cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ကြက်သွန် အထွက်ကောင်းစေရန် အချိန်ကိုက် မြေဆီကျွေးခြင်းနှင့် ရေသွင်းခြင်း

. Cultivation Methods
ပြောင်းရွှေ့စိုက်ပြီး ၂၅-၃၀ ရက်အကြာတွင် စိုက်ခင်းတွင် အစိုဓါတ် လုံလောက်မှုရှိစေရန် ရေသွင်းပေးရမည်။
  • ရေသွင်းခြင်း

    ကြက်သွန်စိုက်ပျိုးသည့်ရာသီတစ်လျှောက်လုံးတွင် အစိုဓါတ် အညီအမျှရရှိရန် အရေးကြီးသည်။ ရေမြောင်း ဖော်၍လည်း ရေသွင်းပေးနိုင်ပါတယ်။ သဲအနည်းငယ်ဆန်သော မြေတွင် ရေကိုအပေါ်မှ အစက်ချ စနစ်ဖြင့်လည်း ဖြန်းပေးနိုင်သည်။ ပြောင်းရွှေ့စိုက်ပြီး ၂၅-၃၀ ရက်အကြာတွင် စိုက်ခင်းတွင် အစိုဓါတ် လုံလောက်မှုရှိစေရန် ရေသွင်းပေးရမည်။

    မြေအမျိုးအစားနှင့် ရာသီဥတုပေါ် မူတည်၍ ရေသွင်းသည့် အကြိမ်တူမည် မဟုတ်ပေ။ ကြက်သွန်ခင်းသည် မစိုလွန်း၊ မခြောက်လွန်းသော အခြေအနေတွင် အမြဲရှိရန် လိုအပ်သည်။ ရေသွင်းချိန်ရောက် မရောက်ကို ကြက်သွန်ပင်များ၏ အခြေအနေကို ကြည့်၍ အကဲခတ်နိုင်သည်။ ရေကို မလိုပဲ ရေသွင်းက ရောဂါကျတတ်သည်။ ကြက်သွန်ရေငတ်ပါက အရွက်များ ပြာမှိုင်းပြီး နွမ်းခွေလာသည်။ ရေလိုအပ်မှုများပါက ဥခွခြင်း၊ မရင့်မီ အနှံထွက်လာတတ်သည်။ မြေ အလွန်ခြောက်အောင်ထားပြီးမှ ရေသွင်းက ကြက်သွန်၏ အခွံ အက်ကွဲတတ်သည်။ မြေအစိုဓါတ်ရှိနေစေရန် အခြေအနေကြည့်ပြီး ၅ရက်တစ်ကြိမ်၊ ၇ ရက်တစ်ကြိမ် သွင်းပေးလို့လည်းရပါတယ်။ မိုးရွာပြီးလို့ မြေအစိုဓါတ်ရှိနေရင်လည်း ရေသွင်းဖို့မလိုအပ်ပါဘူး။ အရွက်များ စတင် ကျလာချိန်တွင် ရေသွင်းခြင်းကို လုံးဝ ရပ်လိုက်ပြီး ကြက်သွန် အမြိတ်များကို လုံးဝ ရပ်လိုက်ပြီး ကြက်သွန် အမြိတ်များကို စုစည်း ချည်နှောင်ပေးခြင်း၊ ဆံမြိတ် ထုံးပေးခြင်းကို ပြုလုပ်ရမည်။ မတူးခင် ရေကို ၁၀ရက် ကြိုဖြတ် ထားရမည်။ ရေမဖြတ်ပါက အခွံပါးပြီး အထားမခံပါ။

    မြေသြဇာနှုန်းထား

    ကြက်သွန် စိုက်ပျိုးသော မြေအခြေအနေပေါ် မူတည်၍ မြေသြဇာ အသုံးပြုမှု ကွာခြားသည်။ မြေမပြင်မီတွင် နွားချေး(၁၅-၂၀)စီး တစ်ဧကနှုန်းချပေးပါ။ သဲမြေတွင် နွားချေး ပိုသုံးရမည်။

    ယေဘူယျအားဖြင့် တစ်ဧက အတွက် လိုအပ်သော မြေသြဇာမှာ - ယူရီးယား - ၂အိတ်၊ တီစူပါ - ၁အိတ်၊ ပိုတက်ရှ် - ၁အိတ်၊ ယူရီးယား ဓာတ်မြေသြဇာက ပျိုးပင်များ ပြောင်းစိုက်ချိန်တွင် တစ်ဝက် ထည့်သွင်းပြီး ကျန်တစ်ဝက်ကိုစိုက်ပြီး တစ်လကြာတွင် ထည့်ပေးရမည်။ ဓာတ်မြေသြဇာသုံးစွဲကြပါက အရွက် ၄ရွက်ထွက်ချိန်၊ အရွက် ၅-၇ ရွက်ထွက်ချိန်၊ ခေါင်းတည်ချိန် တို့တွင် သုံးပေးသင့်သည်။ အပင်ရွှေ့ပြောင်းစိုက်ပျိုးပြီးသည့် အခါ ပေါင်းနှိမ်နင်းပြီးသည့် အချိန်တွင် ၂၅ ကီလိုဂရမ် ယူရီးယားအိတ်ဝက်ကို ထည့်သွင်းအသုံးပြုရမည်။ စိုက်ပြီး ၁လ အကြာ အချိန်၌ ၂၅ ကီလိုဂရမ် ဝင်သောယူရီးယားအိတ်ဝက်ကို ထပ်ထည့်ပေးရမည်။ စိုက်ခင်းကို မြေသြဇာကျွေးသည့်အခါ ကြဲပတ်ခြင်း (သို့) အပင်၏ဘေးပတ်ပတ်လည် ၅-၁၀ စင်တီမီတာ အကွာတွင် မြေသြဇာ ထည့်ကျွေးခြင်း တို့ပြုလုပ်နိုင်သည်။ သီးနှံစိုက်သည့် အချိန်တွင် နိုက်ထရိုဂျင် ဓါတ်မြေသြဇာကို ရေသွင်းသည့်အခါ တစ်ခါတည်းထည့်၍ တစ်ကြိမ် (သို့) နှစ်ကြိမ် ထည့်ကျွေးနိုင်သည်။

    ထွက်တိုး

    ---------

    စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752

    ထွက်တိုးတောင်သူအကြံပေးဖုန်း - ၀၉၉၇၇၉၁၀၀၀၀

    ထွက်တိုးရယူရန်_ https://htwettoe.com/download

    ထွက်တိုး တယ်လီဂရမ်_ https://t.me/htwettoe

    ထွက်တိုး viber _ https://shorturl.at/hkYFX


  • article
  • article
  • article
  • article
  • article
likes
18
comments
0
views
3666