cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

"ပြည်တွင်းသုံး ကုလားပဲအုပ်စု အရောင်းအဝယ်သွက်နေ"

. Market News
သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
  • - ယခုတစ်ပတ်တွင် ပြည်တွင်းသုံးကုလားပဲအုပ်စု အရောင်းအဝယ်သွက်နေသော်လည်း ပို့ကုန်ပဲများနှင့်ပဲမာလိုင်းများ အရောင်းအဝယ်အေးနေကြောင်း ပဲ၊ နှမ်းကုန်သည်များထံက သိရသည်။ ပြည်တွင်းသုံးပဲမာလိုင်းများမှာ လက်ကျန်ပဲများလို ဈေးကျဆင်းမှုမရှိဘဲ ပုံမှန်သာ အရောင်းအဝယ်ဖြစ်နေသည်။

    - ပဲ၊ နှမ်းဈေးကွက် အရောင်းအဝယ်က ခပ်အေးအေးသာရှိပြီး လက်ကျန်ပဲများကိုသာ အရောင်း အဝယ်ပြုလုပ်နေကြောင်း၊ ပြည်တွင်းသုံးကုလားပဲအုပ်စုသာ အရောင်းအဝယ်ခပ်သွက်သွက်ရှိနေကြောင်း၊ မြေပဲ နှင့် နှမ်းမျိုးစုံဈေးကွက်မှာ ဈေးအနည်းငယ်ဆက်လက်ကျဆင်းနေကြောင်း မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင်(ရွှေစင်သိန်းပွဲရုံ)က ပြောသည်။

    - "သီတင်းကျွတ်ပိတ်ရက်များအလွန် ဈေးကွက်ပြန်လည်စတင်လျက်ရှိရာ ပြည်တွင်းသုံးကုလားပဲ အုပ်စု အရောင်းအဝယ်သွက်နေပါတယ်။ အခြားပို့ကုန် မတ်ပဲ၊ ပဲစင်းငုံများ နှင့် ပဲမာလိုင်းတွေကတော့ အရောင်းအဝယ်ပုံမှန်သာရှိပါတယ်။ မြေပဲဆံဆိုရင် ဈေးတန်းကတက်မလာဘဲ ဈေးဆက်လက် ကျဆင်းနေပါတယ်။ နှမ်းမျိုးစုံဈေးကွက်ကလည်း အေးနေပါတယ်။ ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံးက လက်ကျန်ပဲတွေကိုသာ အရောင်းအဝယ်ခပ်အေးအေးနဲ့ ရောင်းဝယ်နေကြပါတယ်" ဟု ၎င်းက ဆက်လက်ပြောသည်။

    - အောက်တိုဘာ(၂၄)ရက်တွင် ပို့ကုန်မတ်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၅၀,၀၀၀၊ မတ်ပဲ(အသစ်) တစ်အိတ်လျှင် ငွေကျပ် ၃၂၀,၀၀၀၊ ပဲစင်းငုံမှာ အရောင်းအဝယ်မရှိ၊ ပေါက်ဈေးဖွင့်နိုင်ခြင်းမရှိဘဲ ပဲတီစိမ်းအညာတစ်အိတ်လျှင် ငွေကျပ် ၂၄၆,၀၀၀ ပေါက်ဈေးရှိနေသည်။   

    - ပြည်တွင်းသုံးကုလားပဲအုပ်စုမှာ ဈေးအနည်းငယ်မြင့်တက်လာရာ အောက်တိုဘာ(၂၄)ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၃၁၃,၀၀၀၊ ကုလားပဲ V7 တစ်အိတ်လျှင် ငွေကျပ် ၃၃၀,၀၀၀၊ ထိုင်ဝမ်ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၈၅,၀၀၀၊ 929 ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၉၃,၀၀၀ အသီးသီးပေါက်ဈေးရှိနေသည်။

    - ပြည်တွင်းသုံး ပဲမာလိုင်းများမှာ ဈေးအနည်းငယ်ဆက်လက်ကျဆင်းလာရာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ်၂၈၅,၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၅၀,၀၀၀၊ ကျွန်းစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၉၀,၀၀၀၊ ကနေဒါစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၅၆၀,၀၀၀ ပေါက်ဈေးရှိနေပြီး မြေပဲအနီလုံးဆံ တစ်ပိဿာလျှင် ငွေကျပ် ၈,၂၀၀ - ၈,၃၀၀ ပေါက်ဈေးရှိနေသည်။

    - အောက်တိုဘာ(၂၄)ရက်တွင် နှမ်းမျိုးစုံအရောင်းအဝယ်အေးနေရာ နှမ်းညို ၄၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၃၂၀,၀၀၀၊ နှမ်းနက် (စမုံ) ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၅၉၀,၀၀၀၊ အက်စစ်လွတ် တစ်အိတ်လျှင် ငွေကျပ် ၆၄၀,၀၀၀ အသီးသီး ပေါက်ဈေးရှိနေကြောင်းသိရသည်။

    - သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

    Sources : ရွှေမန်း (မကွေးဂျာနယ်)

    ......

    မိုးလေဝသခန့်မှန်းချက်များ၊ သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes
5
comments
0
views
1866