cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

အာဟာရပြည့်ဝသော ငါးစာပြုလုပ်ခြင်း

. Fish Articles
ပဲဖတ် ၅၀ ပိဿာ × အသားဓာတ် ၄၀ရာခိုင်နှုန်း = ၂၀ ပိဿာ အသားဓာတ်,

ဖွဲနု ၅၀ ပိဿာ × အသားဓာတ် ၁၀ရာခိုင်နှုန်း = ၅ ပိဿာ အသားဓာတ်
  • ငါးမွေးတောင်သူများသည် ငါးစာအဖြစ် ဖွဲနု၊ ပဲဖတ် နှင့် အစာတောင့်များကို ဝယ်ယူကျွေးမွေးနေကြပါသည်။ အရင်းအနှီး တတ်နိုင်သော ငါးမွေးတောင်သူများသည် စက်ရုံထုတ်အစာတောင့်ကို ဝယ်ယူကျွေးကြပါသည်။ စက်ရုံထုတ်အစာတောင့်သည် အာဟာရ တန်ဖိုးကောင်းမွန်သလို ဈေးလည်း အတော်ကြီးမြင့်ပါသည်။ ထို့ကြောင့် အချို့သော ငါးမွေးတောင်သူများသည် ဖွဲနုနှင့်ပဲဖတ်ကို သမာရိုးကျ ကျွေးမွေးကြပါသည်။ ငါးများပုံမှန် ကြီးထွားစေရန်အတွက် အစာတွင် အသားဓာတ်၊ အဆီ၊ ကာဗွန်ဟိုက်ဒရိတ်၊ စွမ်းအင်၊ ဗီတာမင်နှင့် အခြားဓာတ်များ လုံလောက်သော အာဟာရဓာတ် အဆင့်အတန်းအလိုက် ပါဝင်ရန် လိုအပ်ပါသည်။

    ဖွဲနုတွင် ပရိုတိန်း ၁၀မှ ၁၂ ရာခိုင်နှုန်းပါဝင်ပြီး၊ ပဲဖတ်တွင် ပရိုတိန်း ၄၀မှ ၄၅ရာခိုင်နှုန်းအထိ ပါဝင်ကြပါသည်။ ငါးများပုံမှန်ကြီးထွားစေရန်အတွက် ပရိုတိန်း အနည်းဆုံး ၂၅ ရာခိုင်နှုန်း လိုအပ်ပါသည်။ ထို့ကြောင့် ဖွဲနုနှင့် ပဲဖတ်ရောနှောပြီး ပရိုတိန်း ၂၅ ရာခိုင်နှုန်း ပါဝင်သော အစာ(စပ်စာ) ပြုလုပ်နည်းများအား တင်ပြအပ်ပါသည်။ အစာ စပ်ရာတွင် ပရိုတိန်း ၂၅ရာခိုင်နှုန်း ပါဝင်ရမည်ဖြစ်သဖြင့် အသားဓာတ် ၄၀ ရာခိုင်နှုန်း ပါဝင်သော ပဲဖတ်နှင့် အသားဓာတ် ၁၀ ရာခိုင်နှုန်း ပါဝင်သော ဖွဲနု ကို အောက်ပါအတိုင်း ဆောင်ရွက်နိုင်ပါသည်။

    ၁။ စတုရန်းကွက် တစ်ခုကို ဆွဲပါ။

    ၂။ လိုအပ်သော အသားဓါတ် (၂၅)ရာခိုင်နှုန်းကို စတုရန်းကွက် အလယ်တည့်တည့်တွင် ထည့်သွင်းရေးသားပါ။

    ၃။ ပဲဖတ်အသားဓာတ် ၄၀ ရာခိုင်နှုန်းကို စတုရန်ကွက်၏ ဘယ်ဘက်တွင်လည်းကောင်း၊ ဖွဲနုအသားဓာတ် ၁၀ ရာခိုင်နှုန်းကို စတုရန်းကွက်၏ ဘယ်ဘက်အောက်ဖက်တွင်လည်းကောင်း ရေးသားပါ။

    ၄။ ပဲဖတ် အသားဓာတ် ၄၀ ရာခိုင်နှုန်းနှင့် အစာအတွက်လိုအပ်သော ၂၅ ရာခိုင်နှုန်း၏ ခြားနားချက်ကို ရှာပါ။ ပြီးနောက် ခြားနားချက်ရလဒ်ကို စတုရန်းကွက်၏ညာဘက် အောက်ခြေတွင် ရေးသားပါ။ ဖွဲနုတွင် ပါဝင်သောအသားဓါတ် ၁၀ရာခိုင်နှုန်းနှင့် အစာအတွက် လိုအပ်ချက် ၂၅ရာခိုင်နှုန်း၏ ခြားနားချက်ရလဒ်ကို စတုရန်ကွက်၏ ညာဘက် အထက်တွင် ရေးသားပါ။ (အပေါင်း အနှုတ် အနဲအများကို အရင် စဉ်းစားပါနှင့်)

    ၅။ ထို့နောက် အထက်ဖော်ပြပါ ရလဒ် နှစ်ခုကို ပေါင်းပါ။ (၃၀)ရရှိပါမည်။ အသားဓာတ် ၂၅ရာခိုင်နှုန်းရှိသော အစာအတွက် ပဲဖတ် (၁၅) ဆ နှင့် ဖွဲနု (၁၅) ဆ ရောစပ်ရပါမည်။ သို့မဟုတ် ပဲဖတ် ၅၀ ရာခိုင်နှုန်း နှင့် ဖွဲနု ၅၀ ရာခိုင်နှုန်း ရောစပ်ရပါမည်။

    ၆။ စပ်စာ ပိဿာ (၁၀၀)တွင် အသားဓာတ်ပရိုတိန်းပါဝင်မှုကို အောက်ပါအတိုင်း တွက်ချက်နိုင်ပါသည်။

    ပဲဖတ် ၅၀ ပိဿာ × အသားဓာတ် ၄၀ရာခိုင်နှုန်း = ၂၀ ပိဿာ အသားဓာတ်

    ဖွဲနု ၅၀ ပိဿာ × အသားဓာတ် ၁၀ရာခိုင်နှုန်း = ၅ ပိဿာ အသားဓာတ်

    ဦးဆန်းအောင်

    ထွက်တိုး

    --------

    မိုးလေဝသခန့်မှန်းချက်များ၊ သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes
6
comments
0
views
2090