cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

တရုတ်၀ယ်လိုအားကောင်းလို့ ကြောင်ပန်းပင်စေ့တွေအရောင်းသွက်နေ

. Market News
အပူပိုင်းဒေသ သဲချောင်းအနီး၀န်းကျင်နဲ့ မြစ်ကမ်းစပ်တွေမှာအများအပြားပေါက်ပြီး သဲဆန်တဲ့မြေမှာ ပိုပြီးရှင်သန်မှုအားကောင်းတယ်လို့ သိရပါတယ်။
  • အညာဒေသမှာအလေ့ကျပေါက်တဲ့၊ ကြောင်ပန်းပင်ကနေထွက်ရှိတဲ့အစေ့တွေကို၊ တရုတ်နိုင်ငံဘက်က၀ယ်လို အားကောင်းနေတာကြောင့် မန္တလေးစျေးကွက်ထဲအရောင်းအ၀ယ်သွက်နေတယ်လို့ သိရပါတယ်။

    “တရုတ်၀ယ်လက်က ရသလောက်အကုန်လိုက်၀ယ်နေတော့၊ စျေးကွက်ထဲတအားကိုအရောင်းသွက်နေတယ်၊ စျေးလည်းကောင်းတယ်ဗျ” လို့ မန္တလေးစျေးချိုအနောက်ဘက် သကျသီဟ ဘုရားအနီးပွဲရုံတန်းမှ ပွဲရုံပိုင်ရှင်တစ်ဦးကပြောပါတယ်။

    တစ်ပိဿာကို ငွေကျပ် ၃၀၀၀၀ နဲ့အထက်စျေးပေး၀ယ်ယူနေတာတွေရှိနေပြီး ကုန်ရရှိမှုအနည်းအများအလိုက် စျေးနှုန်းအတက်အကျရှိတယ်လို့လည်း သိရပါတယ်။

    “ဒီရက်ထဲအရောင်းပိုသွက်တယ်၊ ကုန်အ၀င်ပေါ်မူတည်ပြီးစျေးနှုန်းအပြောင်းအလဲတော့ရှိတာပေါ့လေ၊ စျေးကတော့ တစ်ပိဿာကို ၃၀၀၀၀/၃၀၀၀၀ နဲ့အထက်ရှိတယ်” လို့ မန္တလေးမြို့ခံကုန်သည်တစ်ဦးကလည်း ပြောပါတယ်။

    ကြောင်ပန်းပင်တွေဟာ အညာဒေသမှာ မစိုက်ပျိုးရဘဲသဘာ၀အလျောက် အလေ့ကျပေါက်တဲ့ အပင် အမျိုးအစားဖြစ်ပြီး၊ အခုနောက်ပိုင်းမှာတော့ မန္တလေးတိုင်းဒေသကြီး တံတားဦးနဲ့နွားထိုးကြီးမြို့နယ်တို့မှာ ရေသွင်းပြီး စမ်းသပ်စိုက်ပျိုးနေတာတွေလည်းရှိနေပါတယ်။

    အပူပိုင်းဒေသ သဲချောင်းအနီး၀န်းကျင်နဲ့ မြစ်ကမ်းစပ်တွေမှာအများအပြားပေါက်ပြီး သဲဆန်တဲ့မြေမှာ ပိုပြီးရှင်သန်မှုအားကောင်းတယ်လို့ သိရပါတယ်။

    အပင်အမြင့်က လူတစ်ရပ်လောက်ရှိပြီး၊ အစေ့ကိုခူးဆွတ်ရောင်းချရတဲ့အပင်အမျိုးအစားဖြစ်ကြောင်း၊ ဝါဆိုဝါခေါင်နှစ်လမှာအသီးစထွက်ပြီး၊ အစေ့ကိုထုတ်ယူအခြောက်လှမ်းပြီးရောင်းချတာဖြစ်ကြောင်း၊ ကြောင်ပန်းစေ့ကို တိုးတက်ပြီးသားနိုင်ငံတွေမှာ နည်းပညာနဲ့ပေါင်းစပ်ပြီး၊ ဆေးဝါးနဲ့အလှကုန်ပစ္စည်းထုတ်လုပ်တဲ့ လုပ်ငန်းတွေမှာ အသုံးပြုကြောင်း၊ လွန်ခဲ့တဲ့ဆယ်စုနှစ်လောက်ကတည်းက တရုတ်နိုင်ငံစျေးကွက်ထဲစမ်းသပ်တင်ပို့ရာမှ စျေးကွက်အခိုင်အမာရရှိခဲ့တာဖြစ်ကြောင်း စသဖြင့်လည်း သိရပါတယ်။

    လက်ရှိမှာတော့ မန္တလေးစျေးကွက်ထဲကို မကွေး၊ မင်းဘူး၊ စလင်း၊ စကု၊ ရေနံချောင်း၊ ချောက်၊ ပုပ္ပါး၊ ကျောက် ပန်းတောင်း၊ မြင်းခြံ၊ တောင်သာ၊ မြစ်သား၊ မိတ္ထီလာ၊ မုံရွာနဲ့အောင်ပန်းမြို့တို့ကနေ ကုန်ပစ္စည်း ၀င်ရောက်နေ တာပါ။

    အောင်အောင်

    Opinion Leaders မှ ကူးယူဖော်ပြပါသည်။

    ----------

    မိုးလေဝသခန့်မှန်းချက်များ၊ သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes
7
comments
1
views
999