါအများစုကို နှိမ်နင်းနိုင်သောအာနိသင်ရှိ၊ ကာကွယ်၊ကုသနိုင်သောအာနိသင်ရှိ၊ မှဲ့ပြောက်စွန်း၊ ရွက်ပြောက်ရောဂါများအတွက် အာနိသင်အထူးကောင်းမွန်သည်။
၂။ Chlorothalonil
ထိသေအာနိသင်၊ အရွက်တွင်ကျရောက်သော ရောဂါများအတွက်ကာကွယ်နိုင်သောအာနိသင်ရှိသည်။
၃။ Mancozeb
မြေဆောင်ရောဂါအချို့နဲ့ သံကြေးရောဂါအတွက် ကာကွယ်နိုင်တဲ့အာနိသင်ရှိ၊ အစိုဓာတ်နည်းသောအခြေအနေတွင် ထိရောက်မှုနည်းသည်။
၄။ Sulphur
ဖားဥမှို၊ သံကြေး၊ ကြေးဖက်ရောဂါများအတွက် ထိရောက်မှုရှိ၊ ဘူး၊ဖရုံမျိုးနွယ်သီးနှံများတွင် သုံးပါက အပင်ဆေးလောင်လွယ်သည်။
၅။ Difenoconazole, Propiconazole
မှိုစပိုးများပြန့်ပွားမှုကိုတားဆီးပေးနိုင်သည်။ ရွက်ပြောက်၊ ရွက်ခြောက်၊ ပင်စည်ရောဂါများအတွက်အသုံးပြုနိုင်သည်။
၆။ Propamocarb hydrochloride
ပင်စည်ရောဂါများကုသရန်နှင့် မြေဆောင်မှိုရောဂါများအတွက် ကာကွယ်နိုင်တဲ့အာနိသင်ရှိ
၇။ Fosetyl-Al
Narrow spectrum မှိုသတ်ဆေး၊ ပင်လုံးပြန့်အာနိသင်၊
Pythium, Phytophthora ရောဂါများအတွက်ထိရောက်မှုရှိ၊ ကော့ပါးဆေးများနှင့် ရောစပ်အသုံးမပြုသင့်ပါ။
၈။ Copper oxychloride/ Copper hydroxide
မှို၊ ဘက်တီးရီးယားသတ်ဆေးအဖြစ်အသုံးပြုနိုင်သည်။
---------
စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752
ထွက်တိုးတောင်သူအကြံပေးဖုန်း - ၀၉၉၇၇၉၁၀၀၀၀
ထွက်တိုးရယူရန်_ https://htwettoe.com/download
ထွက်တိုး တယ်လီဂရမ်_ https://t.me/htwettoe
ထွက်တိုး viber _ https://shorturl.at/hkYFX



NewsFeed
Communities
Explore
Inbox
Me
Market Price