ရွှေဘိုပေါ်ဆန်းမွှေးဆန်နှင့် ဖျာပုံပေါ်ဆန်းမွှေးဆန်း ပျမ်းမျှဈေးနှုန်း သုံးသပ်ချက်
- ၂၀၂၄ ခုနှစ်၊ ရန်ကုန် (ဝါးတန်း)ဈေးကွက်ရှိ ရွှေဘိုပေါ်ဆန်းမွှေးဆန်နှင့် ဖျာပုံပေါ်ဆန်းမွှေးဆန်း ပျမ်းမျှဈေးနှုန်း သုံးသပ်ချက် - ၂၀၂၄ခုနှစ်၊ ရန်ကုန်(ဝါးတန်း)ဈေးကွက်ရှိ ပေါ်ဆန်းမွှေးဆန်(ရွှေဘို)နဲ့ ပေါ်ဆန်းမွှေးဆန်(ဖျာပုံ) ဈေးနှုန်း များကို လေ့လာသော် ရွှေဘိုပေါ်ဆန်းမွှေး တစ်တင်းခွဲအိတ်(၂၄ပြည်) တစ်အိတ်လျှင် ၁၄၀,၀၀ဝိ/-ကျပ်မှ ၁၅ဝ,၀၀ဝိ/-ကျပ်အထိ၊ ဖျာပုံပေါ်ဆန်းမွှေး တစ်တင်းခွဲအိတ်(၂၄ပြည်)တစ်အိတ်လျှင် ၁၁၀,၀၀ဝိ/-ကျပ်မှ ၁၂၅,၀၀ဝိ/-ကျပ်အထိ၊ အသီးသီးဈေး ပေါက်နေပါတယ်။ - ၂၀၂၄ ခုနှစ် လအလိုက်သုံးသပ်ခြင်း - ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအထိ ရွှေဘိုပေါ်ဆန်းမွှေး တစ်တင်းခွဲအိတ် (၂၄ပြည်)တစ်အိတ် ပျမ်းမျှဈေးနှုန်းများကို ပြန်ကြည့်ရင် ဇန်နဝါရီ၊ ဖေဖော်ဝါရီလများတွင် ၁၂၈,၇၅ဝိ/-ကျပ်၊ မတ်လတွင် ၁၃၅,၄၅ဝိ/- ကျပ်၊ ဧပြီလတွင် ၁၃၀,ဝ၀၀ိ/- ကျပ်၊ မေလတွင် ၁၃၉,၈၀၀ိ/- ကျပ်၊ ဇွန်လတွင် ၁၄၈,၇၈၁/- ကျပ်၊ ဇူလိုင်နဲ့ ဩဂုတ်လတွင် ၁၄၀,၀၀၀ိ/-ကျပ်၊ စက်တင်ဘာလတွင် ၁၄၃,၄၀ဝိ/-ကျပ်၊ အောက်တိုဘာလတွင် ၁၄၅,ဝ၀ဝိ/-ကျပ်ဖြင့် အသီးသီး ဈေးဖြစ်နေပါတယ်။ - ဖျာပုံပေါ်ဆန်းမွှေးမှာ ဇန်နဝါရီ၊ ဖေဖော်ဝါရီလများတွင် ၁၀၅,၀၀ဝိ/-ကျပ်၊ မတ်လတွင် ၁၁၀,၅၅ဝိ/- ကျပ်၊ ဧပြီလတွင် ၁ဝ၅,ဝ၀၀ိ/- ကျပ်၊ မေလတွင် ၁၁၆,၆၅၀ိ/- ကျပ်၊ ဇွန်လတွင် ၁၂၆,၄၉၈/- ကျပ်၊ ဇူလိုင်နဲ့ ဩဂုတ်လတွင် ၁၁၅,၀၀၀ိ/-ကျပ်၊ စက်တင်ဘာလတွင် ၁၁၆,၇၀ဝိ/-ကျပ်၊ အောက်တိုဘာလတွင် ၁၁၇,၅၀ဝိ/-ကျပ်ဖြင့် အသီးသီး ဈေးဖြစ်နေပါတယ်။ - စက်တင်ဘာလနဲ့ အောက်တိုဘာလ နှိုင်းယှဉ်ချက် - ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလနဲ့ အောက်တိုဘာလဈေးနှုန်းများကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ရွှေဘိုပေါ် ဆန်းမွှေး တစ်တင်းခွဲအိတ် (၂၄ပြည်)တစ်အိတ် ယခုလ ပျမ်းမျှဈေးနှုန်းမှာ ယခင်လထက် ၁,၆ဝဝိ/-ကျပ်တက် လာတာကို တွေ့ရပါတယ်။ ဖျာပုံပေါ်ဆန်းမွှေး ပျမ်းမျှဈေးနှုန်းမှာ ယခင်လထက် ၈ဝဝိ/-ကျပ်တက်လာ တာကို တွေ့ရပါတယ်။ - သုံးသပ်ချက် - နှစ်စ အသစ်ပေါ်ချိန်မှစ၍ ပေါ်ဆန်းမွှေးအမျိုးအစား (ရွှေဘို၊ ဖျာပုံ)နှစ်မျိုးလုံးရဲ့ ပျမ်းမျှဈေးနှုန်းဟာ တရိပ်ရိပ်တက်လာတာကို တွေ့ရပါတယ်။ ရင့်မှည့်ချိန်ဖြစ်နေခြင်းနဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ အဟောင်းလက်ကျန်နည်းခြင်းတွေကြောင့် ဖြစ်ပါတယ်။ - ဈေးကွက် ခန့်မှန်းချက် - ခန့်မှန်းချက်အနေဖြင့် ဆက်လက် မြင့်တက်နေမယ်လို့ သုံးသပ်မိပါတယ်။ ဈေးကွက်သို့ နယ်စုံမှ ဆန်သစ်များ ဝင်ရောက်မှုနည်းနေသေးခြင်းတို့ကြောင့် ဆက်လက်မြင့်တက်နိုင်ပါတယ်။ ကျေးဇူး တင်ပါတယ် ခင်ဗျာ။ - --------- - မိုးလေဝသခန့်မှန်းချက်များ၊ သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 
 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
