ငရုတ်ဈေးတက်လာ💹💹
ပြီးခဲ့တဲ့ တတိယပတ် နဲ့ ယှဉ်ပါက တစ်ပိဿာကို ၂၀၀၀ မှ ၂၅၀၀ အထိ မြင့် တက်လာပါတယ်။ လက်ရှိ ရေကြီး၊ရေလျှံမှုတွေကြောင့် စိုက်ခင်းများ ပျက်စီးပြီး သယ်ယူ ပို့ဆောင်ရေး အခက်အခဲတွေကြောင့် စျေးကွက် ကုန်စိမ်း အဝင်နည်းကာ စျေးနှုန်းများ ပြန်လည် မြင့်တက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။
“အရင်က ငရုတ်ထွက်တဲ့ ဒေသတွေမှာဆို စျေးမရဘူး။ အခုက တစ်ချို့ စိုက်ခင်းတွေ ပျက်စီးတာတွေ ရှိတယ်။ တစ်ချို့ မြို့ တွေကို ပို့ရင် လမ်းခက်ခဲတော့ ကုန်ကျ စရိတ်များပြီး စျေးတက်တာပါ။ စျေးကွက်မှာ အဝင်နည်းကုန်ပြီး ပြန်တက်လာတဲ့ သဘောပါ။ “ ဟု ဧရာဝတီတိုင်းဒေသကြီး မှ ငရုတ်စိုက်တောင်သူတစ်ဦး ကပြောပါတယ်။
လက်ရှိ ရှမ်းပြည်နယ် အောင်ပန်းတွင် ငရုတ် ကျောက်စိမ်း တစ်ပိဿာ ၆၅၀၀ ကျပ် ၊ ကုလားအော်သီးအစိမ်းတစ်ပိဿာ ၁၃၀၀၀ ကျပ် နှင့် ရှမ်းပွခြောက် တစ်ပိဿာ ၁၂၀၀၀ကျပ် ထိ ပေါက်စျေး ရှိပါတယ်။
ဒါ့အပြင် ဘုရင့်နောင်ကုန်စည်ဒိုင်မှာလဲ ငရုတ်ခြောက်တွေ ဖြစ်တဲ့ ပန်းရဲသစ် တစ်ပိဿာ ၆၀၀၀ မှ ၆၅၀၀ ကျပ် ၊ မြှားနီ တစ်ပိဿာ ၅၅၀၀ မှ ၆၀၀၀ကျပ်၊ မိုးထောင် မြစ်ဝ တစ်ပိဿာ ၁၀၀၀၀ မှ ၁၂၀၀၀ ကျပ် ၊ ဆင်ဖြူကျွန်း ပု ၁၂၀၀၀ မှ ၁၄၀၀၀အထိ ရှိပြီး တစ်ပိဿာ ၁၀၀၀ မှ ၃၀၀၀ ကြား ဈေးတက်လာပါတယ်။
ရှမ်းမြောက် လမ်းကြောင်းမကောင်းတဲ့ အတွက် ငရုတ်စိုက်တောင်သူများ လျော့စိုက်ရန် လိုအပ်တယ်လို့ ကုန်သည်အချို့က သုံးသပ်ပြောဆိုပါတယ်။ “ ရှမ်းမြောက်က ငရုတ် တင်ပို့တဲ့ အဓိက သွားလာနေတဲ့ လမ်းကြောင်းပါ၊ တရုတ်နဲ့ ရှမ်း၊ မန္တလေး၊ ဝမ်းတွင်း တို့ ဆက်နေတာ အခုက အဲ့လမ်းကြောင်းတွေ က သိပ် အဆင်မပြေသေးဘူး။ အခုက စျေးကွက်မှာ အဝင်နည်းသွားတဲ့ ကုန်စိမ်းတွေက စျေးတက်နေတယ်။ အချို့ကုန်စိမ်းတွေဆို ထပ်မဝင်တော့တဲ့ အခြေအနေတွေ ရှိတယ် "ဟု ရှမ်းပြည်နယ် အောင်ပန်းမှ ကုန်သည်တစ်ဦးကပြောသည်။
ငရုတ်သီးနှံကို နှစ်စဉ် မိုးကြိုငရုတ်၊ မိုးရာသီငရုတ်နဲ့ ဆောင်းငရုတ်ဆိုပြီး တစ်နှစ်ပတ်လုံး စိုက်ပျိုးကြပြီး မိုးကြို ငရုတ်ကို မတ်လနဲ့ ဧပြီလတို့မှာ စိုက်ပျိုးကာ ဇွန်လတွင် စတင်ခူးဆွတ်လေ့ရှိ ပါတယ်။
လက်ရှိ စျေးကွက်တွင် ငရုတ်အပြင် အခြား အာလူး၊ ပန်းပွင့်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ မုံညှင်း နဲ့ ခရမ်းချဉ်သီးများလည်း စစျေးတက်ကာ အဝယ်လိုက်နေတယ်လို့ ကုန်သည်တွေထံ ကနေ သိရပါတယ်။
ဖိုးချဲ(AMIA)
Exclusive content for Htwet Toe
----------
မိုးလေဝသခန့်မှန်းချက်များ၊ သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


NewsFeed
Communities
Explore
Inbox
Me
Market Price