cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ပဲခူးတိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. Weather News
၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်နေ့မှ နိုဝင်ဘာလ (၄) ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့်
  • ပဲခူးတိုင်းဒေသကြီးရှိ လက်ပံတန်းမြို့နယ်၊ မိုးညိုမြို့နယ်၊ သာယာဝတီမြို့နယ်များအတွက်ကတော့

    မိုးညိုမြို့နယ်

    မိုးညိုမြို့နယ်မှာ အောက်တိုဘာလ (၂၉) ရက်နေ့မှ နိုဝင်ဘာလ (၄) ရက် နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၄ မှ ၇၅ အထိ ရှိနိုင်ပါတယ်။ အောက်တိုဘာလ ၂၉ နှင့် နိုဝင်ဘာလ ၁ ရက်တွင် မိုးရွာရန် ရာခိုင်နှုန်းမှာ ၄-၆ ရှိနိုင်ပြီး အောက်တိုဘာလ ၃၀၊ နိုဝင်ဘာလ ၄ ရက်များတွင် မိုးရွာရန် ၆၀-၇၅ ရာနှုန်းရှိနိုင်ပါတယ်ခင်ဗျာ။ ကျန်သောရက်များမှာ ၂၅-၅၆ ရာခိုင်နှုန်း အတွင်းမှာ ရှိနိုင်ပါသည်။ နိုဝင်ဘာလ ၁ ရက်နေ့တွင် အမြင့်ဆုံးအပူချိန်မှာ ၃၃.၁°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၃.၂°C ရှိနိုင်ပါတယ်ခင်ဗျာ။

    လက်ပံတန်းမြို့နယ်

    လက်ပံတန်းမြို့နယ်မှာ အောက်တိုဘာလ (၂၉) ရက်နေ့မှ နိုဝင်ဘာလ (၄) ရက် နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၄ မှ ၈၀ အတွင်းရှိနိုင်ပါတယ်။ အောက်တိုဘာလ ၂၉၊ နိုဝင်ဘာလ ၁ ရက်များတွင် မိုးရွာရန် ၄ ရာခိုင်နှုန်း သာရှိနိုင်ပြီး အောက်တိုဘာလ ၃၁၊ နိုဝင်ဘာလ ၂-၃ ရက်နေ့တွင် မိုးရွာရန် ၄၀-၄၄ ရာခိုင်နှုန်းရှိပါတယ်ခင်ဗျာ။ ကျန်သောရက်များတွင် မိုးရွာရန် ၆၀-၈၀ ရာခိုင်နှုန်းတွင်းမှာ ရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် မှာ ၂၁.၇°C အမြင့်ဆုံးအပူချိန် ၃၄.၄ °C ထိရှိနိုင်ပါတယ်ခင်ဗျာ။

    သာယာဝတီမြို့နယ်

    သာယာဝတီမြို့နယ်မှာ အောက်တိုဘာလ (၂၉) ရက်နေ့မှ နိုဝင်ဘာလ (၄) ရက် နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၄ မှ ၈၀ အတွင်း ရှိနိုင်ပါတယ်။ အောက်တိုဘာလ ၃၀ နှင့် နိုဝင်ဘာလ ၁ ရက်တွင် မိုးရွာရန် ၄ ရာခိုင်နှုန်း သာရှိနိုင်ပါတယ် ခင်ဗျာ။ နိုဝင်ဘာလ ၄ ရက်နေ့တွင် မိုးရွာရန် ရာခိုင်နှုန်း ၈၀ ရှိနိုင်ပြီး အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် ၂၃.၈°C မှ အမြင့်ဆုံးအပူချိန် ၃၃.၃°C ထိရှိနိုင်ပါတယ်ခင်ဗျာ။ ကျန်သောရက်မှာ မိုးရွာရန် ၄၀ မှ ၄၄ ရာခိုင်နှုန်းအတွင်း ရှိနိုင်ပါတယ်။

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်

    ရာသီဥတု ပူတစ်လှည့် အေးတစ်လှည့်ဖြစ်လာပြီး ယင်းအခြေအနေတွင် ငါးရောဂါများကျနိုင်တဲ့အတွက် ငါး/ပုစွန်မွေးမြူသူ တောင်သူကြီးများအနေဖြင့် အောက်ပါအချက်များကို ဆောင်ရွက်ကြဖို့ အကြံပြုလိုပါတယ် ခင်ဗျာ-

    - အကောင်ကြီး၊ ရောင်းတန်းဝင် ငါးကြီးများကို ဖမ်းယူခြင်း (တစ်ဝက်တစ်ပြတ် ကန်ဖော်ခြင်း -partial harvesting) စတင်လုပ်ဆောင်ရန်အတွက် ကြိုတင်ပြင်ဆင်ကြရန်၊

    - မိုးတွင်း ငါးမွေးပြီးနောက် နွေစပါး စိုက်မယ့် တောင်သူကြီးများအတွက် လိုအပ်တာတွေ ပြင်ဆင်ကြရန်၊

    - မိမိရဲ့ ငါးဖမ်းပိုက်များနဲ့ ဆက်စပ်ပစ္စည်းများကို သန့်ရှင်းရေးဆောင်ရွက်ထားရန်၊

    - အခြားသူထံမှ ငှားရမ်းအသုံးပြုမယ်ဆိုရင်လည်း ငါးရောဂါများပါလာနိုင်တဲ့အတွက် အဆိုပါ ငှားရမ်း အသုံးပြုမယ့် ငါးဖမ်းပိုက်နဲ့ ဆက်စပ်ပစ္စည်းများကို ရေဆေးသန့်စင်ပြီးမှသာ အသုံးပြုကြရန်၊

    Weather Source: CIAT

    ......

    မိုးလေဝသခန့်မှန်းချက်များ၊ သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes
2
comments
0
views
2779